သူငယ်ချင်းအတုဆိုတာ ပြောပြနေတဲ့ လက္ခဏာ ( ၆ ) ချက်
mystylemyanmar.com
|
2023-09-04

လူတိုင်းမှာ မိတ်ဆွေ သူငယ်ချင်းဆိုတာ ပေါများကြပေမယ့် တကယ်ကိုယ့်အပေါ်ကောင်းတဲ့ မိတ်ဆွေသူငယ်ချင်းအစစ်အမှန်ဆိုတာကတော့ ရှားပါးလွန်းလှပါတယ်။ သင့်အနားမှာရှိတဲ့ သူငယ်ချင်း တွေကကော ? အကုန်လုံးက သင့်အပေါ်ကောင်းတဲ့ သူငယ်ချင်းကောင်းတွေကော ဟုတ်ရဲ့လား ? သင့်အနားမှာရှိနေတဲ့ သူတွေထဲမှာ ဒီလိုလက္ခဏာတွေရှိနေရင်တော့ ဒါတွေက သင့်ရဲ့သူငယ်ချင်းကောင်းတွေတော့ မဟုတ်ပါဘူး။

ကြိတ်ပြိုင်နေတာ


ပြိုင်ဆိုင်မှုဆိုတာက သူငယ်ချင်းမိတ်ဆွေတွေကြားမှာ မရှိသင့်တဲ့အရာပါ။ ဒါပေမယ့် သူငယ်ချင်းအတုအယောင်တွေကတော့ သင့်ကိုစိတ်ထဲကနေ ကြိတ်ပြိုင်နေတတ်ပါတယ်။

ကွယ်ရာအတင်းပြောတာ


သင့်ရှေ့မှာတော့ အမြဲချိုနေပေမယ့် သင့်နောက်ကွယ်ရောက်တာနဲ့ သင့်မကောင်းကြောင်းပြောတတ်တဲ့သူတွေက ဘယ်တော့မှ သင့်မိတ်ဆွေသူငယ်ချင်းအစစ်မဟုတ်ပါဘူး။

မနာလိုတာ


ဒုက္ခရောက်ချိန်မှာ မကူညီဘဲ သင်အောင်မြင်နေတဲ့အချိန်မှာ မနာလိုစိတ်ဖြစ်နေတဲ့သူက ဘယ်တော့မှ သင့်မိတ်ဆွေသူငယ်ချင်းအစစ် မဟုတ်ပါဘူး။

စိတ်ဓာတ်ကျအောင်လုပ်တာ


သင့်အပေါ်မကောင်းတဲ့စိတ်ဓာတ်ရှိတဲ့ တစ်စုံတစ်ယောက်ရဲ့ စကားကို အဆက်မပြတ်နားထောင်နေရင် ကြာလာတဲ့အခါ သင်စိတ်ပျက်ပြီး စိတ်ဓာတ်ကျလာနိုင်ပါတယ်။

ဝေဖန်တာ


သူငယ်ချင်းတစ်ယောက်က သင့်ကို ဝေဖန်တာက အကောင်းအဆိုးဝေဖန်တာကဖြစ်သင့်ပေမယ့် အမြဲတမ်းအဆိုးဖက်ကနေ ဝေဖန်ပြောဆိုနေတာကတော့ မဟုတ်သေးပါဘူး။

လိုအပ်မှဆက်သွယ်တာ


သင်လိုအပ်ချိန်ကျ မသိချင်ယောင်ဆောင်ပြီး သူတို့တစ်ခုခုလိုအပ်တဲ့အခါမှသာ သင့်ကိုဆက်သွယ်ဖို့ သတိရတဲ့သူတွေက ဘယ်လိုမှမိတ်ဆွေစစ်မဖြစ်နိုင်ပါဘူး။


#သူငယ်ချင်း
#လက္ခဏာ
#မိတ်ဆွေ
#စိတ်ဓာတ်ကျ
#မနာလိုစိတ်

Some text some message..