လမ်းခွဲပြီးနောက်ပိုင်း မိန်းကလေးတွေပိုလှ ပိုရင့်ကျက်သွားတယ်ဆိုတာ ဒါကြောင့်ပါ
trend.com.mm
|
2018-09-17

လမ်းခွဲခြင်းမှာတောင် မိန်းကလေးနဲ့ယောကျ်ားလေး ခံစားချက်ကွာခြားတာတွေရှိပါတယ်။ယူတို့လည်း လမ်းခွဲပြီးမှပိုလှလာတဲ့မိန်းကလေးတွေ တွေ့ဖူးမှာပါ။ဒါမှမဟုတ် ချစ်သူနဲ့လမ်းခွဲပြီးနောက်ပိုင်း ပိုလှလာတယ်လို့ချီးကျူးခံခဲ့ဖူးမှှာပေါ့။ဒီလို လမ်းခွဲပြီးနောက်ပိုင်းမှာ မိန်းကလေးတွေဘာကြောင့်ပိုလှလာကြတာလဲ?အပေါ်မှာပြောခဲ့သလိုအဓိကက ခံစားချက်ကွာခြားတာကြောင့်ပါပဲ။လေ့လာချက်တွေအရတော့ လမ်းခွဲပြီးတဲ့နောက်ပိုင်းမှာအများအားဖြင့် မိန်းကလေးနဲ့ယောကျာ်းလေး ဒီလိုခံစားချက်တွေကွာခြားကြတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။




စစလမ်းခွဲတဲ့အချိန်မှာ မိန်းကလေးတွေအတွက်အဲ့ဒီအချိန်ကာလက ငရဲပါပဲ။စားလို့လည်းမရ၊အိပ်လို့လည်းမရ၊ချစ်သူကိုပဲသတိတွေရနေတယ်။ပြန်စာမလာမှန်းသိပေမဲ့ ညတိုင်းမက်ဆေ့ချ်တွေပို့မိနေတယ်။သူ့ကိုပြန်လိုချင်တဲ့အကြောင်း၊ပြန်လာပေးပါဆိုတဲ့အကြောင်းပြောနေမိမယ်။တစ်ခါတစ်လေ ခိုးကြောင်ခိုးဝှက် သွားတွေ့တာတွေရှိမယ်။သူနဲ့ပို့ခဲ့တဲ့ Conversation တောင်မဖျက်ရက်နိုင်သေးဘူး။သွေးအေးသွားရင် သူပြန်လာမှာပါဆိုပြီးစောင့်နေမိတယ်။ဆိုရှယ်မီဒီယာပေါ်မှာလည်း သူ့ကိုချစ်နေဆဲဆိုတဲ့အကြောင်းတွေတင်နေဆဲအချိန်ကာလဖြစ်သလို သူ့ဝေါလ်ထဲ ခေါက်တုံ့ခေါက်ပြန်သွားလာနေမိတဲ့အချိန်ကာလတွေလည်းဖြစ်တယ်။ဘယ်လောက်ထိဖြစ်တတ်လဲဆိုအရင်လိုအတူတူရှိနေဖို့ ကိုယ့်ဘက်က စတောင်းပန်ဖို့အဆင်သင့်ဖြစ်နေတတ်တယ်။သူ မပါပဲ ရှေ့ဆက်လျှောက်ရမယ့်နေ့တွေအတွက်အဆင်သင့်မဖြစ်သေးဘူး။ကိုယ်က တစ်ကမ္ဘာလုံးမှာတစ်ယောက်တည်းရှိနေသလိုခံစားနေရတတ်တယ်



ဒါပေမဲ့ …မိန်းကလေးဘက်က ချစ်သူရဲ့လျစ်လျူရှုမှှု၊ကိုယ်မပါလည်း ပျော်နေနိုင်တဲ့သူကိုကြည့်ရတဲ့ခံစားချက်၊မျှော်လင့်ထားသလိုမဖြစ်လာဘူးဆိုတာ သိလိုက်ရတဲ့အချိန်တွေ၊သူပြန်လာဖို့စောင့်နေတာကိုရပ်လိုက်သင့်ပြီဆိုတဲ့အေးစက်စက်ခံစားချက်တွေ၊သူမရဲ့အချစ်နဲ့ထိုက်တန်တဲ့သူက သူမကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာတွေ နားလည်သွားတဲ့အချိန်ကာလတစ်ခုမှာတော့ သူ့ဆီလှမ်းဖို့ကြိုးစားနေတဲ့ခြေလှမ်းတွေကို ပြန်ပြီးပြင်ဆင်လိုက်နိုင်ပါပြီ။

