ဆေးလိပ်ဖြတ်မယ့်သူများအတွက် စကားလက်ဆောင်
နီကိုတင်းအစားထိုးပစ္စည်းတွေအသုံးမပြုသေးခင် သို့မဟုတ် ဆေးလိပ်သောက်တာရပ်လိုက်တော့မယ်ဆိုရင်အောင်မြင်မှုနှုန်းဘယ်လောက်ရှိလဲဆိုတာ သင်သိချင်မိမှာပါ။အောင်မြင်နှုန်းတွေကတော့အကြောင်းအမျိုးမျိုးကြောင့် ပြောရခက်ပါတယ်။အစီအစဉ်တိုင်းကတော့အောင်မြင်မှုကို စံတစ်ခုသတ်မှတ်ပြီး ဆုံးဖြတ်ကြတာမဟုတ်ပါဘူး။အောင်မြင်တယ်ဆိုတာက ဒီပရိုဂရမ်တွေလုပ်ပြီးတဲ့အထိ ဒီလူက ဆေးလိပ်မသောက်တော့တာကိုပြောတာလား။ သုံးလကြာပြီးတဲ့ထိမသောက်တာလား။ ၆လလား။ ၁နှစ်လား။ ဆေးလိပ်သောက်တာကို လုံးဝရပ်ပစ်လိုက်တာမဟုတ်ဘဲနဲ့ လျှော့သောက်တာမျိုးကိုရောအောင်မြင်သွားတယ်လို့ သတ်မှတ်မှာလား။ သင်လုပ်မယ်လို့ စဉ်းစားလိုက်တဲ့နည်းလမ်းမှာအောင်မြင်မှုစံနှုန်းတွေရှိနေတယ်ဆိုရင်အောင်မြင်တယ်ဆိုတာ ဘာကိုခေါ်တာလဲ၊ ဒီစံနှုန်းမှီဖို့ ဘာတွေကိုလိုက်နာရမှာလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေကို မေးပါ။အမှန်တကယ်ကတော့အခြားသောစွဲလမ်းမှုပြဿနာကို ဖြေရှင်းတဲ့နည်းတွေလိုပါပဲ ၊ ဆေးလိပ်ဖြတ်တာကလည်းအောင်မြင်မှုရာနှုန်းကနည်းပါတယ်။ ဒါပေမယ့် ဒီအချက်က သင့်ကို လက်လျှော့လိုက်တော့လို့ဆိုလိုတာမဟုတ်သလို ဒီအချက်တွေအတိုင်းလိုက်ကြိုးစားနေဖို့ မတန်ဘူးလို့ဆိုလိုတာလည်းမဟုတ်ပါဘူး။ သင့်ရဲ့ကိုယ်ပိုင်အောင်မြင်မှုက ဆေးလိပ်သောက်တာရပ်လိုက်ပြီးအဲ့အတိုင်းလေးပဲဆက်နေတာနဲ့ သင့်ရဲ့ထိန်းချုပ်နိုင်စွမ်းကိုပဲ ဆိုလိုတာပါ။အကြိမ်အနည်းငယ်လောက်ကြိုးစားကြည့်ပြီးမအောင်မြင်ရင်တောင်မှ ဆက်ပြီးကြိုးစားပါ။အမှားတွေကနေသင်ယူပါ။ ဒီလိုမှသာ နောက်တစ်ကြိမ်ဒီလိုအဖြစ်မျိုးနဲ့ ထပ်ကြုံရင် ရင်ဆိုင်နိုင်မှာပါ။ ယေဘုယျအောင်မြင်မှုနှုန်း ဆေးနဲ့အခြားသောအကူအညီမပါဘဲ ဆေးလိပ်ကို တကယ်ဖြတ်နိုင်တဲ့လူဦးရေဟာ ၄%ကနေ ၇%ထိပဲရှိပါတယ်။ ဆေးပညာဆိုင်ရာဆောင်းပါေးတွမှာတော့ ဆေးကိုအသုံးပြုတဲ့ ၂၅%သော ဆေးလိပ်သောက်သူတွေဟာ ၆လအထက် ဆေးလိပ်မသောက်ဘဲနေနိုင်ပါတယ်လို့ဆိုပါတယ်။ ပတ်ဝန်းကျင်ရဲ့အကြံပြုမှုတွေနဲ့အခြားသောစိတ်ပိုင်းဆိုင်ရာအားပေးမှုတွေက ဆေးပဲသုံးပြီးဆေးလိပ်ဖြတ်တာထက်ကိုအောင်မြင်မှုနှုန်းပိုများစေပါတယ်။ ဆေးတစ်မျိုးတည်းသုံးတာထက် ဆေးတွေကိုပေါင်းပြီးသုံးတာက ပိုပြီးကောင်းတယ်ဆိုတာ သက်သေတွေရှိထားပြီးသားပါ။အမူအကျင့်နဲ့အားပေးမှုဆိုင်ရာကုထုံးတွေက