အနာခံနိုင်တဲ့ မိန်းကလေးတွေခြေထောက်မှာပဲ တွယ်ကပ်တဲ့ဒေါက်ဖိနပ်တွေဆိုတာ
trend.com.mm
|
2019-05-20

မိန်းကလေး တော်တော်များများ ဒေါက်မြင့်ဖိနပ်ဝတ်ရတာကို ကြိုက်ပါတယ်။ မိန်းကလေးတစ်ယောက်ကို ပုံမှန်ဝတ်စားတာထက် ပိုပြီးကြည့်ကောင်းသွားစေတာကိုး။ ဒေါက်မြင့်ဖိနပ်ဝတ်ပြီး ကြော့ကြော့လေး လှတပတနေနိုင်ပေမယ့် နောက်ကွယ်က မိန်းမသားတို့ရဲ့ဒုက္ခလှလှကို မသိကြပါဘူးလေ။ ဒေါက်ဖိနပ်ဝတ်ရတာကို ကြိုက်တဲ့ ပျိုမေတွေ ၊ ဒေါက်ဖိနပ်စီးပြီးအမြဲအလုပ်လုပ်နေရတဲ့ မိန်းကလေးတွေအတွက် နာကျင်မှုတွေအချိန်ကြာကြာ မခံစားရလေအောင် နည်းလမ်းကောင်းလေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။


ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပေးရင်







ဖိနပ်ကြီး ရေခဲသေတ္တာထဲ ထည့်သိမ်းရတာ နည်းနည်းတော့ ကိုးလို့ကန့်လန့်ဖြစ်ပေမယ့် တစ်ခေါက်လောက်တော့ စမ်းသပ်ကြည့်ပါလို့အကြံပေးချင်ပါတယ်။အကြာကြီး ထည့်ထားစရာမလိုပါဘူး။ မိနစ် ၃၀လောက်အချိန်ပေးရင်ရပါတယ်။ သွားတဲ့အခါ ရေခဲသေတ္တာထဲက ထုတ်စီးသွားလိုက်ပါ။ သင့်ရဲ့ခြေထောက်ကိုအနွေးဓာတ်ကောင်းကောင်းပေးနိုင်တာကို သတိထားမိပါလိမ့်မယ်။ ရေခဲသေတ္တာထဲ မသိမ်းချင်ရင် ဖိနပ်ထဲ ရေခဲထုတ်လေးထည့်ထားပေးလည်း ရပါတယ်။အအေးပေးထားတာကြောင့် ဖိနပ်ကအနည်းငယ်တော့ ကျယ်သွားပါလိမ့်မယ်။


ခြေဖနောင့် သက်သာအောင်

အခုဆို ဒေါက်ဖိနပ်စီးတတ်သူတွေအတွက် ခြေဖနောင့်သက်သာအောင် ဆိုပြီး ဖော့ပြားအိအိလေးတွေ ရှိနေပါပြီ။ ခြေဖနောင့်အတွက်ကိုအထူးဒီဇိုင်းဖော်ထားတာကြောင့် တော်တော်လေးအဆင်ပြေစေမှာပါ။ ခြေဖနောင့် နာကျင်တာနဲ့ ခြေထောက်ပေါက်တာတို့ကို သက်သာစေတယ်။ ထိပ်ပွင့် ဒေါက်ဖိနပ်တွေ ဝတ်မယ်ဆိုရင် စီလီကွန် ဒီဇိုင်းကိုရွေးချယ်ပါ။ စီလီကွန် pad ကလည်း ခြေဖနောင့်အောက်ပိုင်းကို မနာကျင်အောင် ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။


Hydrating Cream







အပြင်ထွက်တဲ့အခါ Hydrating Cream လေးလိမ်းဖို့ မမေ့ပါနဲ့။ ခြေထောက်အသားရည်က ခြောက်သွေ့တဲ့အချိန်များပါတယ်။ ဒေါက်ဖိနပ်စီးရင် ပွန်းပဲ့တာတို့ ၊ ပေါက်ပြဲတို့ ပိုအဖြစ်များပါတယ်။အထူးသဖြင့် ဖိနပ်ကအသစ်ဖြစ်ပြီး ကျပ်နေတဲ့အခါမျိုးပေါ့။ ညအိပ်ဝင်ရင်လည်း Hydrating Creamပုံမှန်လိမ်းပေးပါ။ ဒါမှ ခြေထောက်က ရေဓာတ်ပြည့်ဝပြီး ကြည်လင်စိုပြေနေမှာပေါ့။


