သင် ပိုင်ဆိုင်ထားတဲ့ စိတ်ဝိညာဉ်တိရစ္ဆာန်ကပြောတဲ့ သင့်ဗီဇအကြောင်း …
lotaya.mpt.com.mm
|
2023-01-19

လူတွေအားလုံးရဲ့ စိတ်ဝိညာဉ်ထဲမှာတိရစ္ဆာန်အကောင်လေးတွေရှိကြပါတယ်။ ဝိညာဉ်တိရစ္ဆာန်လို့လည်း ခေါ်ပါ သေးတယ်။ စိတ်ဝိညာဉ်တိရစ္ဆာန်တွေဟာ လျှောက်လှမ်းရတဲ့ လူ့ဘဝခရီးလမ်းမှာ သာယာဖြောင့်ဖြူး အောင် လမ်းပြပေးတယ်၊ ဘေးအန္တရာယ်တွေကနေလည်း ကာကွယ်ပေးတယ်။  လူတွေမှာရှိတဲ့ စိတ်ဝိညာဉ် တိရစ္ဆာန် အမျိုးအစား မတူညီတာကြောင့် လူတွေရဲ့ စိတ်နေစိတ်ထား အခြေခံစရိုက်လက္ခဏာတွေ မတူညီကြ တာပဲ ဖြစ်ပါတယ်။ စိတ်ဝိညာဉ်ဆိုတာ မွေးဖွားလာကတည်းကရှိနေတာဖြစ်တဲ့အတွက် ကလေးငယ်တွေမှာ ပါလာတဲ့ စိတ်ဝိညာဉ်တိရစ္ဆာန်ကို မိဘတွေအနေနဲ့သိထားတဲ့အခါ ကိုယ့်ကလေးရဲ့ စိတ်နေစိတ်ထား စရိုက် အမူအကျင့်တွေကို ခန့်မှန်းနိုင်ပြီး လမ်းကြောင်းမှန်ပေါ်ရောက်အောင်ပြုပြင် စောင့်ရှောက်ပေးနိုင်မှာပဲ ဖြစ်ပါ တယ်။

 ကိုယ့်ရဲ့စိတ်ဝိညာဉ်တိရစ္ဆာန်က ဘယ်လိုအကောင်ဖြစ်မလဲဆိုတာကို သိချင်ရင်တော့ အောက်မှာမေး ထားတဲ့ မေးခွန်းလေးတွေကို ဖြေကြည့်ပြီး အမှတ်ပေါင်းပါ၊ ရလာတဲ့အမှတ်စုစုပေါင်းကတစ်ဆင့် သင့်ရဲ့ စိတ်ဝိညာဉ်တိရစ္ဆာန်ကို ရှာဖွေလိုက်ပါ။

A - ၁ မှတ် , B –၂ မှတ် , C – ၃ မှတ် , D - ၄ မှတ်

၁။ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို သင့်သူငယ်ချင်းကဘယ်လိုမြင်လဲ…

A . နူးညံ့ပြီး ကျက်သရေရှိတယ် ( ၁ မှတ်)

B. ပညာရှိတယ် (၂ မှတ်)

C. စွမ်းအင်တွေရှိတယ် (၃ မှတ်)

D. စိတ်ခံစားမှုများတယ်။ (၄ မှတ်)

၂။ ခရီးစဉ်တစ်ခု ဖန်တီးပေးမယ်ဆိုရင် ဖော်ပြပေးထားတာတွေထဲက ဘယ်ခရီးကိုသွားမလဲ …

A . သဘာဝတရားနဲ့နီးစပ်တဲ့နေရာတွေကိုသွားမယ် ( တောင်တက်မယ် ၊ တောထဲမှာနေမယ်) (၁ မှတ်)

B . ဘုရားဖူးသွားမယ် (၂ မှတ်)

C . မရောက်ဘူးတဲ့နေရာတွေကို သွားမှာပေါ့ (၃ မှတ်)

D . ကလေးတွေနဲ့အတူ ခရီးသွားမယ် (၄ မှတ်)

၃။ ဒီအတောအတွင်း ဘာတွေပြောင်းလဲသွားလဲ …

A .  အကျင့်ဆိုးတွေ ဖျောက်ပစ်လိုက်တယ် ( ၁ မှတ်)

B . အလုပ်ပြောင်းတယ် (၂ မှတ်)

C . စိတ်ပိုင်းဆိုင်ရာက အရေးကြီးလို့ ပြောင်းဖြစ်တယ် (၃ မှတ်)

D . ဘာမှ သိသိသာသာမရှိပါဘူး (၄ မှတ်)

၄။ ဒီပုံထဲက ဘယ်နေရာကို ကြိုက်လဲ …

A . a (၁ မှတ်)

B . b (၂ မှတ်)

C . c (၃ မှတ်)

D . d (၄ မှတ်)

၅။ ရည်မှန်းချက်တွေရှိတယ် ..