ဆေးလိပ်ဖြတ်တဲ့အခြားသောနည်းလမ်းတွေထက်အများကြီးပိုပြီးအောင်မြင်စေနိုင်ပါတယ်။ ဒါတွေက လူတစ်ယောက်ကို ဆေးလိပ်လုံးဝမသောက်တော့ဘဲ နေနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။ သုံးနေတဲ့ပစ္စည်းတိုင်းရဲ့ဘူးခွံပေါ်မှာ ထုတ်လုပ်သူက ဖုန်းမှတစ်ဆင့်အကြံပေး ဆွေးနွေးခြင်းတွေပြုလုပ်ပေးနေကြောင်း ပါမပါစစ်ကြည့်ပါ။ ဆေးလိပ်ဖြတ်ဖို့ သင်လုပ်ပြီးခဲ့တဲ့ ကြိုးစားမှုတွေကနေ သင်ခန်းစာယူပါ။ သင်ဟာ ဆေးလိပ်ဖြတ်ဖို့ကိုအရင်ကလည်းကြိုးစားခဲ့ဖူးပြီးသားဖြစ်နိုင်ပါတယ်။အစီအစဉ်အတိုင်း ချောချောမွေ့မွေ့ဖြစ်ခဲ့ပုံတော့မပေါ်ပါဘူး။ ပြောရမယ်ဆိုရင် သင်ဟာအကြိမ်အနည်းငယ်လောက်တော့ ဆေးလိပ်ဖြတ်ဖူးခဲ့တာပေါ့။ ဒီလိုဖြစ်ခဲ့ဖူးမယ်ဆိုရင်တော့ ခုကြိုးစားတော့မယ့်အချိန်မှာအောင်မြင်နိုင်ပါ့မလားဆိုပြီး သင်တွေးပူကောင်းပူနေပါလိမ့်မယ်။ ရေရှည်အောင်မြင်မှုအတွက် နည်းလမ်းများ ဆေးလိပ်သောက်သူတွေပြောတတ်တဲ့စကားတစ်ခွန်းရှိပါတယ်။ “ဘာလို့ဖြတ်ရမလဲဆိုတာမပြောနဲ့၊ ဘယ်လိုဖြတ်ရမလဲဆိုတာပဲပြော”ဆိုတာပေါ့။ ဆေးလိပ်ဖြတ်ဖို့အတွက် မှန်ကန်တဲ့လမ်းကြောင်းတွေနည်းလမ်းတွေဆိုတာမရှိပါဘူး။ ဒါပေမယ့်အောင်မြင်စွာဆေးလိပ်ဖြတ်နိုင်ဖို့အတွက် လိုအပ်ချက်အနည်းတော့ရှိပါတယ်။အောက်ဖော်ပြပါ ၄ချက်ကတော့ တကယ့်သော့ချက်တွေပါပဲ။ • ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချပါ။ • ဖြတ်မယ့်နေ့ကိုဆုံးဖြတ်ပြီးအစီအစဉ်ဆွဲပါ။ • ဆေးလိပ်နဲ့မထိတွေ့ဘဲနေပါ။ • ဆေးရွက်ကြီးလုံးဝမသုံးဘဲ နေပါ။ မပူပါနဲ့။ ဆေးလိပ်သောက်သူအများစုအတွက် ဆေးလိပ်ဖြတ်ဖို့ဆိုတာအခြားသောအရည်အချင်းတွေရှိဖို့ကြိုးစားရသလိုပါပဲအားစိုက်ထုတ်ရပါတယ်။ လေ့ကျင့်ရပါတယ်။ သူတို့ဟာ ဆေးလိပ်မဖြတ်ခင်မှာပဲအကြိမ်ပေါင်းများစွာ ဖြတ်ဖို့ ကြိုးစားခဲ့ကြသူတွေပါ။ ပထမဆုံး စက်ဘီးစီးဖို့သင်ခဲ့တဲ့အချိန်ကို မှတ်မိပါသလား။ စီးကာစအကြိမ်အနည်းငယ်မှာတော့ သင်လဲကျခဲ့မှာပါ။ ဒူးတွေတံတောင်တွေပွန်းကုန်တာပေါ့။အဲ့ဒီအချိန်တုန်းက သင်ပြန်ထပြီး ဘယ်သူ့အကူအညီမှမပါဘဲ စက်ဘီးစီးတတ်သွားသည်အထိ လေ့ကျင့်ခဲ့တယ်မဟုတ်လား။ ပထမဆုံးကြိုးစားလိုက်ပြီးမအောင်မြင်တဲ့အခါမှာ ရပ်ခဲ့ရင် လက်လျှော့ခဲ့ရင် ဘာတွေဖြစ်လာဦးမလဲ။ ဆေးလိပ်လုံးဝပြတ်သွားသည်အထိ မသောက်ဘဲနေပါ။ ဆေးလိပ်ဖြတ်တယ်ဆိုတာအရည်အချင်းသစ်တစ်ခုရလာအောင် သင်ယူရသလိုပါပဲ။ စီးကရက်ဖြတ်လိုက်တာကလည်းအလေ့အကျင့်လိုအပ်သလို ခက်ခဲမှုတွေရှိနေမှာပါပဲ။ ဒါပေမယ့် စိတ်ဓာတ်ခိုင်မာပြီးအထောက်အပံ့ကောင်းတွေရခဲ့မယ်ဆိုရင် သင်လုပ်နိုင်မှာပါ။ ဆေးလိပ်ပြတ်ဖို့အတွက် သင်ကြိုးစားနေလေလေအောင်မြင်ဖို့ပိုပြီးနီးစပ်လေလေပါပဲ။ ဘာမှအလုပ်မဖြစ်ဘူး မတိုးတက်လာဘူးလို့ သင်ခံစားနေရရင်တောင်မှ ဆေးလိပ်ပြတ်သွားဖို့ နောက်ထပ်ခြေတစ်လှမ်းကို ထပ်လှမ်းလိုက်ပါ။ ဆေးလိပ်ဖြတ်ဖို့အတွက် သင်အရင်ကကြိုးစားခဲ့ဖူးတာတွေအတွက် ရလာတဲ့ကောင်းကျိုးတစ်ခုကတော့ ဘယ်အခြေအနေမျိုးမှာ ဆေးလိပ်ပြန်သောက်နိုင်တယ်ဆိုတာကို သင်ပြန်ပြီးသင်ယူလို့ရတယ်လေ။ ဒါတွေအားလုံးဟာ ဆေးလိပ်မသောက်သူဖြစ်လာဖို့အတွက် သင်ယူရမယ့်အစိတ်အပိုင်းတွေပါပဲ။ ဆေးလိပ်သောက်သူအများစုကတော့ ပြောကြပါလိမ့်မယ်။ ဒါဟာ နီကိုတင်းကိုစွဲလမ်းနေတာတစ်ခုတည်းမဟုတ်ဘဲ ဆေးလိပ်သောက်တဲ့အကျင့်ကြောင့်လည်းပါတယ် ဆိုပြီးတော့ပေါ့။ ဒီအကျင့်ကတော့ ထိန်းချုပ်ဖို့လည်းအတော်ခက်ခဲတယ်လို့ ဆိုပါလိမ့်မယ်။ ဆေးလိပ်သောက်နေကျအကျင့်တွေကိုသတိပြုမှတ်သားပြီး ဒါတွေကိုဖျောက်နိုင်ဖို့အစီအစဉ်ဆွဲပါ။ အဖြစ်များတဲ့ ဆေးလိပ်သောက်ရခြင်းအကြောင်းရင်းများ ဆေးလိပ်သောက်ကြသူအများစုကတော့ သူတို့သောက်နေကျ နေရာဒေသအခြေအနေတွေမှာ ဆေးလိပ်သောက်ချင်တာကအဆိုးဆုံးပဲလို့ဆိုပါတယ်။ ဒီလိုအခြေအနေတွေထဲမှာ ဝိုင်သောက်ရင်း သို့မဟုတ် ကော်ဖီသောက်ရင်းဆေးလိပ်သောက်တာ။ ဒါမှမဟုတ် စိတ်ဖိစီးမှုများနေတဲ့အချိန်တွေမှာဆေးလိပ်သောက်တာ စတာတွေပါဝင်ပါတယ်။အချိန်တွေကြာလာတဲ့အခါမှာ သင့်ခန္ဓာကိုယ်က ဒီအလုပ်၂ခုကို တစ်ပြိုင်နက်တွဲလုပ်ရတာကိုမှတ်ထားပြီး ဆေးလိပ်ဖြတ်နေတဲ့အချိန်မှာအဲ့ဒီထဲက တစ်ခုကိုလုပ်လိုက်ရင် ဆေးလိပ်ကအလိုလိုသောက်ချင်လာတော့တာပါပဲ။ ဆေးလပ်ဖြတ်ဖို့ကြိုးစားနေသူအများစုကတော့ ဒီလိုအလေ့အထတွေကို မှတ်မိနေတတ်ကြပါတယ်။ ဒါဟာသင်လည်းလုပ်နိုင်တဲ့ကိစ္စတစ်ခုပါ။ ဆေးလိပ်ကို များသောအားဖြင့် ဘယ်အချိန်တွေမှာသောက်တတ်သလဲဆိုတာ သင့်ကိုယ်သင်မေးပါ။ ထမင်းစားပြီးချိန်လား။ ဒါမှမဟုတ် ကော်ဖီတစ်ခွက်နဲ့လား။ ဒါမှမဟုတ်အရက်သောက်ရင်းလား။ စိတ်ဖိစီးနေတဲ့အချိန်လား။ ဒါမှမဟုတ်အလုပ်ကိုမောင်းသွားဖို့အတွက် ကားထဲဝင်တဲ့အချိန်လား။ ဒါတွေအားလုံးကို သင့်ရဲ့ဆေးလိပ်ဖြတ်တဲ့အစီအစဉ်တွေထဲမှာချရေးထားပါ။ သင့်ရဲ့ဆေးလိပ်ဖြတ်တဲ့အစီအစဉ်အတိုင်းလိုက်လုပ်နေသမျှတော့ သင်ဟာအောင်မြင်ဖို့ပိုပြီးနီးစပ်လာပြီဆိုတာကို သတိရပါ။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။