စိတ်လှုပ်ရှားမြန်တတ်တဲ့အကျင့်ကိုဘယ်လိုထိန်းချုပ်ကြမလဲ?
trend.com.mm
|
2019-05-19




ဘာအရာမဆိုစိတ်လှုပ်ရှားတတ်တဲ့ စိတ်ကအရင်ဖြစ်နေတဲ့အကျင့်ကြီးကို ပိုင်ဆိုင်ထားကြပြီလား? ပြဿနာ တစ်ခုခုနဲ့ ကြီးမားစွာတွေ့ကြုံ
ရမှ စိတ်လှုပ်ရှားတာမျိုးဖြစ်တတ်ကြပင်မဲ့ တစ်ချို့ ကေ တာ့ကိစ္စကြီးကြီးငယ်ငယ် ဘယ်ပဲဖြစ်ဖြစ် စိတ်လှုပ်ရှားပြီးထူပူတာမျိုးအရင်ဖြစ်တတ်တဲ့
သူမျိုးရှိပါတယ်။ ဒီလိုမျိုးစိတ်အရမ်းလှုပ်ရှား တတ်ခြင်းဟာ ကိုယ့်စိတ်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်းလို့ဆိုရမှာပါပဲ။ စိတ်မငြိမ်ပဲစိတ်များတဲ့သူတစ်ယောက်ဟာ ဘယ်လိုအကြောင်းမျိုးမှာမဆို ဆုံးဖြတ်ချက်ကိုအရင်မချ၊ တွေးတောခြင်းကိုအရင်မစွမ်းဆောင်ပဲ စိတ်လှုပ်ရှားမှုနဲ့စတင်တတ်ကြပါတယ်။ ဒီလို စိတ်အရင်လှုပ်ရှားတာကြောင့် ဆုံးဖြတ်ရမဲ့ကိစ္စတွေမှာအမှားအယွင်းဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်
စိတ်လှုပ်ရှားတတ်တဲ့အကျင့်ဆိုးကြီးကို ကိုယ့်ဘဝထဲ ကနေတစ်ဖြည်းဖြည်းထွက်သွားအောင် ကိုယ်တိုင်ပဲထိန်းချုပ်ရအောင်…





အရင်ဆုံး ကိုယ့်ရဲ့ စိတ်ကိုဘယ်လိုနေရာမျိုးတွေမှာပိုပြီးလှုပ်ရှားတတ်သလဲဆိုတာ ကိုရှာဖွေကြည့်ပါ။ ကိုယ့်အတွက်စိတ်အလှုပ်ရှားရဆုံးလို့ဆိုတဲ့အချိန်တွေကို များများကြုံတွေ့အောင်ဖန်တီးပြီးအသားကျအောင်နေကြည့်ပါ။ ဥပမာ-ကိုယ်ကအမှောင်ထဲသွားရရင်စိတ်လှုပ်ရှားတတ်တယ်လို့ခံစားရတဲ့အခါအမှောင်ထဲကိုများများသွားကြည့်ပြီးအသားကျအောင်နေကြည့်တာမျိုးပေါ့။
နောက်တစ်နည်းကတော့ စိတ်ကို ငြိမ်အောင်ထားနိုင်အောင်ကြိုးစားပါ။စိတ်ကို ငြိမ်အောင်ထားတဲ့နေရာမှာလေ့ကျင့်ခန်းတစ်ခုခုကို စွဲစွဲမြဲမြဲလုပ်တာပဲဖြစ်ဖြစ်ပြုလုပ်ကြည့်ပါ။ဒီလိုမှမဟုတ်ရင် တရားထိုင်တာမျိုး ယောဂကျင့်တာမျိုးကို တစ်စိုက်မတ်မတ်လုပ်ပေးသင့်ပါတယ်။ ကိုယ့်စိတ်ကို ကိုယ်ကောင်းကောင်းကြီးထိန်းချုပ်နိုင်ပြီ ၊ ကိုယ့်ဒေါသကို ကိုယ်ကောင်းကောင်းကြီးထိန်းချုပ်နိုင်ပြီဆိုရင် တစ်စုံတစ်ခုဖြစ်လာတိုင်းမှာ စိတ်လှုပ်ရှားပြီးစိတ်မတည်မငြိမ်ဖြစ်တာမျိုးတွေကို လျော့ပါးစေမှာပါ။
နောက်ဆုံးလုပ်သင့်တဲ့စိတ်လှုပ်ရှားတာကိုထိန်းချုပ်တဲ့နည်းက နံပါတ်စဉ်ရေတာပါပဲ။ ကိုယ့်စိတ်က တစ်ခုခုကြောင့်ထိန်းချုပ်ရခကျ်နေတဲ့အခါ တစ်ကနေ ၂၀လောက်အထိဖြည်းဖြည်းချင်းရေပေးပြီးစိတ်ကိုပြန်ထိန်းချုပ်ကြည့်ပါ။ ဒီနည်းလေးကလည်းသင့်ရဲ့တစ်ခုခုဆို စိတ်လှုပ်ရှားတတ်တဲ့ ရောဂါကို သက်သာသွားစေနိုင်ပါတယ်။
စိတ်လှုပ်ရှားလွန်းလွန်းလို့ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်ရခက်နေပြီဆိုရင် တော့အပေါ်ကပြောထားတဲ့နည်းလမ်းလေးတွေနဲ့
စိတ်လှုပ်ရှားခြင်းကိုထိန်းချုပ်နိုင်ပါစေ။







