ဝေဖန်ခံနေရတဲ့ စုံတွဲပုံတွေကြောင့် ပြန်တုန့်ပြန်လိုက်တဲ့ Miki Weber တို့ချစ်သူနှစ်ဦး
popolay.com
|
2019-05-20
မြန်မာနိုင်ငံရဲ့အနုပညာလောကထဲမှာအဆိုတော်၊ သရုပ်ဆောင်အဖြစ်လုပ်ကိုင်နေတဲ့ ဂျာမနီနိုင်ငံသား Miki Weber ကိုတော့ ပရိသတ်ကြီးအားလုံးက သိကြမယ်ထင်ပါတယ်။အရပ်မြင့်မြင့်၊ သန့်ပြန့်တဲ့သွင်ပြင်စတိုင်နဲ့ Miki ကတော့ နိုင်ငံခြားသားဖြစ်ပေမယ့် မြန်မာပြည်ကြီးကိုအလွန်ချစ်မြတ်နိုးသူဖြစ်ပြီး မြန်မာစကားကိုလည်း ရေလည်အောင်ပြောဆိုတတ်တာကြောင့် ပရိသတ်တွေက သဘောကျကာ ချစ်ခင်အားပေးနေကြရတာဖြစ်ပါတယ်။

မြန်မာပြည်ကို ချစ်မြတ်နိုးတဲ့ Miki ကတော့ မြန်မာမလေးတစ်ယောက်ကိုလည်း ချစ်သူအဖြစ်ပိုင်ဆိုင်ထားပါသေးတယ်။ တစ်ဦးနဲ့တစ်ဦး ဘာသာမတူ၊ လူမျိုးမတူအယူအဆတွေမတူညီတဲ့အသိုင်းအဝိုင်းကဖြစ်ပေမယ့် Miki နဲ့ စုစုဝေတို့ ချစ်သူနှစ်ဦးကတော့ နားလည်မှု၊ ယုံကြည်မှုတွေနဲ့ ပျော်ရွှင်တဲ့အချစ်ရေးတစ်ခုကို တည်ဆောက်ထားပြီး ပရိသတ်ကြီးက သူတို့စုံတွဲလေးကို ချစ်ခင်အားပေးနေကြတာပါ။







သို့ပေမယ့် လတ်တလောမှာတော့ Miki နဲ့ စုစုဝေတို့ ချစ်သူစုံတွဲလေးဟာဆိုရင်အွန်လိုင်းပေါ်မှာ လူအများရဲ့ဝေဖန်ခြင်းကိုခံနေရတာဖြစ်ပါတယ်။ Miki ကသူ့ရဲ့လူမှုကွန်ယက်မှာ “Sedona မှာတည်းရတာအရာရာအဆင်ပြေတယ်” ဆိုပြီး ချစ်သူနဲ့အတူတူ Sedona Hotel မှာ တည်းခိုခဲ့တဲ့ပုံတွေကို တင်ထားခဲ့ပြီး ထိုပုံတွေကြောင့် လူအများရဲ့ဝေဖန်ပြောဆိုခြင်းကိုခံနေရတာဖြစ်ပါတယ်။













သူတို့နှစ်ယောက်ရဲ့ပုံတွေအောက်မှာ လာရောက်ဝေဖန်ပြောဆိုနေကြသူတွေကိုတော့ Miki နဲ့ သူ့ရဲ့ချစ်သူဖြစ်သူ စုစုဝေတို့က ပြန်လည်တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ ဝေဖန်နေကြသူတွေကို Miki က “အားလုံးကိုချစ်တယ် မုန်းတဲ့သူတွေကိုလဲချစ်တယ်။ မုန်းတဲ့သူေတွေကိုလဲ တစ်ခုပြောချင်တယ် ဆောရီးပါနော် ကိုယ့်ဘဝကိုပဲ ပျော်ရွှင်ေအောင်နေထိုင်ပါ။ ကျတော်ကတော့ ကျတော့်ဘဝမှာအရမ်းပျော်ရွှင်နေတယ်။ I hope you also find happiness in your life. Dont hate others because you hate yourself “ ဆိုပြီး ဝေဖန်နေကြသူတွေကိုအမုန်းမပွားဖို့နဲ့ ကိုယ့်ဘဝကိုယ် ပျော်အောင်နေဖို့ပြောထားပြီး

ချစ်သူဖြစ်သူ စုစုဝေကလည်း “ကိုယ်တွေနှစ်ယောက်ပုံအောက်မှာ စိတ်ဓါတ်အောက်တန်းကျတဲ့ ကော့မန့်လာမန့်တဲ့သူမှန်သမျှ ဂရုမစိုက်ဘူးနော် ကိုယ့်ကိုကိုယ်ပဲ ကောင်းအောင်နေပါ သူများကိစ္စ ဝင်မယောင်ပါနဲ့” ဆိုကာအပြစ်တင်ဝေဖန်ပြောဆိုနေကြသူတွေကို ပြန်တုန့်ပြန်လိုက်တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ.. လူတိုင်းကိုယ်စီမှာ ကိုယ့်ဘဝနဲ့ကိုယ်ရှိတာမို့ ကိုယ့်ဘဝကိုသာ ကောင်းအောင်နေထိုင်ပြီး သူများကိစ္စအရေးတွေကိုအချိန်တိုင်းလိုက်လံဝေဖန်မှုတွေ မပြုမိပါစေနဲ့နော်…




#ဖန်
#ချစ်သူ
#ပရိသတ်ကြီး
#ဘဝ
#ရေလည်

Some text some message..