သင့်သူငယ်ချင်းတွေက သင့်အတင်းပြောနေကြတယ်ဆိုတာ သိသာစေတဲ့အချက်များ
mystylemyanmar.com
|
2023-09-30

သူငယ်ချင်းဆိုရင် ရှေ့မှာခင်မင်ပြနေပေမယ့် နောက်ကွယ်မှာဆို အမြဲအတင်းပြော၊ မကောင်းပြောပြီး အပုတ်ချတတ်တဲ့သူတွေ ရှိပါတယ်။ သင့်သူငယ်ချင်းတွေက သင့်အတင်းပြောနေကြတယ်ဆိုတာကို သိသာစေတဲ့ အချက်တွေ ရှိပါတယ်။

သင်ပြောထားတာထက်ပိုသိနေခြင်း


တစ်စိတ်ကိုတစ်အိတ်လုပ်ကာ အတင်းပြောတတ်တဲ့ သူငယ်ချင်းရှိနေရင် သူတို့က သင့်အကြောင်းကို သင်ပြောပြထားတာထက် ပိုသိနေတတ်ပါတယ်။ ကိုယ်မပြောပြထားတဲ့ သူငယ်ချင်းတွေကပါ သိနေပြီဆိုရင် အဖွခံထားရတာ၊ နောက်ကွယ်မှာ သင့်အတင်းကို ပြောနေကြတာပဲ ဖြစ်ပါတယ်။

သင်လာမှတိတ်ဆိတ်သွားခြင်း


တောက်လျှောက်ပြောဆိုနေကြပြီး ကိုယ်လာတော့မှ ပြောနေတာတွေရပ်ပြီး တိတ်ဆိတ်သွားတဲ့ အခြေအနေမျိုးဆိုရင် လူတိုင်းက ကိုယ့်အတင်းပြောနေတာလို့ ထင်ကြတာပါပဲ။ တကယ်လည်း 80% လောက်က အဲ့လိုပဲဖြစ်ပါတယ်။

လူတကာကိုလျှောက်ပြောနေခြင်း


ကိုယ့်အကြောင်းကောင်းသတင်းမဟုတ်ပဲ အတင်းအဖျင်းတွေပြောတာ တစ်ယောက်နှစ်ယောက်လည်းမဟုတ်ပဲ လူတကာကို နောက်ကွယ်မှာ ပြောပြနေတာတွေက မလုပ်သင့်ပါဘူး။ ကိုယ့်အပေါ်တကယ်ခင်တဲ့ သူငယ်ချင်းဆိုရင် ကိုယ့်အတင်းကို နောက်ကွယ်မှာ လျှောက်ပြောနေမှာ မဟုတ်ပါဘူး။

သင်နဲ့ပတ်သက်ပြီးလှောင်ပြောင်ကြခြင်း


သူငယ်ချင်းအချင်းချင်း စနောက်ကြတယ်ဆိုရင် စတာလား၊ လှောင်ပြောင်တာလားဆိုတာ သိသာပါတယ်။ တချို့ကျတော့ စနောက်သလိုနဲ့ ကိုယ့်အားနည်းချက်တွေကို လှောင်ပြောင်ပြောဆိုပြီး အတင်းပြောနေတာ၊ ရယ်စရာလုပ်နေကြတာတွေ ရှိပါတယ်။

သတင်းပြန့်တာမြန်ခြင်း


ကိုယ့်အကြောင်း နောက်ကွယ်မှာ အမြဲတမ်း အတင်းအဖျင်းပြောတတ်တဲ့သူ၊ ဖွတတ်တဲ့သူပါနေရင် ကိုယ်ပြောလိုက်တဲ့အရာတစ်ခုက နောက်နေ့ဆိုရင် အားလုံးသိသွားပါလိမ့်မယ်။ တစ်ခုခုဆို အမြဲတမ်း သတင်းပြန့်တာမြန်နေရင် သင့်သူငယ်ချင်းက နောက်ကွယ်မှာ အမြဲအတင်းပြောနေတာ ဖြစ်နိုင်ပါတယ်။


#သူငယ်ချင်း
#ရယ်စရာ
#အားနည်းချက်
#စိတ်အခြေအနေ
#သတင်း

Some text some message..