ရည်းစားထားဖို့အချိန်မတန်သေးဘူးဆိုတာ ဒီအချက်တွေကပြောပြနေ…
trend.com.mm
|
2019-06-01




ချစ်သူရည်းစားထားဖို့အချိန်မတန်သေးဘူးဆိုတာအသက်ရွယ်အားဖြင့်ကိုပဲကြည့်ပြီးဆုံးဖြတ်တယ်လို့ထင်ရင်အမှားကြီးမှားသွားပါလိမ့်မယ်…တကယ်တော့အသက်ကြီးအရွယ်ရောက်နေပြီးပင်မဲ့လည်း ရည်စားချစ်သူထားဖို့အချိန်မတန်သေးတဲ့သူတွေရှိနေပါသေးတယ်။ တစ်ယောက်ယောက်နဲ့ချစ်သူရည်းစားဖြစ်လိုက်ဖို့ကဘာများခက်လို့လဲ ဆိုတော့ ချစ်သူဖြစ်ကြဖို့ တော့မခက်ပါဘူး…ဒါပင်မဲ့ ချစ်သူရည်းစားထားနိုင်ဖို့အချိန်အခါမသင့် သေးတဲ့သူတွေအတွက်ကတော့ကြိုက်ပြီးလည်းပြတ်မှာပါပဲ။ ဒါဆို ဘယ်လိုလူတွေက ရည်းစားထားဖို့အချိန်မတန်သေးတဲ့သူမျိုးတွေပါလိမ့်? သင်ရောရည်းစားထားဖို့အချိန်တန်ပြီလား?
(၁) ပထမဦးဆုံးသိထားရမှာပါ ကိုယ့်ရဲ့အချစ်ပေါ်ခံယူချက်ပါ။ လူတစ်ယောက်ပေါ်တကယ်ချစ်သလားမချစ်ဘူးလားဆိုတာကို သေချာ ဆုံးဖြတ်ဝေဖန်ပိုင်းခြားနိုင်မှာ ရည်းစားထားဖို့သင့်တော်ပါလိမ့်မယ် ။
(၂) ကိုယ်ကအတ္တကြီးသူလား…ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။ တစ်စုံတစ်ယောက်ကိုယ်ကျိုးအတွက်ကိုယ့်ရဲ့လိုအင်ဆန္ဒတစ်ချို့ကို
စွန့်လွှတ်နိုင်ပါ့မလား။ ဒီလိုမှမလုပ်နိုင်သေးရင်အချစ်ဆိုတာ ကိုသွားမစဖို့ ကြိုတားပါရစေ။ ကိုယ်ချည်းပဲအချစ်ခံနေရမဲ့အချစ်ရေးမျိုး၊ ကိုယ်ဖြစ်ချင်တဲ့အတိုင်းအရာအားလုံးအချိန်တိုင်းဖြစ်အောင်လုပ်ပေးနိုင်မဲ့ချစ်သူမျိုးရှာမှာပေါ့လို့ ပြောကြလိမ့်မယ်…ဒါကသိပ်ကိုရယ်စရာကောင်းတဲ့
ပြက်လုံးပါ။ တကယ့်စစ်မှန်တဲ့အချစ်ရေးတိုင်းမှာအသာခံရတဲ့အချိန်တွေလည်းရှိသလိုအနာခံရတဲ့အချိန်တွေလည်းအများကြီးပါ။ ကိုယ်ကဘာပေးဆပ်မှုမှမရှိပဲ တစ်ဖက်သားရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတော့ရနိင်လိမ့်မယ်မထင်ပါနဲ့။