A . မှန်တယ်၊ ရှိတာပေါ့ ( ၁ မှတ်)

B . လုံးဝ မရှိ ( ၂ မှတ်)

C . ကျိုးကြောင်းဆီလျော်ပါတယ် (၃ မှတ်)

D . ရည်မှန်းချက်ဆိုတာ ဘာမှန်းကိုမသိတာ (၄ မှတ်)

၆။ သူငယ်ချင်းစိတ်ထိခိုက်တဲ့အခါ ဘာလုပ်ပေးတတ်လဲ …

A . တူတူငိုတာပဲ ( ၁ မှတ်)

B . ကြားဖူးတာတွေပြောပြပြီး အားတတ်လာအောင်လုပ်ပေးတယ် (၂ မှတ်)

C . သူ ဘာဖြစ်နေတာလဲဆိုတာကို စဉ်းစားပြီး ကျိုးကြောင်းဆီလျော်တာကို လုပ်ပေးတယ် (၃ မှတ်)

D . သူ စိတ်သက်သာရာရအောင် ပျော်စရာတွေ၊ ဟာသတွေပြောပြတယ် ( ၄ မှတ်)

၇။ တိရစ္ဆာန်ရုံမီးလောင်သွားတယ်ဆိုပါစို့။ အောက်မှာဖော်ပြထားတဲ့ ဘယ်အကောင်ကို ကယ်ထုတ်ပေးမလဲ …

A . ဇီးကွက် ( ၁ မှတ်)

B . သမင် (၂ မှတ်)

C . မြွေ ( ၃ မှတ်)

D . လိပ်ပြာ (၄ မှတ်)

၈။ ကိုယ့်ရဲ့ သွင်ပြင်လက္ခဏာတွေထဲမှာ အကြိုက်ဆုံးအရာက …

A . သစ္စာရှိပြီး ထက်မြက်တယ် ( ၁ မှတ်)

B . အပြုသဘောဆောင်တတ်တာပဲ ( ၂ မှတ်)

C . ကြင်နာတတ်တာပါ ( ၃ မှတ်)

D . အမှီအခိုကင်းတာပါ (၄ မှတ်)

၉။ ဘယ်အစားအစာကို ကြိုက်လဲ …

A . အသုပ်နဲ့ဟင်းရွက် ( ၁ မှတ်)

B . ငါး (၂ မှတ်)

C . ကြက် ( ၃ မှတ်)

D . ပျားရည် ( ၄ မှတ်)

၁၀ ။ ဘဝမှာ အကြောက်ဆုံးက …

A . ဖိနှိပ်ချုပ်ချယ်ခံရမှာကိုပါ ( ၁ မှတ်)

B . မသိနားမလည်ဖြစ်မှာကိုပဲ (မောဟများတာ) (၂ မှတ်)

C . အပြောင်းအလဲတွေကိုကြောက်တာ ( ၃ မှတ်)

D . ဝမ်းနည်းရမှာကိုပဲ (၄ မှတ်)

၁၁။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အိမ် ဘယ်နှစ်ခါ ပြောင်းခဲ့ပြီးပြီလဲ …

A . ဘယ်တော့မှ မပြောင်းဘူး ( ၁ မှတ်)

B . ၃ ကြိမ် ပြောင်းခဲ့တယ် (၂ မှတ်)

C . ၁ ကြိမ်၊ ၂ ကြိမ်ပြောင်းခဲ့တယ် ( ၃ မှတ်)

D . မပြောင်းဘူးသေး ( ၄ မှတ်)

၁၂။ အကြိုက်ဆုံး ပွဲ က …

A . ပြဇာတ် ( ၁ မှတ်)

B . မျက်လှည့် ( ၂ မှတ်)

C .အပန်းဖြေနေရာတွေမှာ လုပ်တဲ့ ပွဲဈေးတန်း ( ၃ မှတ်)

D . မွေးနေ့ပွဲ ( ၄ မှတ်)