ကလေးပေါင်ဒါမှုန့်

ကလေးပေါင်ဒါမှုန့်အိမ်မှာရှိရင် ဒီနည်းလမ်းလေးလည်း စမ်းကြည့်ပါ။ ခြေထောက်မှာ ကလေးပေါင်ဒါလေး လိမ်းပြီးအပြင်ထွက်ကြည့်ပါ။ ခြေထောက်ချွေးထွက်ခြင်းနဲ့ ဖိနပ်ချောတာတို့၊ ပွန်းပဲ့ ပေါက်ပြဲတာတွေကို သက်သာစေပါတယ်။


ဒေါက်ဖိနပ်ကို မချွတ်ပစ်လိုက်ပါနဲ့

ဖိနပ်က ဝတ်ထားရတာအရမ်းနာနေပေမယ့် ချွတ်ပစ်လိုက်ရင် ပိုဆိုးပါလိမ့်မယ်။ ချက်ချင်း ချွတ်လိုက်ရင် သက်သာသွားမှာမှန်ပေမယ့် ပြီးရင် ပြန်ဝတ်လိုက်တဲ့အခါအနာကိုထပ်ဆွလိုက်သလိုဖြစ်ပြီး ပိုနာကျင်စေပါတယ်။ ဒါကြောင့် မချွတ်ပစ်ပါနဲ့။ မဝတ်ခင်တည်းက နာလောက်မယ့်နေရာတွေကို ကြိုတင်ပြင်ဆင်သွား မဟုတ်ရင် လမ်းမှာချွတ်ပစ်ဖို့ လုံးဝမတွေးပါနဲ့။


အိမ်မှာ လေ့ကျင့်ပြီး ဝတ်







ဒေါက်ဖိနပ်အသစ်ကိုအပြင်ထုတ်စီးတော့မယ်ဆိုရင်အပြင်မသွားခင် တစ်ပတ်လောက်အလိုတည်းကအိမ်မှာ စီးပေးပါ။ လျှောက်ရတာအဆင်ပြေလား ၊ ဘယ်နားနာလဲ ကြိုတင်သိနိုင်တာပေါ့။အပြင်ရောက်မှ နာနေရင် စိတ်အနှောင့်ယှက်ဖြစ်ရတယ်။ ဒါကြောင့်အိမ်မှာ ကြိုတင်စီစဉ်ပါ။ မှန်ကန်တဲ့ ဖိနပ်ကို ရွေးချယ်တတ်ဖို့လည်း လိုတယ်နော်။ တစ်ချို့တကယ်ကောင်းတဲ့ ဖိနပ်တွေဆို စီးတည်းကအိနေတာပဲ။ ခြေထောက်ပေါက် ပွန်းပဲ့တာမျိုးလည်း မရှိဘူး ပေးရတဲ့ဈေးက များပေမယ့် ဝတ်ရတာအဆင်ပြေရင် စိတ်ချမ်းသာရတာပေါ့။

ဒေါက်ဖိနပ်ကြောင့် မကြာခဏစိတ်ရှုပ်နေရတဲ့ ပျိုမေတို့အတွက် ဒီနည်းလမ်းလေးတွေကအထောက်ကူပြုပေးနိုင်လိမ့်မယ်ထင်ပါတယ်။အရေးပေါ်အနေနဲ့ ပလာစတာလေးတွေ ဆောင်ထားတာလည်း ကောင်းပါတယ်။ ဘာမှမရှိတဲ့အဆုံး ပလာစတာက ခြေထောက်နာတာကို ခဏတာတော့ သက်သာစေမှာပါ။


#ဒေါက်ဖိနပ်
#ဖိနပ်
#ခြေဖနောင့်
#ခြေထောက်
#ရေခဲသေတ္တာ

Some text some message..