Chrismas အငွေ့အသက်ထင်ဟပ်နေတဲ့ ဖက်ရှင် Outfit များ
mmload.com
|
2023-11-26

အနီရောင်အကွက်စကပ်တွေဟာ ခရစ္စမတ်ရဲ့အငွေ့အသက်ကိုအပြည့်အဝပုံဖော်ပေးတဲ့ အရာတွေဖြစ်ပါတယ်။ များသောအားဖြင့်ဒီလိုစကပ်တွေကို ဆွယ်တာတွေနှင့်တွဲဖက်ဝတ်ဆင်ကြလေ့ရှိပါတယ်။



ဆောင်းနှင့်ခွဲမရတဲ့ အနီရောင်ဆွယ်တာကြီးတွေကလည်းပဲ ခရစ္စမတ်အတွက်မရှိမဖြစ်ဖက်ရှင်တစ်ခုပါ။  ကြည့်လိုက်တာနှင့်  ဆောင်းနှင့်ခရစ္စမတ်အငွေ့အသက်တွေကို မြင်တွေ့နိုင်ပါတယ်။



အစိမ်းနှင့်အနီရောစပ်ထားတဲ့ စကပ်အရှည်တွေကလည်းပဲ ခေတ်ဟောင်းစတိုင်ပေါ်ပြီးတော့ ကြည့်ကောင်းတဲ့ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ အနီရောင်ဖိနပ်နှင့်တစ်ခြားအနီရောင်လက်ဝတ်လက်စားတွေပါပေါင်းစပ်လိုက်ရင် လုံးဝခရစ္စမတ်ရာသီဖက်ရှင်တစ်ခုပဲဖြစ်ပါတယ်။



ဆောင်းရာသီဖြစ်တာကြောင့် မာဖလာတွေကိုလည်းမေ့ထားလို့မရပါဘူး။ အကွက်ပုံစံတွေနှင့် အနီအစိမ်းမာဖလာတွေဟာ ခရစ္စမတ်အတွက်မရှိမဖြစ်လိုအပ်တဲ့ဖက်ရှင်ပစ္စည်းတွေဖြစ်ပါတယ်။



ခရစ္စမတ်ပုံရိပ်တွေထင်ဟပ်နေတဲ့ ဆွယ်တာအပွတွေကလည်းပဲ ဆောင်းရာသီရဲ့အအေးကိုကာကွယ်နိုင်သလို ခရစ္စမတ်ဖက်ရှင်ကိုလည်း သိသိသာသာဖော်ပြပေးနိုင်ပါတယ်။



အနီရောင်အကွက်နှင့် ကုတ်အရှည်တွေကလည်းပဲ ဖက်ရှင်တိုင်းနှင့်လိုက်ဖက်တဲ့အပြင် ဆောင်းအငွေ့အသက်ကိုထင်ဟပ်နေတဲ့ ဖက်ရှင်ဖြစ်ပါတယ်။



#ဖက်ရှင်
#စကပ်
#ဆောင်းရာသီ
#အနီရောင်
#Outfit

Some text some message..