နေ့စဉ်ဖြတ်သန်းရုန်းကန်နေရတဲ့ ဘဝမှာ စိတ်ခံစားချက်အမျိုးမျိုးကို လူတိုင်းကြုံတွေ့ခံစားရပါတယ်။
ပျော်ရွှင်မယ် ၊ ဒေါသထွက်မယ် ၊ ဝမ်းနည်းမယ်။ စိတ်ထဲမှာ မျိုးစုံသော ခံစးချက်တွေကအမြဲရှု့ပ်
ထွေးနေပါတယ်။ စိတ်တိုစရာရှိရင် စိတ်တိုမယ်။ ပျော်ရွှင်စရာရှိရင် ပျော်လိုက်မယ် … ဒါတွေဟာ
ပုံမှန် ဖြစ်ရိုးဖြစ်စဉ်တွေပါ။
ဒီလိုမဟုတ်ပဲ သင်ဟာအကြောင်းပြချက်မရှိ စိတ်ထဲအလိုလို ဝမ်းနည်းနေရပြီလို့ ခံစားနေရပြီဆိုရင်
ဒါဟာ စိုးရိမ်ပူပန်မှု သောကတွေများနေတယ်ဆိုတဲ့ လက္ခဏာပါပဲ။
ပူပန်သောကများနေတဲ့လူတွေကို ကြည့်လိုက်ရင်အမြဲ စိတ်ဖိစီးနေပြီး ကြောက်ရွံ့တွန့်ဆုတ်နေ
တာကို တွေ့ရတတ်ပါတယ်။ လူအများစုမှာ စိုးရိမ်ပူပန်စိတ်ဆိုတာတော့ ရှိပါတယ်။ နည်းတာနဲ့
များတာပဲ ကွာပါတယ်။ သောက ပူပန်မှုတွေကိုအရမ်းများနေတဲ့လူတွေဟာအကြောင်းမဲ့လည်း
ဝမ်းနည်းနေတတ်သလို မဖြစ်စလောက် ပြဿနာအသေးမွှားက သူ့ကိုငိုသွားစေပါတယ်။
စိတ်ပျော့ညံ့နေတတ်တယ်။ စိတ်ဓာတ်မာကြောအောင် တည်ဆောက်ဖို့ သူ့မှာ ဘယ်လိုမှ
အင်အားမရှိဘူး။ ဝမ်းနည်းစရာ ရုပ်ရှင် ၊ ဝတ္ထုတွေ ကြည့်မိ ဖတ်မိပြီဆို သူ့မှာ ငိုလို့မဆုံးတော့ဘူး။
မိသားစု ၊ သူငယ်ချင်း ၊ ရင်းနှီးသူတွေနဲ့အနည်းငယ်စကားများလာရင်လည်း စိတ်မကောင်းဖြစ်
တစိမ့်စိမ့်တွေးပြီး ဝမ်းနည်းတတ်ကြတယ်။
ပူပန် သောကတွေကနေ စိတ်ဓာတ်ကျတဲ့ထိဖြစ်လာနိုင်ပါတယ်။ စိတ်ဓာတ်ကျလာရင် လူမှု
အသိုင်းဝိုင်း ၊အလုပ် ၊ နေ့စဉ်ဓူဝလုပ်ငန်းစဉ်တွေ ပျက်လာပါလိမ့်မယ်။အရင်ဆုံး မှောင်မိုက်နေတဲ့
စိတ်ကိုအလင်းရောင်ရအောင် သင်ကိုယ်တိုင်ပဲ ဖွင့်ပေးဖို့လိုပါတယ်။ ခက်ခဲနေတဲ့အရာတစ်ခုကို
ကြိုးစားပြီး လုပ်ကြည့်ပါလား။ ငါလုပ်နိုင်တယ် ၊ ငါအောင်မြင်ရမယ်ဆိုတဲ့ စိတ်ထည့်ထားကြည့်။
ဘယ်အရာမဆို ကြိုးစားချင်စိတ်နဲ့ ဇွဲကောင်းရင် ဖြစ်နိုင်ပါတယ်။ စိတ်ခွန်အားဖြစ်စေမယ့်
စာတွေများများဖတ်ဖို့ မမေ့ပါနဲ့။ စိတ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားပါ။ စိတ်တည်ငြိမ်ရင်
ဘာလုပ်လုပ်အဆင်ပြေပါတယ်။
ငိုလိုက်တာအနည်းဆုံးစိတ်သက်သာရာရတာမှန်ပေမယ့်အမြဲငိုနေရရင်တော့အဆင်မပြေပါဘူး။
သင်ဟာ ငိုဖို့လူဖြစ်လာတာမှမဟုတ်တာ။ ပျော်ရွှင်မှုအသီးပွင့်လေးတွေကိုလည်း ခံစားရဦးမှာပေါ့။
ဒါကြောင့်အခုချိန်ကစပြီး စိတ်အေးအေးထား ၊ ပူပန်မှုတွေလျော့ ဘာမှမတွေးပဲ ပျော်ရွှင်အောင်
နေကြည့်။ ဖြစ်လာသမျှ သတ္တိရှိရှိ ရင်ဆိုင် ။ ရိုးသားပွင့်လင်းမှုတွေလည်း လိုလာတဲ့အခါ ထုတ်သုံး
ပေါ့။ ကိုယ့်ကိုလွှမ်းမိုးနေတဲ့ ပူပန်သောကတွေကို ကိုယ်ပဲအနိုင်ယူရမယ်။