ညစ်ပတ်နေတဲ့ဖိနပ်အဖြူကို အသစ်လိုလေးဖြူသွားစေဖို့ နည်းလမ်း ( ၆ ) ချက်
mystylemyanmar.com
|
2023-01-11

မင်္ဂလာပါ….. ပျိုမဒီတို့ရေ….. ဖိနပ်အဖြူလေးတွေဆိုတာ ဝတ်စုံတိုင်းနဲ့ လိုက်ဖက်ပြီး ဖက်ရှင်အတွက်လည်း ဘယ်တော့မှရိုးမသွားပါဘူးနော်။ ဒါပေမယ့် စိတ်ညစ်စရာက  စီးတာ နည်းနည်းကြာလာတာနဲ့ အရောင်က ညစ်ထေးထေးဖြစ်လာတာ အပေအတေမခံတာဘဲနော်။

ကြိုတင်ကာကွယ်တာက ဖြစ်လာမှ ကုသခြင်းထက် အမြဲကောင်းမွန်တာမလို့ ဖိနပ်အဖြူကို သန့်ရှင်းအောင်ထားဖို့ အကောင်းဆုံးအရာက အိမ်ပြန်ရောက်တာနဲ့ အစွန်းအထင်းတွေကို သန့်ရှင်းရေးလုပ်ဖို့ပါပဲ။ ဒါကြောင့် အဖြူရောင်ဖိနပ်တွေကို အချိန်တိုအတွင်း အသစ်လိုပြန်ဖြစ်စေဖို့ နည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။

Baking soda And Detergent


Baking soda နဲ့  Detergent ကို  1:15 ရောမွှေပြီး ဖိနပ်ပေါ်သို့ သွားတိုက်တံဖြင့် ပွတ်တိုက်ပေးပါ။ ပြီးရင် စက် သို့ လက်နဲ့လျှော်ပေးပါ။ မလျှော်ခင် ကြိုးတွေနဲ့ Inner Soles တွေကို အရင်ဖယ်ထားလိုက်ပါ။

Magic Eraser


ဖိနပ်အဖြူတွေ အထူးသဖြင့် Converse လို Rubber Soles ပါတဲ့ ဖိနပ်ဖြူတွေ သန့်ရှင်းတဲ့အခါ  Magic Eraser ကို သုံးပြီးလည်း သန့်ရှင်းလို့ရပါသေးတယ်။ Magic Eraser ကို ရေလေးနဲနဲစွတ်ပြီး ပွတ်တိုက်ပေးပါ။

Baking soda And  Vinegar


Baking soda  ၁ ဇွန်း၊  Vinegar ၂ ဇွန်းနဲ့ ရေတစ်ခွက် ရောပြီး ဖိနပ်ကို သန့်ရှင်းသွားသည်အထိ အဝတ် သို့မဟုတ် သွားပွတ်တံအဟောင်းနဲ့ ပွတ်တိုက်ပေးပါ။ မိနစ် 30 လောက်ကြာပြီးရင်တော့ ရေနဲ့ဆေးပေးပါ။

Micellar Water


သန့်ရှင်းတဲ့အဝတ်တစ်ထည်ကို Micellar Water နည်းနည်းထည့်ပြီး ဖိနပ်ကို သေချာလေးပွတ်ပေးပါ။ သားရေ၊ ရော်ဘာတို့လို ဖိနပ်တွေကိုလည်း သန့်ရှင်းလို့ရပါသေးတယ်။

Toothpaste


သွားတိုက်ဆေးကို သွားတိုက်တံအဟောင်းတစ်ခုထဲ၊ ရေစွတ်ပြီး  ညစ်ပတ်တဲ့နေရာကို ပွတ်တိုက်ပေးပါ။ ပြီးရင် ရေစိုအဝတ်နဲ့ ထပ်သုတ်ပေးပါ။

Toilet Paper And Water


Canvas ဖိနပ်အဖြူတွေကို သန့်ရှင်းရေးလုပ်ပြီးပေမယ့် အဝါတွေကျန်နေတတ်ပါတယ်။ ဒါဆို အိမ်သာသုံးစက္ကူ တွေကို ရေစိမ်ပြီး ဖိနပ်တစ်ခုလုံးကို အုပ်ပေးပါ။ ၁၂ လောက်ကြာအောင်ထားပြီးမှ စက္ကူတွေကို ဖယ်လိုက်ပါ။ ဒါဆိုရင်တော့ သန့်ရှင်းနေတဲ့ ဖိနပ်အဖြူလေးဖြစ်သွားမှာပါ။


#သန့်ရှင်းရေး
#Vinegar
#Bakingsoda
#ပျိုမဒီ
#MagicEraser

Some text some message..