(၃) စွန့်လွှတ်နိုင်ရဲ့လား…တစ်ဖက်သားကိုအတင်းကြီးကိုယ့်နားကထွက်မသွားအောင်လုပ်ယူထားတာကိုအချစ်လို့မခေါ်ထိုက်ပါဘူး။ သူလည်းသူ့လွတ်လပ်ခွင့်နဲ့သူအဆင်ပြေသလို နေထိုင်ဆုံးဖြတ်နိုင်အောင် လွှတ်ပေးထားတာက မှအတ္တကင်းတဲ့အချစ်မျိုးပါ။ လူ့စိတ်ဆိုတာအပြောင်းလဲမြန်ပါတယ်။ဒီအချိန်သင့်ကို ချစ်နေပင်မဲ့ နောင်တစ်ချိန်သူသင့်အပေါ်အချစ်တော့တဲ့အခါ သင့်ဘက်ကစွန့်လွှတ်ပေးနိုင်ဖို့လည်းလိုပါတယ်။ ဒါကြောင့်ချစ်တတ်ရင်စွန့်လွှတ်နိုင်အောင်လည်းကြိုးစားပါ။
(၄) ခွင့်လွှတ်ပေးနိုင်လား…အရင်က သင်မုန်းပါတယ်ဆိုတဲ့အရာတွေကို ဒီလူလုပ်မှအပြစ်မမြင်တော့တာအချစ်ပါ။ ဥပမာ သင်ကအသားမဲတာကိုမုန်းတဲ့သူငါ့ချစ်သူကိုအသားမဲတဲ့သူမဖြစ်စေရဘူးလို့ကြုံးဝါးထားပင်မဲ့ တကယ်တမ်းအသားမဲတဲ့သူကိုချစ်မိသွားတဲ့အခါအပြစ်လို့မမြင်တော့တာမျိုး၊ ကိုယ်မကြိုက်ဘူးဆိုတဲ့အရာကိုသူလုပ်မိရင်တောင် မစွန့်ပစ်ရက်တာမျိုးဒါမျိုးခွင့်လွှတ်မှုပေးနိုင်မှ ချစ်ဖို့ကြိုးစားပါ။
(၅) သည်းခံနိုင်ရမယ်
တစ်သတ်လုံးလောကဓံကြီးက သင်တို့ကိုအကောင်းတွေချည်းယူဆိုပြီးပျော်စရာအချိန်တွေပဲ ပေးနေမယ်ထင်လား…ဆုတောင်းပါနော်? လောကကြီးမှာအကောင်းအဆိုးလောကဓံဆိုတာ
ကြုံလာအုံးမှာပဲ။ ဒါကို ဒီလူ့လက်တွဲပြီးမဆုတ်မနစ်သင်ကြိုးစားပြီး ပြန်ထရဲတဲ့သတ္တိရှိပြီလား။အေးတူပူမျှဆိုတဲ့ သည်းခံစိတ်လေးရယ်၊ သူလဲတဲ့အချိန်ပြန်ထနိုင်အောင်ကြိုးစားကူညီပေးမယ်ဆိုတဲ့ မေတ္တာစိတ်လေးရယ်ထားနိုင်မှာ ချစ်ဖို့စဉ်းစားပါ။
လူတိုင်းက တော့ တစ်ယောက်နဲ့အဆင်မပြေလို့ကွဲနောက်တစ်ယောက်နဲ့တွဲတာမျိုးဖြစ်တတ်ကြပင်မဲ့ ကိုယ့်စိတ်ထဲက ကိုယ်တိုင်ကချစ်ဖို့အဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့အချိန်ကုန်ပြီးနှစ်ဦးနှစ်ဖက်လုံးထိခိုက်ကြေကွဲရမဲ့ဇာတ်လမ်းမျိုးကိုမစတင်တာပဲ ကောင်းပါတယ်။







