မိဘတွေရဲ့ ငယ်စဉ်က ရုပ်ရည်တွေနဲ့ တစ်ပုံစံတည်းတူနေကြတဲ့ သားသမီးများ
mystylemyanmar.com
|
2023-06-29

လောကမှာ နာမည်တူမရှား လူတူမရှားဆိုတာ အများကြီးရှိပါတယ်။ ဒီနေ့ဖော်ပြပေးမယ့် အနုပညာရှင်တွေကတော့ သူတို့ရဲ့ မိဘတွေရဲ့ ငယ်စဉ်က ရုပ်ရည်တွေနဲ့ အံ့သြစရာကောင်းလောက်အောင်ကို တစ်ပုံစံတည်းတူနေကြတာပါ။ ဘယ်အနုပညာရှင်တွေလည်းဆိုတာ ဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။

(၁) Kaia Gerber နဲ့ Cindy Crawford


Cindy Crawford ရဲ့ သမီးဖြစ်သူ Kaia Gerber ဟာ သူမရဲ့ မိခင်လောက်နာမည်ကျော်ကြားမှုကို မမှီသေးပေမယ့် ရုပ်ရည်ရူပကာပိုင်းကတော့ မိခင်ဖြစ်သူနဲ့လုံးဝတူညီနေပါတယ်။ လက်ရှိမှာ မိခင်ကို မယှဉ်နိုင်သေးပေမယ့် ပါရမီရှိတဲ့ လူငယ်တယောက်ဖြစ်ပြီး သူ့မိဘတွေဆီက အရည်အချင်းကောင်းတွေလည်း ရရှိထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။

(၂) Miley Cyrus နဲ့ Tish Cyrus


Miley Cyrus ကတော့ ရှည်ရှည်ဝေးဝေး မိတ်ဆက်ပေးနေရမယ့်သူတစ်ယောက်တော့ မဟုတ်ပါဘူးနော်။ သူမဟာ သီချင်းဆိုပိုင်းမှာရော သရုပ်ဆောင်ဖက်မှာပါ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဖခင်နဲ့ မိခင်နဲ့မှာမှ မိခင် Tish Cyrus နဲ့ တော်တော်လေး ရုပ်ဆင်နေတာကို အခုလို မြင်တွေ့နိုင်ပါတယ်နော်။

(၃) Ava Elizabeth Phillippe နဲ့ Reese Witherspoon


နောက်ထပ် အနုပညာရှင် သားအမိကတော့ Ava Elizabeth Phillippe နဲ့ Reese Witherspoon သားအမိ ဖြစ်ပါတယ်။ ဒါပေမယ့် မိခင်ဖြစ်သူ Reese Witherspoon လိုတော့ သူ့ရဲ့အသက်မွေးကျောင်းလမ်းကိုတော့ ပိတ်ကားပြင်ထက်မှာ ပါဝင်ဖို့အတွက် မရွေးချယ်ခဲ့ပါဘူး။

(၄) Robin Wright နဲ့ Dylan Penn


အနုပညာရှင်သားအမိဖြစ်တဲ့ Robin Wright နဲ့ Dylan Penn တို့ဟာ မကြာခဏ တွဲသွားတွဲလာရှိပြီးတော့ မိခင်ရဲ့ လှပမှုကို ဆက်ခံထားတဲ့ အနုပညာရှင်ဖြစ်ပါတယ်။ မိခင်ဖြစ်သူ Robin Wright ကလည်း သမီးဖြစ်သူအတွက် သရုပ်ဆောင်အကြံညာဏ်တွေကို ပေးတတ်လေ့ရှိပါတယ်။ ဒီအနုပညာရှင် သားအမိရဲ့သွင်ပြင်ကတော့ တကယ့်ကိုတူနေတာပါ။

(၅) Demi Moore နဲ့ Rumer Willis


ကမ္ဘာကျော် ဟောလိဝုဒ်မင်းသားကြီး Bruce Willis နဲ့ သူ့ရဲ့ဇနီး မင်းသမီးကြီး Demi Moore တို့ရဲ့ သမီးဖြစ်သူ Rumer Willis ကလည်း မိခင်နဲ့ အင်မတန်ဆင်တူလှပါတယ်နော်။ Rumer Willis ကလည်း သူမရဲ့ မိခင်နဲ့ဖခင်လိုမျိုး အနုပညာသွေးပါဝင်လို့ မင်းသမီးအဖြစ်သာမက အဆိုတော်အဖြစ်ပါ လုပ်ကိုင်နေပါတယ်။


#မိခင်
#မိဘ
#ရုပ်ရည်
#ဖခင်
#နာမည်

Some text some message..