
မိန်းကလေးတိုင်း အရွယ်ရောက်ပြီဆိုတာနဲ့မလွဲမသွေကြုံရမှာက ရာသီလာခြင်းပါပဲ။ ရာသီလာတာကို ရှောင်လွှဲလို့ မရဘူးဆိုမှတော့အကောင်းဆုံး ဖြစ်အောင် လက်ခံဖို့ပဲ ရှိပါတော့တယ်။ မိန်းကလေးအများစုဟာရာသီလာနေချိန်မှာ စိတ်ပင်ပန်းကြပါတယ်။ အဲဒီအချိန်ဆို အလိုလိုစိတ်မကြည်တော့ပါဘူး။ တစ်လတစ်ခါ Period ဖြစ်ချိန်မှာစိတ်ညစ်လွယ်တဲ့အတွက် ကိုယ့်ကိုယ်ကို ပိုပြီး ဂရုစိုက်သင့်သလို ကိုယ့်စိတ်ကိုယ်အလိုလိုက်ပြီး ကိုယ်လုပ်ချင်တာလေးတွေ လုပ်ပြီး ဇိမ်ကျကျနေသင့်ပါတယ်။ Periodဖြစ်ချိန်မှာ ကိုယ့်ကိုယ်ကိုဘယ်လို ဂရုစိုက်မလဲ ဆိုတာလေးကိုဝေမျှပေးလိုက်ပါတယ်။
1. အားဆေးသောက်ပါ။

သွေးအားကောင်းဆေးတွေသောက်ပါ။အာဟာရပြည့်အောင်စားပါ။ ကိုယ်က အားနည်းလာတာနဲ့ စိတ်က အလိုလို နေရခက်လာပါတယ်။နေ့စဉ်ပုံမှန်အတိုင်း အချိန်မှန်အိပ် ၊ အချိန်မှန်စားဖို့လိုအပ်ပါတယ်။
2. ကိုယ်ကြိုက်တဲ့Series လေးတွေကြည့်ပါ။

ဒီအချိန်မှာကြည့်ဖို့ဇာတ်ကားတွေစုထားပါ။ တစ်ခုခုတွေးမိတော့မယ်ဆိုရင် ဒီကားတွေကြည့်ပါ။ တစ်ခြား ဇာတ်ကားတွေကြည့်ရင်လည်း စိတ်ပေါ့ပေါ့လေးဖြစ်ဖို့ ကြိုးစားကြည့်ပါ။
3. ရေနွေးအိတ်ကပ်ပေးပါ။

နာကျင်ကိုက်ခဲတဲ့အခါဝမ်းဗိုက်နေရာကိုရေနွေးအိတ်ကပ်ကပ်ပေးရင် နာကျင်ကိုက်ခဲတာကို လျော့ပါး သက်သာစေမှာ ဖြစ်ပါတယ်။ရေနွေးနဲ့ ရေချိုးပေးလည်းရပါတယ်။ အပူက ကြွက်သားတွေကို ပြေလျော့ စေနိုင်ပါတယ်။
4. အစားအသောက်သတိထားပါ။

အဆီများတဲ့အစားအစာတွေ၊အရက်သေစာ၊ အချိုရည်တွေ၊ ကဖင်းဓာတ်နဲ့ ဆားပါဝင်မှုများတဲ့ အစားအစာတွေက ရာသီလာစဉ်မှာဗိုက်ပွစေနိုင်တာကြောင့် ရှောင်ကြဉ်ဖို့လိုပါမယ်။
5. လေ့ကျင့်ခန်းလုပ်ပေးပါ။

ရာသီလာစဉ်နာကျင်ကိုက်ခဲတဲ့အခါသိပ်မပြင်းထန်တဲ့ လေ့ကျင့်ခန်းကို လုပ်ပေးပါ။လမ်းဖြည်းဖြည်း လျှောက်တာမျိုး လုပ်ပေးလဲ ရပါတယ်။ ဒီလိုလုပ်ပေးတာက သွေးစီးဆင်းမှုကိုကောင်းမွန်နိုင်စေပြီး Endorphin ဟော်မုန်းထွက်ရှိစေနိုင်တာကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲတာကိုသက်သာစေနိုင်ပါတယ်။