ယောကျ်ားလေးတွေအတွက်ကတော့ လမ်းခွဲစအချိန်တုန်းက လွတ်လပ်ပြီဆိုပြီး ပျော်စရာအတိပြီးခဲ့ပေမဲ့အချိန်တွေကြာလာလေ သူမကိုတကယ်ချစ်ခဲ့မှန်းသိလာလေ၊သူ့အပေါ် တကယ်ချစ်တဲ့သူတစ်ယောက်၊ပြန်လာဖို့တောင်းပန်နေတဲ့သူတစ်ယောက်အပေါ် ဘယ်လိုအမှားမျိုးကျူးလွန်မိခဲ့လဲဆိုတာ၊ပြီးတော့ သူမကိုပိုင်ဆိုင်ခဲ့ရလို့သူဘယ်လောက်ထိကံကောင်းခဲ့လဲဆိုတာတွေ၊သူမကို လိုအပ်နေဆဲပဲလို့ နားလည်သွားတဲ့အချိန်မှာတော့ သူ့အတွက်အလွမ်းအဆွေးအချိန်ကာလဆိုတာ ရှေ့ဆက်မယ့်နေ့ရက်တစ်လျှောက်လုံးနီးပါးပါပဲ။




အဲ့ဒီအချိန်မှာ မိန်းကလေးတွေကတော့အချစ်နဲ့နာကျင်မှုဆိုတာကို ခံစားဖူးခဲ့ပြီ။မျှော်လင့်တိုင်းလည်းဖြစ်မလာဘူးဆိုတာကိုလက်ခံတတ်ခဲ့ပြီ။သူမနဲ့ထိုက်တန်တဲ့ ဘဝလက်တွဲဖော်ကိုလည်း ဒီအတွေ့အကြုံတွေကနေ သေချာရှာတတ်ခဲ့ပြီ။ဒီတော့ သူမရဲ့နေ့ရက်တွေဟာ မှောင်နေရာကနေ လင်းလက်တောက်ပလာပြီး ဘဝကိုအလှပဆုံးဖြတ်သန်းဖို့ပဲ ရှိတော့တာပါ။အဲ့ဒါကြောင့် ကိုယ့်ကိုယ့်ကိုယ်အလှပဆုံးပြင်ဆင်တယ်။မလေ့လာရသေးတာတွေလေ့လာတယ်။အမှောင်ဖုံးနေတုန်း မမြင်လိုက်ရတဲ့အလှတရားတွေကိုပြန်ရှာဖို့ကြိုးစားတယ်။ဒီလောက်ပါပဲ…


လမ်းခွဲပြီးနောက်ပိုင်းမိန်းကလေးတွေက ပိုလှလာကြသလို ပိုပြီးတော့လည်း ရင့်ကျက်လာကြပါတယ်



Unicode

လမ်းခွဲခြင်းမှာတောင် မိန်းကလေးနဲ့ယောကျ်ားလေး ခံစားချက်ကွာခြားတာတွေရှိပါတယ်။ယူတို့လည်း လမ်းခွဲပြီးမှပိုလှလာတဲ့မိန်းကလေးတွေ တွေ့ဖူးမှာပါ။ဒါမှမဟုတ် ချစ်သူနဲ့လမ်းခွဲပြီးနောက်ပိုင်း ပိုလှလာတယ်လို့ချီးကျူးခံခဲ့ဖူးမှှာပေါ့။ဒီလို လမ်းခွဲပြီးနောက်ပိုင်းမှာ မိန်းကလေးတွေဘာကြောင့်ပိုလှလာကြတာလဲ?အပေါ်မှာပြောခဲ့သလို အဓိကက ခံစားချက်ကွာခြားတာကြောင့်ပါပဲ။လေ့လာချက်တွေအရတော့ လမ်းခွဲပြီးတဲ့နောက်ပိုင်းမှာ အများအားဖြင့် မိန်းကလေးနဲ့ယောကျာ်းလေး ဒီလိုခံစားချက်တွေကွာခြားကြတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

စစလမ်းခွဲတဲ့အချိန်မှာ မိန်းကလေးတွေအတွက် အဲ့ဒီအချိန်ကာလက ငရဲပါပဲ။စားလို့လည်းမရ၊အိပ်လို့လည်းမရ၊ချစ်သူကိုပဲသတိတွေရနေတယ်။ပြန်စာမလာမှန်းသိပေမဲ့ ညတိုင်းမက်ဆေ့ချ်တွေပို့မိနေတယ်။သူ့ကိုပြန်လိုချင်တဲ့အကြောင်း၊ပြန်လာပေးပါဆိုတဲ့အကြောင်းပြောနေမိမယ်။တစ်ခါတစ်လေ ခိုးကြောင်ခိုးဝှက်သွားတွေ့တာတွေရှိမယ်။သူနဲ့ပို့ခဲ့တဲ့ Conversation တောင်မဖျက်ရက်နိုင်သေးဘူး။သွေးအေးသွားရင် သူပြန်လာမှာပါဆိုပြီးစောင့်နေမိတယ်။ဆိုရှယ်မီဒီယာပေါ်မှာလည်း သူ့ကိုချစ်နေဆဲဆိုတဲ့အကြောင်းတွေတင်နေဆဲ အချိန်ကာလဖြစ်သလို သူ့ဝေါလ်ထဲ ခေါက်တုံ့ခေါက်ပြန်သွားလာနေမိတဲ့အချိန်ကာလတွေလည်းဖြစ်တယ်။ဘယ်လောက်ထိဖြစ်တတ်လဲဆို အရင်လိုအတူတူရှိနေဖို့ ကိုယ့်ဘက်က စတောင်းပန်ဖို့အဆင်သင့်ဖြစ်နေတတ်တယ်။သူ မပါပဲ ရှေ့ဆက်လျှောက်ရမယ့်နေ့တွေအတွက် အဆင်သင့်မဖြစ်သေးဘူး။ကိုယ်က တစ်ကမ္ဘာလုံးမှာတစ်ယောက်တည်းရှိနေသလိုခံစားနေရတတ်တယ်


