ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြစ်လာအောင်ကူညီပေးမယ့် Vision Board ကိုဘယ်လိုဖန်တီးမလဲ
mmload.com
|
2024-01-18

အဆင့်(၁) Vision Board ဟာ Manifestation နည်းတစ်မျိုးဖြစ်ပြီးတော့ အလိုရှိတဲ့အရာတွေကိုရယူနိုင်အောင်တွန်းအားပေးနိုင်တဲ့အရာပါ။ Vision Boardတစ်ခုပြုလုပ်ဖို့ဆိုရင် လိုချင်တဲ့ဆန္ဒနှင့် ဖြစ်ချင်တာတွေကိုအရင်ဆုံးသိဖို့လိုအပ်ပါတယ်။ ဒီလိုဆန္ဒတွေမှာ တစ်ကယ်ပြင်းပြင်းပြပြဖြစ်ချင်တဲ့ဆန္ဒတွေကိုပဲ ရွေးချယ်ပြီး Vision Board မှာထည့်သွင်းသွားပါမယ်။ 


အဆင့်(၂)  Vision Board လုပ်ဖို့အတွက်လိုအပ်တဲ့အရာတွေကိုပြင်ဆင်ရပါမယ်။ တစ်ကယ်လို့ Canvas နှင့်သေချာလုပ်မယ်ဆိုရင်လိုအပ်တာတွေများပေမဲ့ ပုံတွေနှင့်ပဲ လုပ်မယ်ဆိုရင် ပြင်ဆင်ရတာပိုသက်သာနိုင်ပါတယ်။ 

အဆင့် (၃) ပုံနှင့်ပဲပြင်ဆင်မယ်ဆိုရင် ဆန္ဒတွေနှင့်အနီးစပ်ဆုံးကိုက်ညီတဲ့ပုံတွေကို အင်တာနက် ဒါမှမဟုတ် ဝက်ဘ်ဆိုဒ်တွေကနေ ရှာပြီးဒေါင်းထားပါ။ ဒီလိုပုံတွေရှာတဲ့နေရာမှာ ပြီးစလွယ်မရှာဘဲ ဖြစ်ချင်တဲ့ဆန္ဒကိုအသေးစိတ်ဖော်ပြတဲ့ပုံတွေကို အသုံးပြုရင် ပိုပြီးထိရောက်မှာဖြစ်ပါတယ်။


အဆင့် (၄) ရွေးထားတဲ့ပုံတွေကို Collage လုပ်ရပါမယ်။ ဒီလိုလုပ်ရာမှာလည်း ကိုယ်အဖြစ်ချင်ဆုံးဆန္ဒတွေကို အဓိကမြင်ရတဲ့နေရာမှာထားပြီးတော့ အစဥ်လိုက်စီသွားရပါမယ်။ Vision Board ပေါ်မှာ စိတ်ခွန်အားနှင့်ယုံကြည်မှုတွေကိုတိုးတက်စေမယ့်စာသားလေးတွေပါရေးထားရင် ပိုပြီးထိရောက်သွားမှာဖြစ်ပါတယ်။

အဆင့် (၅) ပြီးစီးသွားပြီဆိုရင် ဒီVision Board  ကိုနေ့တိုင်းမြင်နေရတဲ့နေရာမှာထားဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ နေ့တိုင်းထိတွေ့ပြီးမြင်နေရမှ ဒီဆန္ဒတွေကိုမြန်မြန်အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ 



#စိတ်ခွန်အား
#ယုံကြည်မှု
#ဆန္ဒ
#အင်တာနက်
#တွန်းအား

Some text some message..