
ခန္တာကိုယ်ပေါ်မှာအမွှေးအမျှင်လေးတွေနေရာစုံမှာရှိတတ်ကြပါတယ်။ဒါပေမယ့်မလိုအပ်တဲ့အမွှေးတွေကိုတော့ဖယ်ရှားဖို့လိုပါတယ်။ဖယ်ရှားပုံနည်းလမ်းမျိုးစုံရှိကြပါတယ်။နှုတ်တာ ၊ ရိတ်တာ တို့အပြင် Waxing ဆိုတဲ့အမွှေးကိုချွတ်တဲ့အခါဖယောင်း( သို့ ) ပျားဖယောင်းကိုသုံးပြီး
အမွှေးချွတ်ခြင်းဖြစ်ပါတယ်။နှုတ်တာက ကရိကထများစေပြီး (Shaving ) ရိတ် တာကလည်းအမွှေးတွေကိုအမြစ်ကနေမပါသွားတဲ့အတွက်အချိန်တိုအတွင်းပြန်ပေါက်စေပါတယ်။ဒါကြောင့်နောက်ပိုင်းခေတ်စားလာတဲ့နည်းလမ်းလေးကတော့ waxing လုပ်နည်းလေးပါဘဲ။
waxing လုပ်တယ်ဆိုတာကခန္တာကိုယ်ပေါ်မှာရှိတဲ့မလိုအပ်တဲ့အမွှေးအမျှင်လေးတွေကိုအမြစ်ကနေခေတ္တခဏဖယ်ရှားပေးနိုင်တဲ့အတွက်အမွှေးပြန်ပေါက်တဲ့အချိန်ကာလ ၄ပတ် ကနေ ၆ပတ်အတွင်းကြာပါတယ်။တစ်ဦးနဲ့တစ်ဦးအမွှေးပြန်ပေါက်တဲ့အချိန်တော့ကွဲပြားနိုင်ပါတယ်။
အရင်ကဆိုရင်အမွှေးအမျှင်ဖယ်ရှားလေ့ရှိတဲ့နေရာသိပ်မများတတ်ကြပါဘူး။နောက်ပိုင်းအလှအပရေးရာကိုပိုပြီးဂရုစိုက်လာကြတဲ့နောက် waxing လုပ်ခြင်းကိုပိုပြီးအသေးစိပ်ဂရုစိုက်လာကြပါတယ်။Wax လုပ်တဲ့အမျိုးအစားလေးတွေက Soft wax , hard wax ,fruit wax , sugar wax ,chocolate wax ဆိုပြီးခွဲထားပါတယ်။soft wax (strip waxing )ကဆိုရင်အပျော့စား Waxing လုပ်နည်းဖြစ်တဲ့အတွက်အိမ်မှာအလွယ်တကူလုပ်လို့လည်းရတဲ့နည်းလမ်းလေးဖြစ်ပြီး စက္ကူ ၊အဝတ်စစတာတွေကိုသုံးပြီးအမွှေးပေါက်တဲ့လားရာနဲ့ဆန့်ကျင်ဘက်ကနေဆွဲခွာလိုက်တဲ့အခါအမွှေးတွေပါသွားတဲ့အမွှေးချွတ်နည်းလေးပါ။အဲ့တာကတော့အမွှေးရောအရေပြားကိုပါဆွဲပါစေတာမို့ပိုုပြီးနာကျင်ပါတယ်။hard wax ကတော့စက္ကူတွေစာရွက်တွေမလိုဘဲ wax လုပ်မယ့်ဖယောင်းကိုအရမ်းမပူစေဘဲနွေးနွေးလေးကို ထူထူလေးတင်ပြီး
အေးသွားတဲ့အခါမာသွားတဲ့ဖယောင်းကိုအလွယ်တကူဖယ်ရှားလိုက်ရင်အမွှေးတွေပါသွားပြီ။တစ်ချို့ ခြေသလုံးမွှေးရှိတဲ့မိန်းကလေးတွေအမွှေးအမျှင်ထူတဲ့သူတွေ နောက်ပြီးတိကျပြတ်သားတဲ့ hair removeလုပ်ချင်သူတွေကတော့ hard waxing နည်းနဲ့ hair remove လုပ်လာကြပါတယ်။hard wax ကိုupper lips ,underarms ,bikini area တို့လိုနူးညံ့တဲ့နေရာတွေအတွက်သုံးပါတယ်။အခုဆိုTrendy ဖြစ်လာတာကတော့ bikini line ကို waxing လုပ်ခြင်းဘဲဖြစ်ပါတယ်။ပွင့်လင်းမြင်သာလာ
တာနဲ့အမျှကမ်းခြေသွားတဲ့အခါ ရေကူးကန်လိုနေရာ စတဲ့နေရာတွေအတွက်ရေကူးဝတ်စုံဝတ်တဲ့အခါအမျိုးသမီးတွေအနေနဲ့ပေါ်နေတဲ့အသားတွေကရှင်းရှင်းလင်းလင်းလှပနေဖို့လိုပါတယ်။ဒီအတွက်သိသင့်တယ်ထင်တာလေးတွေကိုမျှဝေပေးမယ်နော်။
