Skin Undertone အလိုက် လိုက်ဖက်တဲ့အရောင်များ
mmload.com
|
2023-10-12

(၁) Cool Tone 

အသားအရောင် Cool Tone ရှိတဲ့လူတွေဟာ အများအားဖြင့် ခရမ်းရောင်နှင့်အပြာရောင်စပ်တဲ့အရောင်တွေနှင့်လိုက်ဖက်ကြပါတယ်။ နေဗီရောင် လိုမျိုးတောက်ပပြီးထင်းတဲ့အရောင်တွေအပြင် နို့စိမ်းရောင် ပန်းဖျော့ရောင် ဘယ်ရီသီးလိုမျိုးအနီရောင်တောက်တောက်ပပလေးတွေနှင့်လိုက်ဖက်ပါတယ်။  မီးခိုးရောင်အနုအရင့်အကုန်လုံးဟာ Cool Tone  သမားတွေနှင့်လိုက်ဖက်တဲ့ အရောင်ဖြစ်ပါတယ်။



(၂) Warm Tone 

Warm Tone သမားတွေကတော့ အဝါရောင်နှင့် ရွှေရောင်လိုမျိုး တောက်ပပြီးထင်းတဲ့အရောင်းတွေနှင့်လိုက်ဖက်ပါတယ်။ အုတ်ခဲနီရောင် နေကြာပန်းလိုမျိုးအဝါရင့်ရောင် ခရမ်းချဥ်သီးလိုအနီရောင် တွေဟာ Warm Tone အသားရောင်နှင့်အဆင်ပြေတဲ့အရောင်တွေဖြစ်ပြီးတော့ အစိမ်းပုတ် နှင့်အညိုရောင်တွေနှင့်လည်း လိုက်ဖက်ပါတယ်။ 



(၃) Neutral Tone 

Neutral Tone အသားရောင်ကိုပိုင်ဆိုင်ထားတဲ့သူတွေကတော့ အရောင်တွေသိပ်မရွေးဘဲအကုန်လုံးနီးပါးနှင့်လိုက်ဖက်ကြလေ့ရှိပါတယ်။ ဒါပေမဲ့ Neutral Tone ရှိတဲ့သူတွေဟာ ကျောက်စိမ်းရောင် လာဗင်ဒါခရမ်းရောင်နှင့် အညိုဖျော့တွေနှင့် ပိုလိုက်ဖက်ကြပါတယ်။ ပန်းငပိနှင့်ဆင်စွယ်ရောင်တွေကလည်း သူတို့နှင့်ကောင်းကောင်းလိုက်ဖက်တဲ့အရောင်ဖြစ်ပါတယ်။ 



#SkinUndertone #CoolTone #WarmTone #NeutralTone #Colours 


#အသားအရေ
#အပြာရောင်
#အနီရောင်
#CoolTone
#NeutralTone

Some text some message..