ယနေ့အချိန်အထိ ပေါင်ဒါကို စွဲစွဲလမ်းလမ်း အသုံးပြုနေကြခြင်းရဲ့ အကြောင်းအရင်းများ
lifestylemyanmar.com
|
2022-12-18

ရာသီဥတုက သင့်အရေပြားကို ထိခိုက်ပျက်စီးစေတဲ့ အဓိကတရားခံပါပဲ။ သင်ရော နေရောင်အောက်မှာ အသွားအလာများတဲ့အခါ အသားအရေခြောက်ခြင်း၊ အသားအရေ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းနဲ့ နေလောင်ဒဏ်ကို ခံစားနေရပါသလား။ ပေါင်ဒါကို လိမ်းပြီးတော့ နေလောင်ဒဏ်တွေ ကာကွယ်ပြီး အသားအရည်ထိန်းသိမ်းနိုင်တယ်ဆိုတာကို သင်သိပါသလား။

ပေါင်ဒါက ချွေးနံ့သက်သာစေခြင်းက ပေါင်ဒါရဲ့အဓိကအားသားချက်ပါပဲ။ ဒါ့ကြောင့် လူတော်တော်များများက ပေါင်ဒါကို ယနေ့အချိန်အထိ စွဲစွဲလမ်းလမ်းအသုံးပြုနေကြတုန်းပါပဲ။ ပေါင်ဒါသုံးလို့ ဘယ်လိုအကျိုးကျေးဇူးလေးတွေ ရနိုင်သလဲ ဆိုတာကို ဆက်ဖတ်ကြည့်ရအောင်။

၁။ စိုထိုင်းဆနဲ့ ချွေးတွေကို စုပ်ယူပေးတယ်

ပေါင်ဒါသုံးခြင်းက ချွေးနဲ့ စိုထိုင်းမှုတွေကို စုပ်ယူပေးတာကတော့ အကောင်းဆုံးအကျိုးကျေးဇူးပါပဲ။ ရေချိုးပြီးတဲ့နောက်မှာ ပေါင်ဒါလိမ်းလိုက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ပေါင်ဒါနံ့လေးက စိမ့်ဝင်သွားမှာပါ။ နွေရာသီမှာ ကမ်းခြေသွားပြီး ရှိုးထုတ်ချင်ပေမယ့် ချွေးထုတ်ခန်းထဲက ထွက်လာသလို ချွေးဒီးဒီးကျနေပါသလား၊ အဲ့ဒီချွေးတွေ စုပ်သွားဖို့ ပေါင်ဒါလိမ်းပေးလိုက်ရင် ကမ်းခြေမှာ အပြတ်လန်းနိုင်ပါပြီ။


၂။ အမည်းစက်တွေ ရန်က ကာကွယ်ပေးတယ်

သင့်အရေပြားက လိုတာထက်ပိုပြီး ချွေးနဲ့အဆီတွေထုတ်တဲ့အခါ အရေပြားမှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ရောပြီး အမည်းစက်တွေ ဖြစ်ပေါ်လာပါတော့တယ်။ စိုစွတ်တဲ့ပတ်ဝန်းကျင်၊ စိုစွတ်တဲ့အရေပြားပေါ်မှာဆိုရင် ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားနိုင်ပါတယ်။ ဒါ့ကြောင့် ပေါင်ဒါလိမ်းပေးမယ်ဆိုရင် အရေပြားမှာ စိုထိုင်းမှုတွေ စုပုံနေခြင်းကို တားဆီးပေးပြီး အမည်းစက်ဖြစ်ပေါ်မှုကို တားဆီးနိုင်ပါတယ်။

၃။ Dry Shampoo အနေနဲ့ လည်း အသုံးပြုနိုင်ပါသေးတယ်

နွေရာသီမှာဆိုရင် ဦးရေပြားကအဆီပြန်မှုပိုများပြီး ဆံသားတွေက စေးကပ်ကပ်ဖြစ်နေတတ်ပါတယ်။ အရေးတကြီးသွားစရာကလည်း ပေါ်လာတယ်၊ ခေါင်းလျှော်ဖို့အချိန်မရဘူးဆိုရင် သင့်ခေါင်းဘီးပေါ်ကို ပေါင်ဒါမှုန့်လေးဖြူးပေးပြီး ဆံပင်အရင်းကနေ အဖျားအထိ ဖြီးလိမ်းလိုက်ပါ။ ခေါင်းလျှော်ထားသလိုပဲ လန်းဆန်းနေစေပြီး အနံ့လေးမွှေးသွားအောင် ပြုလုပ်ပေးပါလိမ့်မယ်။


၄။ ဘက်စုံအသုံးဝင်တယ်

ပေါင်ဒါက အစိုဓာတ်ကို စုပ်ယူထားရုံအပြင် သင့်အရေပြားပေါ်က ဘက်တီးရီးယားများကို ထိန်းသိမ်းထားရုံတင်မကဘူး သင့်ပတ်ဝန်းကျင်ကိုလည်း မွှေးပျံ့နေအောင် ပြုလုပ်ပေးပါတယ်။ သင့်အိပ်ရာလေးကို မွှေးပျံ့နေချင်တယ်ဆိုရင်တော့ မနက်ခင်းအိပ်ရာသိမ်းဆည်းပြီးတာနဲ့ ပေါင်ဒါမှုန့်လေးဖြူးထားလိုက်ပါ။ ရှူးဖိနပ်တွေ အနံ့အသက်ကောင်းစေချင်ရင်လည်း ဖိနပ်ထဲကို ပေါင်ဒါမှုန့်ဖြူးပေးပါ။ ကားထဲမှာ အနံ့အသက်မွှေးနေအောင်လည်း ပေါင်ဒါနဲ့ အသုံးပြုနိုင်ပါတယ်။

Lifestyle_Myanmar

ref-timesofindia


#အကျိုးကျေးဇူး
#နွေရာသီ
#အရေပြား
#အချိန်
#Dryshampoo

Some text some message..