၁.သင့် bikini line wax လုပ်မယ့် နေရာကအမွှေးကိုအချိန် ၄ပတ်ဘာမှမလုပ်ဘဲရှည်ခွင့်ပေးထားရပါမယ်။ဘာလို့လည်းဆိုတော့တိုနေတဲ့အမွှေးအမျှင်လေးတွေက wax လုပ်ရခက်လို့ပါ။
၂.နာကျင်မှုကိုသက်သာစေဖို့နည်းလမ်းတစ်ခုခု စဉ်းစားထားရပါမယ်။တချို့ကတော့အကိုက်အခဲပျောက်ဆေး လိုအရာတွေကိုကြိုသောက်တတ်ကြပါတယ်။မသောက်ချင်ရင်တော့waxမလုပ်ခင်ကိစ္စတစ်ခုခုအပေါ် ဒေါသထွက်နေလိုက်ပါအဲဒီဒေါသက သင့်နာကျင်မှုကိုလျော့နည်းစေမယ်ထင်ပါတယ်။
၃.နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ bikini line waxing ကိုအမျိုးသမီးဓမ္မတာမလာခင် ၅ရက်အလိုနဲ့လာပြီး ၅ ရက်အထိ မလုပ်သင့်ပါဘူးနော်။အဲဒီအချိန်တွေကနာကျင်မှုပိုစေပြီးအထိခိုက်မခံတဲ့ကာလာမို့သတိထားပြီးရှောင်ပေးသင့်ပါတယ်။လေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့လည်း waxing မတိုင်ခင် work out လုပ်ပေးသင့်ပြီး waxing လုပ်ပြီးမှ မလုပ်သင့်ပါဘူး။
၄.နောက်တစ်ချက်ကတော့ ကမ်းခြေသွားခါနီးရက်ကပ်ပြီးမှ waxing မလုပ်သင့်ပါဘူး ။ waxing လုပ်ခြင်းကအလွယ်တကူမြန်မြန်ပြန်ပေါက်မှာမဟုတ်တဲ့အတွက်အနည်းဆုံး ၃ရက်လောက်တော့ခွာပေးပါ။ဒါမှသာ waxing လုပ်ပြီးချွေးပေါက်ကျယ်နေတဲ့သင့်အသားအရည်ကိုပင်
လယ်ရေ ဆားငံရေက မယားယံစေမှာပါ။
၅.ဘယ်လိုပုံစံအနေအထား Wax လုပ်မှာလည်းဆိုတာလည်းအရေးကြီးပါတယ်။ bikini line waxingဆိုရင် Brazilian Waxing type ကိုအလုပ်များပြီး များသောအားဖြင့်triangle shape လေးထားချန်ထားပြီးbikini line ဆင်းတဲ့တစ်လျှောက်ကို wax လုပ်ကြပါတယ်။
တစ်ချို့ကတော့အကုန်အပြောင်အရှေ့ရောအနောက်ပါ Waxing လုပ်ကြပြီး String ,Martini ,Heart ,Diamond ဆိုပြီး shape တွေလည်းရှိပါသေးတယ်။အဲတော့ကိုယ်ကဘယ်လိုအနေအထားဘယ်လိုပုံစံလုပ်မလည်းဆိုတာကြိုစဉ်းစားသင့်ပါတယ်။
၆. Not a Suit and Pantyhose လို့ဆိုတဲ့အတိုင်းသင် waxing သွားလုပ်တဲ့အခါဝတ်သွားတဲ့ Outfitကလည်းအရေးကြီးပါတယ်။ပေါ့ပါးပြီး ဝတ်ရ ချွတ်ရလွယ်တဲ့ outfit မှသာအဆင်ပြေမှာပါ။
၇.waxing လုပ်ပြီးပြီးချင်းက နာကျင်တာရော နူးညံ့ပြီးအထိခိုက်လွယ်စေတာမို့အဲ့ဒီအချိန်ဆိုunderwear မဝတ်သင့်ပါဘူးနော်။
၈.နောက်တစ်ခုအနေနဲ့waxing salon တွေကသန့်ရှင်းဖို့အရေးကြီးသလို ကိုယ့်ကိုအသုံးပြုပေးမယ်အရာတွေက တစ်ခါသုံးမဟုတ်ဘဲအထပ်ထပ်အခါခါသုံးထား ပြီးသားဆိုရင်တော့အဲဒီဆိုင်ကနေချက်ချင်းထွက်လာခဲ့ပါ။
ဒါတွေကတော့ bikini line waxing လုပ်တဲ့အခါကြိုတင်သိထားတွေးထားသင့်တဲ့အရာလေးတွေပါ။ဒီတော့ရေကူးဝတ်စုံဝတ်တဲ့အခါယုံုကြည်မှုရှိရှိလှနေဖို့waxing လေးတော့လုပ်သင့်တာမို့အခုပြောတဲ့အရာလေးတွေကသင့် waxing timeအတွက်အသုံးဝင်မယ်လို့ထင်ပါတယ်။
Editor :Bo