Toxic ဖြစ်နေတဲ့ဆက်ဆံရေးကနေ လူတွေရုန်းမထွက်နိုင်ကြတဲ့အကြောင်းရင်းများ
mmload.com
|
2023-11-04

(၁) သူတို့ကိုယ်တိုင် Toxic ဖြစ်နေတဲ့ဆက်ဆံရေးထဲရောက်နေတာကိုမသိကြတာပါ။ တစ်ချို့သူတွေဟာ သူတို့ဆက်ဆံရေးကအဆင်မပြေရင်တောင်မှ ပုံမှန်ဖြစ်နေကျလို့ပဲထင်မှတ်ပြီးတော့ ဒီဆက်ဆံရေးကြောင့်သူတို့အခက်တွေ့ရတာတွေကို မြင်နိုင်စွမ်းမရှိကြပါဘူး။


(၂) ခြိမ်းခြောက်ခံရခြင်းကလည်း Toxic ဆက်ဆံရေးကနေမရုန်းထွက်နိုင်တဲ့အကြောင်းရင်းတစ်ခုပါ။ အများအားဖြင့်အကြမ်းဖက်တတ်တဲ့သူတွေဟာ သူတို့ကိုထားသွားရင် အသက်အန္တာရာယ်ပေးမယ်ဆိုပြီးခြိမ်းခြောက်တတ်ကြတာကြောင့် ဒီလိုမျိုးရုန်းထွက်ဖို့ခက်ခဲတာဖြစ်ပါတယ်။


(၃) ပတ်ဝန်းကျင်ဖိအားနှင့် မိသားစုဝင်တွေရှိတာကလည်း ဒီလိုဆက်ဆံရေးကိုကြာရှည်စေတဲ့အချက်တွေပါ။ အထူးသဖြင့် အိမ်ထောင်တွေမှာကလေးရှိနေရင် မိဘဖြစ်သူတွေအနေနှင့် အခြေအနေဆိုးတွေကိုခါးစည်းပြီးနေထိုင်ရလေ့ရှိပါတယ်။


(၄) ငွေကြေးပိုင်းဆိုင်ရာအရ တစ်ဖက်ပါတနာကိုမှီခိုရတဲ့အနေအထားမှာဆိုရင်လည်း ရုန်းထွက်ဖို့ခက်ခဲနိုင်ပါတယ်။ တစ်ယောက်တည်းရပ်တည်နိုင်စွမ်းမရှိတာကြောင့် Toxic ဖြစ်နေတဲ့အခြေအနေကြီးကိုသည်းခံပြီးနေထိုင်နေရတာပါ။


(၅) တစ်ချို့လူတွေဟာ စိတ်ဒဏ်ရာနှင့် သိမ်ငယ်မှုတွေကြောင့် Toxic ဖြစ်နေရင်တောင်သူတို့နှင့်ထိုက်တန်တယ်လို့ယုံကြည်ပြီး ရုန်းထွက်ဖို့မကြိုးစားကြပါဘူး။ သူတို့အနေနှင့် Self - Esteem မရှိတာကြောင့် ရုန်းထွက်ဖို့ကိုလည်း မစဥ်းစားကြပါဘူး။


(၆) ဆက်ဆံရေးတိုင်းက ကောင်းတစ်လှည့်ဆိုးတစ်လှည့်ဖြစ်တယ်ဆိုပြီးလက်ခံလိုက်ကြတဲ့သူတွေကလည်း ရုန်းထွက်ဖို့မကြိုးစားကြတော့ပါဘူး။ အချိန်တစ်ခုကြာလာတဲ့အခါ သူတို့ဟာ ဒီ Toxic Relationship ကြီးကိုကျင့်သားရသွားပြီးတော့ အထူးတလည်မခံစားကြတော့ပါဘူး။



#ငွေကြေး
#Relationship
#ခက်ခဲ
#Toxic
#ဆက်ဆံရေး

Some text some message..