
ဇရာဆိုတာ လူသားတိုင်း တစ်နေ့မဟုတ်တစ်နေ့ ကြုံတွေ့ရမယ့် လောကဓမ္မတာဖြစ်စဉ်ပါပဲ။ အိုမင်းရင့်ရော်တာကို တားဆီးလို့မရနိုင်ပေမယ့် နှောင့်နှေးအောင်တော့ လုပ်လို့ရပါတယ်။ကိုယ်ကိုတိုင်ရော အရွယ်မတိုင်ခင် အိုမင်းရင့်ရော်အောင် မိမိကိုယ်တိုင် လုပ်မိနေပြီလား။အဲဒီလို လုပ်မိနေတယ်ဆိုရင်တော့ နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ဖို့ လိုလာပါပြီ။
ကိုယ့်ရဲ့ တစ်နေ့တာမှာ လုပ်မိနေတဲ့ အလေ့အကျင့်တွေက သင့်ကို မြန်မြန်အိုမင်းရင့်ရော်လာစေနိုင်တာပါ။တချို့အရာတွေကတော့ လူတော်တော်များများ လုပ်မိနေကြတာပါ။ မရည်ရွယ်ဘဲ နေ့တိုင်းလိုလိုလုပ်မိတတ်ကြပါတယ်။ ဘယ်လို နေထိုင်မှုပုံစံတွေက သင့်ကိုမြန်မြန်အိုမင်းရင့်ရော်စေနိုင်သလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့ ဒီဆောင်ပါးလေးကို အဆုံးထိ ဖတ်ရှု့ပေးကြပါနော်။
မိတ်ကပ်အထူကြီးလိမ်းခြင်း။

မိတ်ကပ်ထူထူကြီး တစ်ချိန်လုံး လိမ်းထားတာမျိုးကမျက်နှာချွေး ပေါက်တွေကို အကုန်ပိတ်စေပါတယ်။ မျက်နှာအရေပြားခြောက်သွေ့ပြီး သဘာဝအဆီတွေကိုပါခန်းခြောက်စေတဲ့ အတွက် သင့်ကို ပိုပြီး အိုမင်း ရင့်ရော်စေပါတယ်။
ဒေါသကြီးခြင်း ။

ဒေါသတွေကြီးနေတဲ့သူတွေဟာ သူရဲ့ဒေါသတွေကြောင့် အမြဲပူလောင်နေပြီး ဘယ်တော့မှ ပျော်ရွှင်နေမှာ မဟုတ်တော့ပါဘူး။ဒါကြောင့်ဒေါသကြီးချင်းကလည်း သင့်ကို အချိန်တိုအတွင်းမှာ အိုမင်းစေနိုင်တဲ့ အချက်တစ်ခုပါပဲ။
အချိုစားလွန်းခြင်း။

အချိုတွေ အစားများရင် အသားအရေကို ပျက်စီးစေသလိုအသားရောင်ကို လည်း မှေးမှိန်လာစေပါတယ်။ နောက်ပြီး ပွရောင်းရောင်းဖြစ် လာစေသလို အရေးအကြောင်းတွေပါ ဖြစ်စေတယ်လို့ဆိုပါတယ်။
အိပ်ချိန်နည်းခြင်း။

အရွယ် ရောက်ပြီး သူတစ်ယောက်ဟာ ပုံမှန်အိပ်ချိန်အနည်းဆုံး(၇)နာရီကနေ (၈)နာရီအထိ ရှိသင့်တယ်လို့ဆိုပါတယ်။ အိပ်ချိန်က နေ့စဉ်လိုလို ငါးနာရီထက်နည်းရင်ပင်ပန်းနွမ်းနယ်ကာ တခြားဘေး ထွက်ဆိုးကျိုးအဖြစ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်ခြင်း၊အဝလွန်ခြင်း၊ သက်လုံမကောင်း ခြင်းတွေ ကြုံရတတ်ပါတယ်။
လေ့ကျင့်ခန်းမလုပ်ခြင်း။

လေ့လာချက်တွေအရ“ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့သူက အသက်အရွယ်ကြီးရင့်မှုကို မြန်မြန်နှေးကွေးစေနိုင်ပါတယ်”။ဒါကြောင့် သင့်အနေနဲ့ အနည်းဆုံးလမ်းလျှောက်လေ့ကျင့်ခန်းတော့ လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းတစ်ခုတောင်မလုပ်ဘဲနေမယ်ဆိုရင်တော့ ကျန်းမာမှု မရှိသလို သင့်ကို ပိုပြီး အိုမင်းရင့်ရော်စေပါလိမ့်မယ်။
အသက်ကြီးလာလို့ အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေ ပြလာတာ ကိစ္စမရှိပေမဲ့ငယ်ငယ်လေးနဲ့ လူက ကြည့်လိုက်တာ အိုနေသလို ဖြစ်နေရင်တော့ တော်တော်လေးကို ကြည့်ရဆိုးစေနိုင်ပါတယ်။ကိုယ့်ရဲ့ နေထိုင်မှုပုံစံ၊ အမူအကျင့်တွေကြောင့်လည်း အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်တာကြောင့်ဖော်ပြပေးထားတဲ့ အချက်လေးတွေနဲ့ ဆင်ဆင်ခြင်ခြင်နေလိုက်မယ်ဆိုရင်တော့ ကျန်းမာနုပျိုလှပတဲ့ဘဝလေးကို ပိုင်ဆိုင်သွားပါလိမ့်မယ်။