လူအများစု သိပ်မသိကြသေးတဲ့ Coca-Cola ရဲ့အသုံးဝင်ပုံများ
shwemom.com
|
2019-05-14

Coca-Cola လို့ဆိုတာနဲ့ နာမည်ကြီးအချိုရည် Brand တစ်ခု သောက်စရာ တစ်ခုလို့ပဲ မြင်မိကြမှာပါ။အဲ့ဒီ Coca-Cola ဟာ သောက်ဖို့အတွက် မဟုတ်ပဲ တခြားအသုံးဝင်တဲ့ နေရာတွေအများကြီးရှိပါတယ်။အဲ့ဒါတွေကတော့…


(၁)သဘာဝဆံပင်ခွေ၊လိပ်ဆေး(ဆံပင်ကို တောက်ပစေ)

သူ့မှာဆိုရင် orthophosphoric acid ပါဝင်တာကြောင့် ဆံပင်ရဲ့အစွန်အဖျားအကျဆုံးအပိုင်း hair cuticle ကို ဂဟေဆော်ပေးလိုက်သလို ဖြစ်သွားစေနိုင် တဲ့အစွမ်းရှိပါတယ်။ဒါကြောင့် ဆံပင်ကိုအခွေအလိပ်လေး တွေ ဖြစ်သွားေ စနိုင်ပြီး ဆံသားကိုလည်း နူးညံ့တောက်ပြောင်စေနိုင်တဲ့အစွမ်းရှိပါတယ်။ပြု လုပ်န ည်းကတော့ ကိုကာကိုလာကို ဆံပင်ပေါ် လောင်းချပါ။(၁၀)(၁၅)မိန စ်လောက် နေရင်တော့ ရှန်ပူနဲ့ပြန်လျှော်ပစ်လိုက်ပါ။ဒီနည်းအားဖြင့် သဘာဝကျ ကျ လှပနေ တဲ့ ဆံပင်အခွေ၊အလိပ်လေးတွေကို ရရှိစေပါတယ်။


(၂)ဆံပင်မှာ ကပ်နေတဲ့ ပီကေကို ခွာပေးနိုင်





ဆံပင်မှာ ပီကေကပ်သွားရင် ကိုကာကိုလာကို ကပ်နေတဲ့ ပီကေ ပေါ် လောင်း ချလိုက်ပါ။မိနစ်အတော်ကြာထားပါ။ပြီးရ င်တော့ ပီကေကို ခွာလိုက်ပါ။


(၃)ချွတ်ဆေး

ကိုယ့်ရဲ့ ဆံပင်အရောင်က ဆေးဆိုးလိုက်တဲ့အခါအရောင်အရမ်း တော က် လို့စိတ်ညစ်နေရင် ကိုကာကိုလာအနည်း ယ်နဲ့ ခေါင်းလျှော် ပေးပါ။နောက် တစ် ခုကတော့အဝတ်အစားတွေမှာ ဆီတွေ စွန်းထင်းသွားရင်လည်း ကိုကာကို လာ က ချွတ်ပေးနိုင်တယ်လို့ သိရပါတယ်။


(၄)အပင်ဖျက်အင်းဆက်ရန်ကနေ ကာကွယ်ပေးနိုင်

အိန္ဒိယမှာဆိုရင် လယ်သမားတွေကို ကိုကာကိုလာကိုအင်းဆက် ကာကွယ် ဆေးအဖြစ် သုံးကြပါတယ်။ဓါတု ပစ္စ ည်းတော့မပါပေမယ့် သူ့မှာ သကြားရည် ပါပါတယ်။အဲ့ဒီသကြားရည်ကအင်းဆက်ပိုးမွှားတွေ ကြောက်တဲ့ ပုရွတ်ဆိတ် နီတွေကို ဖိတ် ခေါ်ပေးနိုင်ပါတယ်။ဒါကြောင့် ဥယျာဉ်ထဲမှာ ကိုကာ ကိုလာ ဖြန်းလိုက်ရင်အင်းဆက်ပိုးမွှားတွေ မလာတော့ပါဘူး။


(၅)နာကျင်၊ယားယံမှုကို သက်သာစေ





အင်းဆက်အကောင်တစ်ကောင်ကောင် ကိုက်တာ ခံလိုက်ရတယ်ဆိုရင်တော့ ဂွမ်းကို ကိုကာကိုလာစွတ်ပြီးအကိုက်ခံရတဲ့အပေါ်အုပ်ထားပေးပါ။ယားယံ နာကျင်နောတွေကို သက်သာစေပါတယ်။သူ့မှာပါတဲ့ caffeine ကြောင့် ထုံဆေးလိုအစွမ်းမျိုး သူ့မှာရှိပါတယ်။


