Mood Swings ဖြစ်တာကို လျော့ကျအောင်လုပ်ပေးနိုင်တဲ့ နည်းလမ်း ၅ ခု
mystylemyanmar.com
|
2024-05-19

Mood Swings ဖြစ်တဲ့အချိန်ဆိုရင် ကိုယ်တိုင်လည်း အဆင်မပြေသလို သူများကိုလည်း ပြဿနာရှာနေမိတာကြောင့် ကိုယ်ရော ဘေးကလူရော စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အခုပဲပျော်နေရာက ခဏနေကျ ချက်ချင်း ငိုချင်သလိုဖြစ်လာတာမျိုး၊ ဒေါသထွက်ပြီး စိတ်မကြည်တာမျိုး၊ ခဏနေကျ ပြန်ပြီးစိတ်ကြည်သွားတာမျိုးတွေ ခဏခဏဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် Mood Swings ဖြစ်တာကို လျော့ကျအောင်လုပ်ပေးနိုင်တဲ့ နည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

တရားထိုင်ပါ


တရားထိုင်တာက စိတ်ကိုတည်ငြိမ်စေပြီး အာရုံစုစည်းနိုင်စွမ်းကို တိုးမြှင့်ပေးတာကြောင့် Mood Swings ဖြစ်တာလည်း သက်သာစေပါတယ်။ ဒါကြောင့် Mood Swings ခဏခဏဖြစ်တတ်တဲ့သူဆိုရင် နေ့တိုင်း တရားထိုင်ပေးဖို့ လိုပါတယ်။ တစ်နေ့ကို နာရီဝက်လောက်တော့ ရအောင်ထိုင်ကြည့်ပါ။

အချိန်နဲ့အိပ်ပါ


အိပ်ရေးပျက်ရင် စိတ်မကြည်မလင်ဖြစ်ပြီး Mood Swings ဖြစ်တာက အခြေအနေပိုဆိုးလာစေပါတယ်။ ဒါကြောင့် အချိန်နဲ့အိပ်ပါ။ ညဘက်နောက်ကျမှအိပ်တာမျိုးတွေ မလုပ်ပါနဲ့။ အိပ်ရေးမပျက်ပါစေနဲ့။

အစားအသောက်သေချာစားပါ


အစားအသောက်မမှန်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်။ စိတ်တိုလွယ်တာ၊ စိတ်မကြည်တာ၊ အားမရှိလို့ ခေါင်းမကြည်တာတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် အစားအသောက် အပျက်မခံပါနဲ့။ အစားအသောက်ကို သေချာဂရုစိုက်ပြီး စားပေးပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ


လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးပြီး ကိုယ်ရောစိတ်ပါ တက်ကြွလန်းဆန်းမှုကို ရစေပါတယ်။ ဒါကြောင့်လည်း Mood Swings ဖြစ်တာကိုပါ လျော့ကျစေတာပေါ့။ ဒီတော့ တစ်နေ့ကို တစ်နာရီလောက်တော့ အချိန်ပေးပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

Social Media လျှော့သုံးပါ


Mood Swings ဖြစ်နေချိန်မှာ Social Media သုံးရင် စိတ်အတက်အကျ ပိုမြန်ပြီး စိတ်တိုရင်လည်း ထိန်းမရအောင်ဖြစ်တာမျိုး၊ စိတ်ဓာတ်ကျရင်လည်း လုံးဝကို အောက်ဆုံးထိ စိတ်ဓာတ်ကျသလို ဖြစ်သွားတာမျိုးတွေ ခံစားရတတ်ပါတယ်။ ဒါကြောင့် Social Media ကို လျှော့သုံးပြီး ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ စာဖတ်တာပဲဖြစ်ဖြစ် အစားထိုးလုပ်ပါ။ အပေါ်မှာပြောခဲ့တဲ့အရာတွေကိုလည်း မှန်မှန်လုပ်သွားပေးပါ။

ဒီလောက်ဆိုရင်တော့ Mood Swings ဖြစ်တာက သိသိသာသာကို သက်သာပြီးလျော့ကျသွားမှာ သေချာပါတယ်။



#အစားအသောက်
#SocialMedia
#တရားထိုင်
#စိတ်ပိုင်းဆိုင်ရာ
#လေ့ကျင့်ခန်း

Some text some message..