Unicode

ချစ်သူရည်းစားထားဖို့အချိန်မတန်သေးဘူးဆိုတာ အသက်ရွယ်အားဖြင့်ကိုပဲကြည့်ပြီးဆုံးဖြတ်တယ်လို့ထင်ရင်အမှားကြီးမှားသွားပါလိမ့်မယ်…တကယ်တော့ အသက်ကြီးအရွယ်ရောက်နေပြီးပင်မဲ့လည်း ရည်စားချစ်သူထားဖို့အချိန်မတန်သေးတဲ့သူတွေရှိနေပါသေးတယ်။ တစ်ယောက်ယောက်နဲ့ချစ်သူရည်းစားဖြစ်လိုက်ဖို့ကဘာများခက်လို့လဲ ဆိုတော့ ချစ်သူဖြစ်ကြဖို့ တော့မခက်ပါဘူး…ဒါပင်မဲ့ ချစ်သူရည်းစားထားနိုင်ဖို့အချိန်အခါမသင့် သေးတဲ့သူတွေအတွက်ကတော့ကြိုက်ပြီးလည်းပြတ်မှာပါပဲ။ ဒါဆို ဘယ်လိုလူတွေက ရည်းစားထားဖို့အချိန်မတန်သေးတဲ့သူမျိုးတွေပါလိမ့်? သင်ရောရည်းစားထားဖို့ အချိန်တန်ပြီလား?(၁) ပထမဦးဆုံးသိထားရမှာပါ ကိုယ့်ရဲ့ အချစ်ပေါ်ခံယူချက်ပါ။ လူတစ်ယောက်ပေါ်တကယ်ချစ်သလားမချစ်ဘူးလားဆိုတာကို သေချာ ဆုံးဖြတ်ဝေဖန်ပိုင်းခြားနိုင်မှာ ရည်းစားထားဖို့သင့်တော်ပါလိမ့်မယ် ။ (၂) ကိုယ်ကအတ္တကြီးသူလား…ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။ တစ်စုံတစ်ယောက်ကိုယ်ကျိုးအတွက်ကိုယ့်ရဲ့လိုအင်ဆန္ဒတစ်ချို့ကိုစွန့်လွှတ်နိုင်ပါ့မလား။ ဒီလိုမှမလုပ်နိုင်သေးရင်အချစ်ဆိုတာ ကိုသွားမစဖို့ ကြိုတားပါရစေ။ ကိုယ်ချည်းပဲအချစ်ခံနေရမဲ့အချစ်ရေးမျိုး၊ ကိုယ်ဖြစ်ချင်တဲ့အတိုင်းအရာအားလုံးအချိန်တိုင်းဖြစ်အောင်လုပ်ပေးနိုင်မဲ့ချစ်သူမျိုးရှာမှာပေါ့လို့ ပြောကြလိမ့်မယ်…ဒါကသိပ်ကိုရယ်စရာကောင်းတဲ့ပြက်လုံးပါ။ တကယ့်စစ်မှန်တဲ့အချစ်ရေးတိုင်းမှာ အသာခံရတဲ့အချိန်တွေလည်းရှိသလိုအနာခံရတဲ့အချိန်တွေလည်းအများကြီးပါ။ ကိုယ်ကဘာပေးဆပ်မှုမှမရှိပဲ တစ်ဖက်သားရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတော့ရနိင်လိမ့်မယ်မထင်ပါနဲ့။(၃) စွန့်လွှတ်နိုင်ရဲ့လား…တစ်ဖက်သားကို အတင်းကြီးကိုယ့်နားကထွက်မသွားအောင်လုပ်ယူထားတာကိုအချစ်လို့မခေါ်ထိုက်ပါဘူး။ သူလည်းသူ့လွတ်လပ်ခွင့်နဲ့သူ အဆင်ပြေသလို နေထိုင်ဆုံးဖြတ်နိုင်အောင် လွှတ်ပေးထားတာက မှအတ္တကင်းတဲ့အချစ်မျိုးပါ။ လူ့စိတ်ဆိုတာ အပြောင်းလဲမြန်ပါတယ်။ဒီအချိန်သင့်ကို ချစ်နေပင်မဲ့ နောင်တစ်ချိန်သူသင့်အပေါ်အချစ်တော့တဲ့အခါ သင့်ဘက်ကစွန့်လွှတ်ပေးနိုင်ဖို့လည်းလိုပါတယ်။ ဒါကြောင့်ချစ်တတ်ရင်စွန့်လွှတ်နိုင်အောင်လည်းကြိုးစားပါ။(၄) ခွင့်လွှတ်ပေးနိုင်လား…အရင်က သင်မုန်းပါတယ်ဆိုတဲ့အရာတွေကို ဒီလူလုပ်မှအပြစ်မမြင်တော့တာအချစ်ပါ။ ဥပမာ သင်က အသားမဲတာကိုမုန်းတဲ့သူငါ့ချစ်သူကိုအသားမဲဲတဲ့သူမဖြစ်စေရဘူးလို့ကြုံးဝါးထားပင်မဲ့ တကယ်တမ်းအသားမဲတဲ့သူကိုချစ်မိသွားတဲ့အခါ အပြစ်လို့မမြင်တော့တာမျိုး၊ ကိုယ်မကြိုက်ဘူးဆိုတဲ့အရာကိုသူလုပ်မိရင်တောင် မစွန့်ပစ်ရက်တာမျိုးဒါမျိုးခွင့်လွှတ်မှုပေးနိုင်မှ ချစ်ဖို့ကြိုးစားပါ။(၅) သည်းခံနိုင်ရမယ်တစ်သတ်လုံးလောကဓံကြီးက သင်တို့ကို အကောင်းတွေချည်းယူဆိုပြီးပျော်စရာအချိန်တွေပဲ ပေးနေမယ်ထင်လား…ဆုတောင်းပါနော်? လောကကြီးမှာ အကောင်းအဆိုးလောကဓံဆိုတာကြုံလာအုံးမှာပဲ။ ဒါကို ဒီလူ့လက်တွဲပြီးမဆုတ်မနစ်သင်ကြိုးစားပြီး ပြန်ထရဲတဲ့သတ္တိရှိပြီလား။ အေးတူပူမျှဆိုတဲဲ့ သည်းခံစိတ်လေးရယ်၊ သူလဲတဲ့အချိန်ပြန်ထနိုင်အောင်ကြိုးစားကူညီပေးမယ်ဆိုတဲ့ မေတ္တာစိတ်လေးရယ်ထားနိုင်မှာ ချစ်ဖို့စဉ်းစားပါ။လူတိုင်းက တော့ တစ်ယောက်နဲ့အဆင်မပြေလို့ကွဲနောက်တစ်ယောက်နဲ့တွဲတာမျိုးဖြစ်တတ်ကြပင်မဲ့ ကိုယ့်စိတ်ထဲက ကိုယ်တိုင်ကချစ်ဖို့အဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့အချိန်ကုန်ပြီးနှစ်ဦးနှစ်ဖက်လုံးထိခိုက်ကြေကွဲရမဲ့ဇာတ်လမ်းမျိုးကိုမစတင်တာပဲ ကောင်းပါတယ်။


#အချစ်
#လောကဓံ
#လား
#ချစ်သူ
#အခ

Some text some message..