(၆)ရေချိုးခန်းနဲ့အိုးခွက် ပန်းကန်တွေ ဆေးကြောနိုင်

ကိုကာကိုလာကို ဘေစင်တွေ၊ရေချိုးခန်းတွေကို သန့်ရှင်းရာမှာ သုံးလို့ရပါ တယ် ။ညစ်ပတ်နေတဲ့ နေရာပေါ်သို့ ကိုကာကိုလာလောင်းပါ။ညပိုင်း လောက် လော င်းထားပြီး တစ်ညလုံး ထားပေးလိုက်တာအကောင်းဆုံးပါ။အိမ်သာ ဆေးလို့လ ည်း ရပါတယ်။မနက်ကျမှ ပြန်ပြီး ရေလောင်းချပေးပါ။အိုးခွက် ပန်းကန်တွေကို ဆိုရင်လည်းအဲ့ဒီအတိုင်းပဲအ သုံးပြုပေးပါ။နောက်တစ်ခုကတော့အကြွေစေ့ေ တွရှိရင်လည်းအဲ့ဒီအကြွေ စေ့တွေ တောက်ပြောင်လာဖို့အတွက် ကိုကာကို လာကိုအသုံးပြု လို့ ရပါ တယ်။ဗူးတစ်ခုထဲကို ကိုကာကိုလာထည့်၊အကြွေေ စ့ကို ထည့် ပြီးရင် လှုပ်ပေး ပြီးရင်တော့ ၊(၁၅)မိနစ်လောက် စိမ်ပေးထားလိုက် ရုံပါပဲ။


(၇)အနံ့ချွတ်ဆေး





ဂတ်စ်အနံ့တစ်မျိုးမျိုး၊ငါးညှီနဲ့အစရှိတဲ့အနံ့ဆိုးတွေ စွဲထင်နေတဲ့အဝတ်အစားတွေ ရှိမယ်ဆိုရင် ရေနဲ့ ကိုကာကိုလာအချိုးညီစွာရောပြီးအဲ့ဒီရေနဲ့ လျှော်ပေးပါ။ဒါပေမယ့်အဝတ်လျှော်စက်နဲ့ သုံးပြီးတော့ မလျှော်ပါနဲ့ ။လက်နဲ့ပဲ လျှော်ပေးပါ။


(၈)ဖုန်မှုန့်တွေကို သန့်ရှင်းပေးနိုင်

ဖုန်မှုန်တွေကို လည်း သန့်ရှင်းပေးနိုင်ပါတယ်။ကိုကာကိုလာအရည်ကိုအဝတ် စုတ်၊ရေမြှုပ်(အရည်စုပ်ယူမှုအားကောင်းတဲ့အဝတ်စမျိုး)ကို လောင်းပါ။အဲ့ဒီအဝတ်ဖတ်နဲ့ရေမြှုပ်ကို သုံးပြီး သန့်ရှင်းရေး လုပ်ပေးရမှာပါ။


(၉)ကြွက်သတ်ဆေးအဖြစ်သုံးနိုင်

ကြွက်သတ်ဆေးအဖြစ်လည်း သုံးနိုင်တယ်လို့ သိရပါတယ်။ကြွက် တွေ လာ တတ်တဲ့ နေရာမှာ ကိုကာကိုလာကို ခွက်ထဲထည့်ပါ။ကြွက်တွေကအချိုရည် ကြိုက်တဲ့အတွက် သောက်မိပြီး၊gas ကိုတော့ ပြန်မထုတ်နိုင်တဲ့အတွက် သေစေနိုင်ပါတယ်။


(၁၀)ဝက်အူတွေအရစ်ပြုန်းနေရင်

ဝက်အူတွေအရစ်ပြုန်းနေရင်လည်း ကိုကာကိုလာ ကိုအသုံးပြုလို့ရပါတယ်။အဝတ်စကို ကိုကာကိုလာစွတ် ပြီးရင်တော့အရစ်ပြုန်းနေတဲ့ ဝက်အူတွေကို သုတ်ပေးရမှာပါ။


(၁၁)မျက်မှန်ဆေးလို့ရ





ကိုကာကိုလာကို မျက်မှန်ပေါ် လောင်းချပါ။ပြီးရင်တော့ ရေနဲ့ ပြန်လောင်းချပြီး ဆေးပါ။အခြောက်ခံပါ။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည် ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်းအသိပေး ကြေညာအပ်ပါသည်။
Ref;brightside


#ကိုကာကိုလာ
#ဆံပင်
#ဝက်အူ
#ကြွေစေ့
#အဝတ်

Some text some message..