ပတ်ဝန်းကျင်မှာ တွေ့ရတတ်တဲ့ Main character syndrome ရှိတဲ့သူတွေအကြောင်း
mmload.com
|
2024-01-26

Main character syndrome ဆိုတာ ဆေးပညာအရခေါ်ဝေါ်တဲ့အသုံးအနှုန်းမဟုတ်ပေမဲ့ ဆိုရှယ်မီဒီယာနှင့်လူတွေကြားမှာကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ စကားလုံးပါ။ ဒီစကားလုံးဟာ အတ္တကြီးလွန်းတဲ့သူတွေကိုရည်ညွှန်းတဲ့စကားဖြစ်ပါတယ်။ Main character syndromeရှိတဲ့သူတွေဟာ တစ်လောကလုံးကသူတို့ကိုဗဟိုပြုပြီးလည်ပတ်နေတယ်လို့ထင်တတ်ကြပါတယ်။


သူတို့အနေနှင့် သူတို့ကိုယ်တိုင်ကသာအဓိကဇာတ်ကောင်ဖြစ်တာကြောင့် ဘေးပတ်ဝန်းကျင်မှာရှိတဲ့မိတ်ဆွေသူငယ်ချင်းတွေဟာ သူတို့ကိုတောက်ပအောင်ကူညီရုံသက်သက်သာဖြစ်တယ်လို့ ထင်မှတ်တတ်ကြပါတယ်။ အရာရာတိုင်းမှာ သူတို့ကိုဦးစားပေးတာကိုပဲလိုချင်ကြပြီးတော့ တစ်ခြားသူတွေရဲ့စိတ်ခံစားချက်ကိုဂရုမစိုက်ကြပါဘူး။ 


ရလာဒ်အနေနှင့်ဒီလိုလူတွေဟာ တော်တော်လေးအတ္တကြီးတဲ့သူတွေဖြစ်လာပြီးတော့ တစ်ခြားလူတွေကိုမစာနာပေးတတ်တဲ့သူတွေဖြစ်လာတာပါ။ အမြဲတမ်းဂရုစိုက်ခံချင်ပြီးတော့ တစ်စုံတစ်ယောက်ကသူ့ကိုယ်ပိုင်ပြဿနာတွေကိုလာပြောပြနေရင်တောင် Main character syndrome ရှိတဲ့လူတွေကတော့ တစ်ခြားသူရဲ့ပြဿနာတွေကိုကူညီဖြေရှင်းပေးဖို့မတွေးဘဲ သူတို့ကြုံသင့်တာပေါ့ ဆိုတဲ့စိတ်ဓာတ်ပဲရှိကြတာဖြစ်ပါတယ်။ 



#သူငယ်ချင်း
#ခံစားချက်
#ပြဿနာ
#ပတ်ဝန်းကျင်
#အတ္တ

Some text some message..