ပြီးပြည့်စုံတဲ့ကမ်းခြေခရီးစဥ်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့အရာများ
mystylemyanmar.com
|
2022-12-31

နှစ်ကုန်အားလပ်ရက်အချိန်လည်း ရောက်ပြီဆိုတော့ ပျိုမဒီတို့ရေ… ခရီးသွားဖို့ အထုတ်အပိုးတွေ ပြင်နေကြပြီလား? ခရီးသွားဖို့ အထုတ်အပိုင်းပြင်တဲ့အခါ လိုမယ်ထင်တာတွေ ထည့်ကြပေမယ့်လည်း  တစ်ခု မဟုတ်တခုတော့ အမြဲမေ့တတ်ကြာတာ အမှန်ဘဲနော်။ ဒါကြောင့် ကမ်းခြေကို ခရီးသွားမယ့် ပျိုမဒီလေးတွေအတွက် မဖြစ်မနေသယ်သွားဖို့ လိုအပ်တဲ့ အရာလေးတွေကို ‌ဖော်ပြပေးလိုက်ပါတယ်။

Swimwear



ကမ်းခြေအတွက် အဝတ်အစားထည့်တဲ့အခါ မဖြစ်မနေပါသင့်တာက ရေကူးဝတ်စုံပါ။ ကမ်းခြေမှာ ရက်အတော်ကြာကြာနေမယ်ဆိုရင်တော့ ဓာတ်ပုံရိုက်တဲ့အခါ မထပ်အောင်လို့ ၂ စုံ ၃ စုံလောက်တော့ လိုအပ်မယ် ထင်ပါတယ်နော်။

Sunscreen


အရေးကြီးဆုံးဖြစ်တဲ့ Sunscreen ကို မမေ့ပါနဲ့။ တိမ်ထူသည်ဖြစ်စေ၊ မပူသည်ဖြစ်စေ အရေးမကြီးပါဘူး၊ အသားအရေကို မထိခိုက်စေဖို့ Sunscreenကို အမြဲလိမ်းပေးသင့်ပါတယ်။အကောင်းဆုံးကတော့ အပြင်မထွက်ခင် လိမ်းပေးပါ။၊ ရေကူးပြီးရင်လည်း ပုံမှန်ပြန်လိမ်းပေးပါ။

Aftersun Lotion


Aftersun Lotion ကလည်း Sunscreen လိုဘဲ အရေးကြီးပါတယ်။ အထူးသဖြင့် နေပူထဲထွက်မယ့်ရက်တွေမှာ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး သက်သာရာရစေဖို့  Aftersun Lotion ကို သေချာလိမ်းပေးပါ။

Sunglasses


ခရမ်းလွန်ရောင်ခြည်ကနေ မျက်လုံးကို ကာကွယ်ဖို့ မမေ့ပါနဲ့။ အပြင်ကိုသွားမယ့်အချိန်တိုင်း နေကာမျက်မှန် တပ်ဖို့ လိုအပ်ပါတယ်။

Hat


ဆောင်သွားရမယ့် နောက်ထပ်တစ်ခုကတော့ ဦးထုပ်ပါ။ ကောက်ရိုးဦးထုပ်၊ ရေပုံးဦးထုပ် စသဖြင့် ဘယ်လိုဦးထုပ်ကိုဘဲရွေးရွေး လေတိုက်ရင် လွင့်မသွားဖို့ သေချာအောင် ရွေးပါ။

Beach Towel


နောက်ထပ် မရှိမဖြစ်ဆောင်ထားရမည့်အရာက ကမ်းခြေပုဝါပါ။ ရွေးချယ်စရာတွေအများကြီးရှိပေမယ့် အကောင်းဆုံးကတော့ ရေကို စုပ်ယူနိုင်ရုံသာမက ခြောက်သွေ့မြန်တာမျိုးပါ။

Flip Flops



ညှပ်ဖိနပ်တွေက ကမ်းခြေမှာ ဒါမှမဟုတ် ရေချိုးတဲ့အခါမှာ အရမ်းအဆင်ပြေပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့  သန့်ရှင်းရလွယ်ကူပြီး အခြောက်မြန်တာမလို့ပါ။

ရေစိုခံဖုန်းအိတ်


ကမ်းခြေမှာ ရေဆော့တဲ့အချိန် ဓာတ်ပုံရိုက်ဖို့နဲ့ သဲသောင်ပြင်မှာ ဖုန်းလေးသုံးရင်း အနားယူတဲ့အချိန်မျိုးတွေမှာ  ဖုန်းက သေချာပေါက်လိုအပ်ပါတယ်နော် ။ ဒါပေမယ့်လည်း ပင်လယ်ရေနဲ့သဲတွေ ဖုန်းထဲမဝင်ဖို့ကလည်း အရေးကြီးပါသေးတယ်။ ဒါကြောင့်မလို့ ရေစိုခံပြီး သဲလည်းလုံတဲ့ ဖုန်းအိတ်တစ်လုံးကတော့ မဖြစ်မနေ လိုအပ် ပါတယ်နော်။

Underwater Digital Camera


လက်ကိုင်ဖုန်းကို ယူလာသူတိုင်း ကမ်းခြေမှာ ဓာတ်ပုံရိုက်လို့ရပေမယ့် ရေထဲမှာနဲ့ ရေအောက်မှာပါ ရိုက်ချင်တဲ့ ပျိုမဒီတို့အတွက်ကတော့ ရိုးရိုးဖုန်းနဲ့အဆင်မပြေတာမလို့ ရေစိမ်ခံ နိုင်ပြီး ရေထဲနဲ့ ရေအောက်မှာပါ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေရိုက်နိုင်တဲ့ Underwater Digital Camera တစ်လုံးတော့ ကောင်းကောင်းလိုအပ်ပါတယ်။


#Lotion
#မျက်မှန်
#ကမ်းခြေ
#ဓာတ်ပုံ
#အချိန်

Some text some message..