Unicode

ဘာအရာမဆိုစိတ်လှုပ်ရှားတတ်တဲ့ စိတ်ကအရင်ဖြစ်နေတဲ့ အကျင့်ကြီးကို ပိုင်ဆိုင်ထားကြပြီလား? ပြဿနာ တစ်ခုခုနဲ့ ကြီးမားစွာတွေ့ကြုံရမှ စိတ်လှုပ်ရှားတာမျိုးဖြစ်တတ်ကြပင်မဲ့ တစ်ချို့ ကေ တာ့ကိစ္စကြီးကြီးငယ်ငယ် ဘယ်ပဲဖြစ်ဖြစ် စိတ်လှုပ်ရှားပြီးထူပူတာမျိုးအရင်ဖြစ်တတ်တဲ့သူမျိုးရှိပါတယ်။ ဒီလိုမျိုးစိတ်အရမ်းလှုပ်ရှား တတ်ခြင်းဟာ ကိုယ့်စိတ်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်းလို့ဆိုရမှာပါပဲ။ စိတ်မငြိမ်ပဲစိတ်များတဲ့သူတစ်ယောက်ဟာ ဘယ်လိုအကြောင်းမျိုးမှာမဆို ဆုံးဖြတ်ချက်ကိုအရင်မချ၊ တွေးတောခြင်းကိုအရင်မစွမ်းဆောင်ပဲ စိတ်လှုပ်ရှားမှုနဲ့စတင်တတ်ကြပါတယ်။ ဒီလို စိတ်အရင်လှုပ်ရှားတာကြောင့် ဆုံးဖြတ်ရမဲ့ကိစ္စတွေမှာ အမှားအယွင်းဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်စိတ်လှုပ်ရှားတတ်တဲ့ အကျင့်ဆိုးကြီးကို ကိုယ့်ဘဝထဲ ကနေတစ်ဖြည်းဖြည်းထွက်သွားအောင် ကိုယ်တိုင်ပဲထိန်းချုပ်ရအောင်…အရင်ဆုံး ကိုယ့်ရဲ့ စိတ်ကိုဘယ်လိုနေရာမျိုးတွေမှာပိုပြီးလှုပ်ရှားတတ်သလဲဆိုတာ ကိုရှာဖွေကြည့်ပါ။ ကိုယ့်အတွက်စိတ်အလှုပ်ရှားရဆုံးလို့ဆိုတဲ့အချိန်တွေကို များများကြုံတွေ့အောင်ဖန်တီးပြီးအသားကျအောင်နေကြည့်ပါ။ ဥပမာ-ကိုယ်ကအမှောင်ထဲသွားရရင်စိတ်လှုပ်ရှားတတ်တယ်လို့ခံစားရတဲ့အခါအမှောင်ထဲကိုများများသွားကြည့်ပြီးအသားကျအောင်နေကြည့်တာမျိုးပေါ့။ နောက်တစ်နည်းကတော့ စိတ်ကို ငြိမ်အောင်ထားနိုင်အောင်ကြိုးစားပါ။စိတ်ကို ငြိမ်အောင်ထားတဲ့နေရာမှာလေ့ကျင့်ခန်းတစ်ခုခုကို စွဲစွဲမြဲမြဲလုပ်တာပဲဖြစ်ဖြစ်ပြုလုပ်ကြည့်ပါ။ဒီလိုမှမဟုတ်ရင် တရားထိုင်တာမျိုး ယောဂကျင့်တာမျိုးကို တစ်စိုက်မတ်မတ်လုပ်ပေးသင့်ပါတယ်။ ကိုယ့်စိတ်ကို ကိုယ်ကောင်းကောင်းကြီးထိန်းချုပ်နိုင်ပြီ ၊ ကိုယ့်ဒေါသကို ကိုယ်ကောင်းကောင်းကြီးထိန်းချုပ်နိုင်ပြီဆိုရင် တစ်စုံတစ်ခုဖြစ်လာတိုင်းမှာ စိတ်လှုပ်ရှားပြီးစိတ်မတည်မငြိမ်ဖြစ်တာမျိုးတွေကို လျော့ပါးစေမှာပါ။နောက်ဆုံးလုပ်သင့်တဲ့စိတ်လှုပ်ရှားတာကိုထိန်းချုပ်တဲ့နည်းက နံပါတ်စဉ်ရေတာပါပဲ။ ကိုယ့်စိတ်က တစ်ခုခုကြောင့်ထိန်းချုပ်ရခကျ်နေတဲ့အခါ တစ်ကနေ ၂ဝလောက်အထိဖြည်းဖြည်းချင်းရေပေးပြီးစိတ်ကိုပြန်ထိန်းချုပ်ကြည့်ပါ။ ဒီနည်းလေးကလည်းသင့်ရဲ့တစ်ခုခုဆို စိတ်လှုပ်ရှားတတ်တဲ့ ရောဂါကို သက်သာသွားစေနိုင်ပါတယ်။စိတ်လှုပ်ရှားလွန်းလွန်းလို့ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်ရခက်နေပြီဆိုရင် တော့ အပေါ်ကပြောထားတဲ့နည်းလမ်းလေးတွေနဲ့စိတ်လှုပ်ရှားခြင်းကိုထိန်းချုပ်နိုင်ပါစေ။


#ရှား
#စိတ်
#အမှောင်
#ကိုကို
#ဒေါသ

Some text some message..