သင့်ခန္ဓာကိုယ်ကို ပိုလှတယ်လို့ ထင်ရစေမယ့် အဝတ်အစား ဝတ်ဆင်ပုံ (၁၀) မျိုး
mystylemyanmar.com
|
2023-07-07

ကျွန်မတို့ ဝတ်ဆင်တဲ့ အဝတ်အစားပုံစံက နှုတ်က ပြောစရာမလိုဘဲ ကျွန်မတို့ရဲ့ အကြောင်းကို ဖော်ပြနိုင်ပါတယ်။ ဒါကြောင့် ဖက်ရှင်ကျတဲ့ စတိုင်ကို လေ့လာနေသင့်သလို ကျွန်မတို့ရဲ့ ခန္ဓာကိုယ် ပုံစံနဲ့ ဘယ်လို အဝတ်အစားက သက်တောင့်သက်သာ ဖြစ်ပြီး အဆင်ပြေမလဲ လေ့လာနေသင့်ပါတယ်။ ဒီတော့ အများအမြင်မှာ ဖက်ရှင်ကျစေမယ့်အပြင် သင့်ကိုယ်သင်ပါ ယုံကြည်မှု ရှိစေမယ့် ဝတ်ဆင်ပုံ စတိုင်တွေကို ကြည့်လိုက်ရအောင်နော်-

၁။ အလျားလိုက် လိုင်းရှိတဲ့ အဝတ်အစားကို ဝတ်ဆင်ပါ


ကျွန်မတို့ အရင်က သိခဲ့တာက ဒေါင်လိုက် အစင်းကြောင်း အဝတ်အစားတွေက အရပ်ပိုရှည်ပြီး ပိုပိန်တယ် ထင်ရစေတယ် ဆိုပြီးတော့ပါ။ ဒါပေမဲ့ အလျားလိုက် အဝတ်အစားတွေက ပိုဆွဲဆောင်မှုရှိနေကြောင်း ပုံကို ကြည့်ပြီး သိနိုင်ပါတယ်။

၂။ V Neck Lines


V Neck Lines ရှိတဲ့ အဝတ်အစားတွေက သင့် လည်ပင်းကို ပိုရှည်တယ် ထင်ရစေပြီး ပခုံးကို ပိုကျယ်သလို မြင်ရစေပါတယ်။

၃။ လက်ကြိုးအကျယ်


သင့်ပခုံးကို ပိုဆွဲဆောင်မှုရှိတယ် ထင်ရစေချင်ရင် ကြိုးပိုထူတဲ့ လက်ပြတ်အင်္ကျီစတိုင်ကို ရွေးသင့်ပါတယ်။

၄။ Blazer အရှည်


Blazer ပိုရှည်တဲ့ စတိုင်က ပခုံးပြန့်ကျယ်တဲ့ ပျိုမေတို့နဲ့ လိုက်ဖက်ပြီး Blazer အရှည်တိုတဲ့စတိုင်က Wide Hips ပိုင်ဆိုင်သူတွေနဲ့ လိုက်ဖက်ပါတယ်။ ဒါ့အပြင် ဘောင်းဘီရှည်ဝတ်ရင် တင်ပါးကို မကျော်တဲ့ Blazer အရှည်က ပိုအဆင်ပြေပါတယ်။

၅။ Trend နောက်ကို သိပ်မလိုက်ပါနဲ့


သူများနဲ့ လှတိုင်း ကိုယ်နဲ့ လှချင်မှ လှတာပါ။ ကိုယ့်ခန္ဓာကိုယ် Shape နဲ့ ဘယ်ဘောင်းဘီ ပိုအဆင်ပြေလဲ အမြဲ လေ့လာနေသင့်ပါတယ်။

၆။ ဘောင်းဘီအိတ်ပါတာကို ရွေးတဲ့အခါ


ဗဟိုနေရာကနေ အကွာအဝေး ဝေးတဲ့ အိတ်ကပ်တွေပါတဲ့ ဘောင်းဘီက သင့်တင်ပါးကို ပိုကြီးတယ် ထင်ရစေပါတယ်။ ခပ်မြင့်မြင့်နေရာကနေ နီးကပ်ကာ သေးတဲ့ အိတ်ပုံစံတွေကတော့ တင်ပါးကို တင်းတင်းရင်းရင်းလေး ဖြစ်စေနိုင်ပါတယ်။

၇။ ဘောင်းဘီအရောင်


သင်က သင့်ခြေတံကို ဂရုစိုက်တဲ့သူဆိုရင် အနက်ရောင် ဝတ်သင့်ပြီး တင်ပါးကို ဦးစားပေးပြီး လှချင်တဲ့သူဆိုရင်တော့ Print ပုံစံ စတိုင်က အဆင်ပြေပါလိမ့်မယ်။

၈။ Dress ရွေးတဲ့အခါ


ကျပ်ပြီး ဆိုဒ်ပွတဲ့ ဂါဝန်တွေက တချို့မိန်းကလေးတွေနဲ့ လိုက်ဖက်ပေမယ့် တချို့နဲ့တော့ မလိုက်ဖက်ပါဘူး။

၉။ အိတ်စတိုင်


အရှည်တိုတဲ့ အိတ်က သင့်ရင်ဘတ်ကို ပိုကျယ်တယ်ထင်ရစေပါတယ်။ ဒါကို ဦးစားမပေးချင်ဘူးဆိုရင် ရှည်တဲ့ အိတ်ကို ရွေးသင့်ပါတယ်။

၁၀။ ဘောင်းဘီနဲ့ အရောင်တူတဲ့ ဖိနပ်


အရပ်ရှည်တယ်လို့ ထင်ရစေချင်ရင် ဘောင်းဘီနဲ့ အရောင်တူတဲ့ ဖိနပ်ရောင်ကို ရွေးချယ်သင့်ပါတယ်။

Source: Brightside.me

By MyStyle Myanmar


#ခန္ဓာကိုယ်
#တင်ပါး
#အဝတ်အစား
#ဆွဲဆောင်မှု
#Blazer

Some text some message..