ဘာကြောင့် Gym ကစားသင့်တာလဲ
mmload.com
|
2023-01-03

အခုခေတ်မှာGym ကို ယောင်္ကျားလေးရော မိန်းကလေးတွေပါ ကစားလာကြပါပြီ။ Gym ကစားတာက ကျန်းမာရေးအနေနဲ့ရောအလှအပရေးရာအတွက်ပါ အရမ်းကောင်းမွန်ပါတယ်။ ဒါ့အပြင် Gym ကစားရင် ဒီလို အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

ခန္ဓာကိုယ်ကျစ်လစ်ပြီးလှပသွားမယ်

ခန္ဓာကိုယ်အချိုးအစားမလှတဲ့သူတွေဆိုလည်းGym ဆော့ရင် ခန္ဓာကိုယ်ကျစ်လစ်သွားမယ်။ ဝတဲ့သူဆိုရင်လည်း သွယ်လျသွားမယ် ပိန်တဲ့သူဆိုရင်လည်းအချိုးအစားနဲ့ လှပကျစ်လစ်သွားမယ်။


အဆီပိုတွေလျော့သွားမယ်

ဝတဲ့သူတွေGym ဆော့ရင် ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီပိုတွေလျော့ကျပြီး ဝိတ်ကျလာမယ်။ အစာမစားပဲဝိတ်လျော့တာထက်Gym ဆော့ပြီး ဝိတ်လျော့တာက ကျန်းမာရေးအတွက် ပိုကောင်းတယ်။

အသားအရေလှပလာမယ်

Gym ဆော့ရင်ချွေးထွက်တဲ့အတွက် အပူအပုပ်ကင်းပြီး အသားအရေကြည်လာပါတယ်။ ချွေးထွက်လွန်တာမျိုးမဖြစ်အောင်ရေတော့ ခဏခဏသောက်ပေးပါ။ ဒီတော့ ချွေးလည်းထွက်၊ ရေများများသောက်တော့ အသားအရေကြည်ပြီးလှလာတာပေါ့။


စိတ်ဖိစီးမှုတွေလျော့ကျလာမယ်

Gym ဆော့ပေးခြင်းကစိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ သက်လုံကောင်းပြီး အမောလည်း ခံနိုင်လာပါတယ်။

ဒီတော့Gym ပုံမှန်ကစားပေးရင် စိတ်ကျန်းမာကိုယ်ကျန်းမာနဲ့ လှပစေလာမှာပေါ့။



#ကျန်းမာရေး
#ခန္ဓာကိုယ်
#စိတ်ဖိစီးမှု
#မိန်းကလေး
#Gym

Some text some message..