အနမ်းရဲ့နောက်ကွယ်က လေးနက်တဲ့အဓိပ္ပါယ်များ
mmload.com
|
2023-05-31

အနမ်းဆိုတာ ‌ရှေးနှစ်ပေါင်းများစွာကတည်းက ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုတွေကိုဖော်ပြဖို့ လုပ်ဆောင်ခဲ့ကြတဲ့အရာဖြစ်ပါတယ်။ ချစ်သူလိုဆက်ဆံရေးမှ မဟုတ်ဘဲ သူငယ်ချင်းမိတ်ဆွေနှင့် မိသားစုဝင်တွေကြားမှာလည်း အနမ်းအားဖြင့်ချစ်ခြင်းမေတ္တာကိုဖော်‌ပြကြလေ့ရှိပါတယ်။


ဒီလိုအနမ်းတွေဟာလည်း နေရာကိုလိုက်ပြီးတော့ အဓိပ္ပါယ်ကွာခြားမှုနှင့် သက်ရောက်မှုတွေအများကြီးရှိပါတယ်။နဖူးမှာနမ်းခြင်းက မြတ်နိုးတာနှင့်တန်ဖိုးထားတာကိုဖော်ပြပါတယ်။ ချစ်သူတွေတင်မဟုတ်ဘဲ မိသားစုအတွင်းမှာပါ ကလေးတွေကို ချစ်မြတ်နိုးကြောင်းဖော်ပြဖို့ နဖူးကိုနမ်းကြလေ့ရှိပါတယ်။ ပါးပြင်မှာနမ်းခြင်းကလည်း မိသားစုနှင့်သူငယ်ချင်းတွေကြားမှာ ချစ်ခင်မှုနှင့်ရင်းနှီးမှုကိုဖော်ပြတဲ့အနေနှင့်လုပ်လေ့ရှိပါတယ်။ အနောက်တိုင်းနှင့် ဥရောပမှာတော့ ပါးပြင်ကိုနမ်းတာဟာနှုတ်ဆက်နည်းတစ်ခုဖြစ်ပြီး ဖော်ရွေ တဲ့သဘောကိုဆောင်ပါတယ်။


လက်ကိုနမ်းခြင်းဟာ အစပိုင်းမှာတော့ တော်ဝင်မျိူးနွယ်တွေကိုလေးစားမှုပြသခြင်းအနေနှင့် ပါးပြင်ကိုနမ်းတဲ့အစားလက်ကိုနမ်းခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အလေးထားတာ ဂရုစိုက်တာဆိုတဲ့အဓိပ္ပါယ်တွေနှင့် ချစ်သူတွေကြားမှာအသုံးပြုကြပါတယ်။ မျက်လုံး ဒါမှမဟုတ် မျက်လုံအနားလေးတွေကိုနမ်းခြင်းဟာလည်း နှစ်သိမ့်ပေးတာနှင့် မြတ်နိုးတာကိုကိုယ်စားပြုပါတယ်။ ချစ်သူဆက်ဆံရေးတွေမှာ အသုံးပြုကြသလို ကလေးလေးတွေကိုနှစ်သိမ့်တဲ့အခါမှာလည်း အသုံးပြုကြပါတယ်။  


လည်ပင်းနှင့် ပုခုံးမှာနမ်းတာတွေကတော့ ချစ်သူဆက်ဆံရေးတွေမှာ အသုံးပြုကြတာဖြစ်ပါတယ်။ ဒီလိုနမ်းခြင်းက သက်တောင့်သက်သာဖြစ်နေတာကို ကိုယ်စားပြုတာဖြစ်သလို အားကိုးတာ ယုံကြည်တာကိုလည်းဖော်ညွှန်းနေပါတယ်။ တစ်ချိူ့သူငယ်ချင်း‌ဆက်ဆံရေးတွေမှာလည်း ဒီလိုအနမ်းတွေကိုအသုံးပြုကြတာရှိပါတယ်။



#ချစ်သူ
#သူငယ်ချင်း
#ချစ်ခြင်းမေတ္တာ
#မိသားစု
#အဓိပ္ပါယ်

Some text some message..