
သီတင်းကျွတ်မီးထွန်းပွဲတော်ဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်တကယ့်ကို တန်ဖို့မဖြတ်နိုင်တဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ သီတင်းကျွတ်လရောက်တာနဲ့ ကလေးတွေကမီးရှူးမီးပန်းများ ပစ်ဖောက်ဆော့ကစားလေ့ရှိကြပြီး လူကြီးလူငယ်တွေက မီးပုံးပျံများပစ်လွှတ်ခြင်း၊ဆီမီးပူဇော်ခြင်းများဖြင့် မြတ်စွာဘုရားရှင်ကို ပူဇော်လေ့ရှိကြပါတယ်။ ဒ့ါအပြင် သီတင်းကျွတ်အခါသမယမှာ ရပ်ဝေးရပ်နီးက လူကြီး၊မိဘ ဆရာသမားများနှင့်ကျေးဇူးဆပ်ပူဇော်ကန်တော့ခြင်းများ ပြုလုပ်ကြပြီး ကြီးစဥ်ငယ်လိုက် ကန်တော့ခံကြရပါတယ်။

ဒါပေမယ့် ဒီဘက်ခေတ်မှာ လူငယ်တွေကို သီတင်းကျွတ်မီးထွန်းပွဲတော်ဘယ်လိုပေါ်ပေါက်လာခဲ့သလဲလို့ မေးရင် တော်တော်များများက မဖြေနိုင်ကြပါဘူး။ သီတင်းကျွတ်မီးထွန်ပွဲတော်ပေါ်ပေါက်လာတာဟာ ဂေါတမမြတ်စွာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာပြီးနောက် သတ္တမမြောက်ဝါဆို တော်မူဖို့ တာဝတိသာတနတ်ပြည်သို့ ကြွတော်မူပါတယ်။

ကြွတော်မူတဲ့အချိန်ကာလက မဟာသက္ကရာဇ်(၁၀၉) ခုနှစ် ဝါဆိုလပြည့်နေ့မှာဖြစ်ပါတယ်။ ကြွတော်မူရတဲ့ အကြောင်းရင်းကတော့ သိဒ္ဓတ္ထမင်းသားဘဝတုန်းက သီရိမဟာမာယာဘွဲ အမည်ရှိခဲ့တဲ့မယ်တော်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ အဘိဓမ္မာ” တရားဒေသနာတော်မြတ်ကို ဝါတွင်း ၃ လုံးပတ်လုံး ဟောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် သီတင်းကျွတ်လမှာ ဗုဒ္ဓမြတ်စွာဘုရားဟာ နတ်ပြည်မှာ နတ်သားဖြစ်နေတဲ့မယ်တော်အား သွားရောက်ကျေးဇူးဆပ်ကာ တရားဟောခဲ့သည်ကို အကြောင်းပြုပြီး နတ်ပြည်မှာရှိတဲ့ ဘုရားရှင်အား ပူဇော်တဲ့အနေနဲ့ မီးထွန်းပွဲသဘင်ကို နှစ်စဥ်ဆင်ယင်ကျင်းပရင်း မီးထွန်းပွဲတော်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖
Source - wikipedia