ဒါပေမဲ့ …မိန်းကလေးဘက်က ချစ်သူရဲ ့လျစ်လျူရှုမှှု၊ကိုယ်မပါလည်း ပျော်နေနိုင်တဲ့သူကိုကြည့်ရတဲ့ခံစားချက်၊မျှော်လင့်ထားသလိုမဖြစ်လာဘူးဆိုတာ သိလိုက်ရတဲ့အချိန်တွေ၊သူပြန်လာဖို့စောင့်နေတာကိုရပ်လိုက်သင့်ပြီဆိုတဲ့အေးစက်စက်ခံစားချက်တွေ၊သူမရဲ့အချစ်နဲ့ထိုက်တန်တဲ့သူက သူမကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာတွေ နားလည်သွားတဲ့အချိန်ကာလတစ်ခုမှာတော့ သူ့ဆီလှမ်းဖို့ကြိုးစားနေတဲ့ခြေလှမ်းတွေကို ပြန်ပြီးပြင်ဆင်လိုက်နိုင်ပါပြီ။

ယောကျ်ားလေးတွေအတွက်ကတော့ လမ်းခွဲစအချိန်တုန်းက လွတ်လပ်ပြီဆိုပြီး ပျော်စရာအတိပြီးခဲ့ပေမဲ့ အချိန်တွေကြာလာလေ သူမကိုတကယ်ချစ်ခဲ့မှန်းသိလာလေ၊သူ့အပေါ် တကယ်ချစ်တဲ့သူတစ်ယောက်၊ပြန်လာဖို့တောင်းပန်နေတဲ့သူတစ်ယောက်အပေါ် ဘယ်လိုအမှားမျိုးကျူးလွန်မိခဲ့လဲဆိုတာ၊ပြီးတော့ သူမကိုပိုင်ဆိုင်ခဲ့ရလို့သူဘယ်လောက်ထိကံကောင်းခဲ့လဲဆိုတာတွေ၊သူမကို လိုအပ်နေဆဲပဲလို့ နားလည်သွားတဲ့အချိန်မှာတော့ သူ့အတွက် အလွမ်းအဆွေးအချိန်ကာလဆိုတာ ရှေ့ဆက်မယ့်နေ့ရက်တစ်လျှောက်လုံးနီးပါးပါပဲ။

အဲ့ဒီအချိန်မှာ မိန်းကလေးတွေကတော့ အချစ်နဲ့နာကျင်မှုဆိုတာကို ခံစားဖူးခဲ့ပြီ။မျှော်လင့်တိုင်းလည်းဖြစ်မလာဘူးဆိုတာကိုလက်ခံတတ်ခဲ့ပြီ။သူမနဲ့ထိုက်တန်တဲ့ ဘဝလက်တွဲဖော်ကိုလည်း ဒီအတွေ့အကြုံတွေကနေ သေချာရှာတတ်ခဲ့ပြီ။ဒီတော့ သူမရဲ ့နေ့ရက်တွေဟာ မှောင်နေရာကနေ လင်းလက်တောက်ပလာပြီး ဘဝကို အလှပဆုံးဖြတ်သန်းဖို့ပဲ ရှိတော့တာပါ။အဲ့ဒါကြောင့် ကိုယ့်ကိုယ့်ကိုယ်အလှပဆုံးပြင်ဆင်တယ်။မလေ့လာရသေးတာတွေလေ့လာတယ်။အမှောင်ဖုံးနေတုန်း မမြင်လိုက်ရတဲ့ အလှတရားတွေကိုပြန်ရှာဖို့ကြိုးစားတယ်။ဒီလောက်ပါပဲ…

လမ်းခွဲပြီးနောက်ပိုင်းမိန်းကလေးတွေက ပိုလှလာကြသလို ပိုပြီးတော့လည်းရင့်ကျက်လာကြပါတယ်


#လမ်းခွဲ
#အချိန်ကာလ
#မိန်းကလေး
#အလှ
#မိ

Some text some message..