အဖြေ ရမှတ်တွေ အားလုံးကိုပေါင်းလိုက်ပါ။

၁၂ မှတ် ကနေ အမှတ် ၂၀ ထိရသူရဲ့  စိတ်ဝိညာဉ်တိရစ္ဆာန်က “သမင်” ဖြစ်ပါတယ်။

၂၁ မှတ် ကနေ အမှတ် ၃၀ ထိရသူရဲ့  စိတ်ဝိညာဉ်တိရစ္ဆာန်က “မြွေ” ဖြစ်ပါတယ်။

၃၁ မှတ် ကနေ အမှတ် ၄၀ ထိရသူရဲ့  စိတ်ဝိညာဉ်တိရစ္ဆာန်က “လိပ်ပြာ” ဖြစ်ပါတယ်။

၄၁ မှတ် ကနေ ၄၈ မှတ် ထိရသူရဲ့ စိတ်ဝိညာဉ်တိရစ္ဆာန်က “ဇီးကွက်” ဖြစ်ပါတယ်။

အဖြေ

“သမင်”သမင်ဆိုတာ နူးညံ့သိမ်မွေ့မှုနဲ့ကျေးဇူးတရားတို့ရဲ့သင်္ကေတဖြစ်ပါတယ်။ စိန်ခေါ်မှုအခြေအနေတွေကို ကျော်လွှားနိုင်ပြီး ကြင်နာမှုရှိသူတစ်ဦးဖြစ်ပါတယ်။ ကျေးဇူးတရားသိတတ်ပြီး ရည်မှန်းချက်ကြီးသလို ပန်းတိုင်ကိုလည်း အောင်မြင်စွာရောက်ရှိပါလိမ့်မယ်။ ကိုယ်တိုင်နူးညံ့သလို တခြားသူတွေကိုပါ နူးညံ့ သိမ်မွေ့ အောင် ပြုလုပ်ပေးနိုင်ပါတယ်။ နူးညံ့တဲ့စိတ်နှလုံးနဲ့အသက်ရှင်သူဖြစ်ပြီး ဆုံးဖြတ်ချက်ချတဲ့နေရာမှာတော့ တိကျသေချာခိုင်မာစွာဆုံးဖြတ်ချက်ချနိုင်သူဖြစ်ပါတယ်။ အပြစ်ကင်းစင်မှုကို ပိုင်ဆိုင်တယ်။ ထိလွယ်ရှလွယ် တယ်။ ဘဝရဲ့ တချို့အရာတွေဆို မယုံနိုင်လောက်အောင် အလိုလိုသိနေတတ်တဲ့ သမင်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ “မြွေ”အသက်စွမ်းအင်နဲ့ ကုသခြင်းစွမ်းအားတို့ရဲ့သင်္ကေတဖြစ်ပါတယ်။ အထူးသဖြင့် တောတောင်ရေမြေသဘာဝတွေ နဲ့သက်ဆိုင်တဲ့ ဗီဇစွမ်းအင်အရင်းအမြစ်တွေကို မွေးမြူသင့်ပါတယ်။ ဒါ့အပြင် မြွေဟာ ကုသခြင်းစွမ်းအားရှိတာ ကြောင့် ဒါကို အခွင့်အရေးတစ်ခုအဖြစ် လက်ကိုင်အသုံးပြုသင့်ပါတယ်။ ကိုယ်တိုင်အတွက် ဒါမှမဟုတ် တခြားသူ တွေကို ကုသတာ၊ စောင့်ရှောက်တာ စတဲ့ အလုပ်တွေနဲ့အဆင်ပြေပါမယ်။  မြွေဝိညာဉ်တိရစ္ဆာန် ကိုပိုင်ဆိုင်ထား သူဖြစ်တာကြောင့် အသွင်ကူးပြောင်းနေတဲ့ အပြောင်းအလဲကောင်းတွေနဲ့ အမြဲတွေ့ကြုံနေရပါလိမ့်မယ်။ “လိပ်ပြာ”အစွမ်းထက်တဲ့  အကူးအပြောင်းတွေကို ကိုယ်စားပြုပါတယ်။ သင့်ဘ၀မှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်မှာပါ။ လိပ်ပြာဝိညာဉ်တိရစ္ဆာန်ဟာ လေးလံနေတဲ့ အခက်အခဲတွေကို ပေါ့ပါးစေပြီး သင့်ဘဝအတွက် ပျော်ရွှင်မှုကို ယူဆောင်ပေးပါလိမ့်မယ်။ လူတိုင်းနဲ့အဆင်ပြေအောင်နေတတ်တဲ့သူဖြစ်သလို အပေါင်းအသင်း ဝင်ဆံ့သူတစ်ဦးလည်းဖြစ်ပါတယ်။ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ရင်တော့ အလိုရှိရာ အောင်မြင်မှုဆီကို အရောက် သွားနိုင်မယ့်သူမျိုးပါ။ “ဇီးကွက်”ဉာဏ်ပညာနဲ့ထိုးထွင်းသိမြင်ခြင်းရဲ့သင်္ကေတပါ။ ဇီးကွက်ဝိညာဉ်တိရစ္ဆာန်ရှိသူတွေဟာ ဖုံးကွယ်ထားတာတွေကို ကျော်လွန်ပြီး အဖြစ်မှန်ကို မြင်နိုင်ကြပါတယ်။ တခြားသူတွေမမြင်နိုင်တဲ့ လျှို့ဝှက်ထားတဲ့အရာတွေကိုလည်း သူတို့ကမြင်နိုင်ပါတယ်။ နက်နဲတဲ့အရာတွေကို စိတ်ဝင်စားပြီး မသိနားမလည်တဲ့အရာတွေကို စူးစမ်းရတာ ကြိုက်နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် စူးစမ်းရှာဖွေပြီး မှတ်တမ်းတင်ရတဲ့ အလုပ်မျိုးနဲ့သင့်တော်သူဖြစ်ပါတယ်။ စကားနည်းပြီး လူများများနဲ့ နေရတာကို မနှစ်သက်ပါဘူး။  


#သဘာဝ
#လက္ခဏာ
#ရည်မှန်းချက်
#ခံစားမှု
#ဘဝ

Some text some message..