အကြွားသန်အတင်းဖျင်းပြောတာသန်တဲ့ ပတ်ဝန်းကျင်ကြားနေရတာလည်း ငရဲလားလားပါပဲ နော်… ကိုယ့်ထမင်းကိုယ်စားပြီး ဘယ်သူနဲ့
မှအရောမဝင်ချင်လို့အေးအေးဆေးဆေးနေလည်း ကိုယ်မလာရင်ကိုယ့်ဆီတစ်ကူးတစ်ကလာကြတာပဲ။ ဒီလိုအဖြစ်မျိုးကို လူတော်တော်များများကြုံဖူးမှာပါ။
တစ်ချို့ဆို ကိုယ့်ကို ကြွားလို့ ကိုယ်က သိပ်စိတ်ဝင်စားပုံမပြရင်အိမ်ပေါ်ကိုတက်ပြီးလာကြွားတာမျိုး၊ ဒီလိုပဲအတင်းဖျင်းပြောလို့ကိုယ်ကစိတ်ဝင်စားဟန်မပြရင်လည်း
မရမကလိုက်ပြောတတ်ကြတာပါပဲ။သူတို့သားတွေသမီးတွေဆွေမျိုးတွေဘယ်လိုကောင်းစားနေပါပြီဆိုတာမျိုးတွေလိုက်ကြွား၊ ဘယ်အိမ်က တော့ဘယ်လို တွေခြေနေဆိုးရွားနေတယ်ဆိုတာကိုအားရပါးရအတင်းတုတ် နဲ့ တော်တော်အမြင်ကတ်စရာအပြုမူပါ။
တစ်ခါတစ်လေ မဟုတ်သတင်းကိုအဟုတ်လုပ်ပြီးပြောတတ်တာမျိုးကရှိသေး။အလုပ်လုပ်နေတဲ့ကလေးတွေဆိုလည်းနင်တို့လစာဘယ်လောက်ရကြလဲ …သုံးလောက်လားဘာညာနဲ့ တကယ်ကို စိတ်ထဲ့ကလိကလိဖြစ်စေတဲ့အပြုမူတွေပါပဲ။ ဆိုတော့ ကိုယ်ကလူမုန်းလည်းမခံချင် ဒီလိုကြွားတဲ့သူတွေကြားအတင်းဖျင်းပြောတတ်တဲ့သူတွေကြား လည်းနေရအုံးမဲ့အခြေနေဆိုရင်တော့
လုပ်ရမဲ့နည်းက နားထောင်ခြင်းနဲ့ဥပေက္ခာပြုခြင်းကို ယှဉ်တွဲပြီးလုပ်ဆောင်ပေးဖို့ပါပဲ။
လူဆိုတာတော့ကိုယ်ကောင်းနေတဲ့အချိန်ကိုယ်ဘာတွေလုပ်ပါတယ် ၊ ကိုယ်ဘာတွေဖြစ်နေပါတယ်ဆိုတာကို ကြွားချင်တတ်ကြတာပါပဲ။ ဒီလိုပဲအတင်းဖျင်းပြောတတ်တဲ့သူဆိုတာလည်း
ပြောနေရမှကို စားဝင်အိပ်ပျော်တတ်ကြတဲ့အမျိုး။ ဒီလိုအကြွားသန်အတင်းတုတ်သန်တဲ့ သူတွေကမုန်းစရာတော့ကောင်းပင်မဲ့ သေချာစဉ်းစားကြည့်ရင်သနားစရာလည်းကောင်းပါတယ်။
ဒါကြောင့် ကိုယ့်ကိုလာပြီးကြွားတဲ့သူပဲဖြစ်ဖြစ်အတင်းဖျင်းလာချတဲ့သူပဲဖြစ်ဖြစ်သူတို့ဘက်က ပြောသမျှကိုအမုန်းခံမရှောင်လွှဲပဲ နားထောင်ပေးလိုက်ပါ။ ကြွားလည်းအင်းကောင်းတယ် …ကောင်းတယ် လုပ်ပေးလိုက်၊
အတင်းချလည်းအော် ဟုတ်လား…လုပ်ပေးလိုက် ဒါဆိုရင်သင် Step (၁)အောင်မြင်သွားပြီ။ စိတ်ထဲကပါမပါ သူများစိတ်ချမ်းသာအောင်နားထောင်ပေးလိုက်လို့ကုသိုလ်တောင်အေ တာ်ရသ ွားပြီ။
ဒါဆိုStep(2) စကြမယ်…သူတို့ ကိုရှောင်လွှဲလို့မရတဲ့အဆုံးသူတို့ ပြောတာ တွေနားထောင်လိုက်ရပြီဆိုရင်တော့ သူတို့ပြောသမျှကို ဥပေက္ခာပြုလိုက်နိုင်အောင်ကြိုးစားပါ။
ပြောသမျှစကားတိုင်းကို စိတ်ထဲထားမ နေပဲ ကိုယ်ဘာမှမကြားခဲ့သလို နေလိုက်ပါ။ ဒါဆိုအားလုံးအိုကေဖြစ်သွားပါလိမ့်မယ်။အန်ကြီးကြီးတွေတင်မကဘူးအလုပ်ခွင်ထဲမှာ ပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ်ငယ်ငယ်ရွယ်ရွယ်နဲ့
ကြွားချင်တတ်တဲ့သူတွေ၊အတင်ချတတ်တဲ့သူတွေအများကြီးပါ။အတတ်နိုင်ဆုံးတော့ဒီလိုလူတွေနဲ့ ဝေးဝေးမှာ နေနိုင်အောင်ကြိုးစားပါ။ မတတ်သာလို့ သူတို့ ပြောတာ တွေနားထောင်ရ တော့မယ်ဆိုရင်တော့
အပေါ်က ပြောထားတဲ့နည်းလမ်းလေးလို နားထောင်တာနဲ့ဥပေက္ခာပြုတာကို လုပ်နိုင်ပါစေ…
Unicode
အကြွားသန်အတင်းဖျင်းပြောတာသန်တဲ့ ပတ်ဝန်းကျင်ကြားနေရတာလည်း ငရဲလားလားပါပဲ နော်… ကိုယ့်ထမင်းကိုယ်စားပြီး ဘယ်သူနဲ့
မှအရောမဝင်ချင်လို့ အေးအေးဆေးဆေးနေလည်း ကိုယ်မလာရင်ကိုယ့်ဆီတစ်ကူးတစ်ကလာကြတာပဲ။ ဒီလိုအဖြစ်မျိုးကို လူတော်တော်များများကြုံဖူးမှာပါ။
တစ်ချို့ဆို ကိုယ့်ကို ကြွားလို့ ကိုယ်က သိပ်စိတ်ဝင်စားပုံမပြရင် အိမ်ပေါ်ကိုတက်ပြီးလာကြွားတာမျိုး၊ ဒီလိုပဲအတင်းဖျင်းပြောလို့ကိုယ်ကစိတ်ဝင်စားဟန်မပြရင်လည်း
မရမကလိုက်ပြောတတ်ကြတာပါပဲ။သူတို့သားတွေသမီးတွေဆွေမျိုးတွေဘယ်လိုကောင်းစားနေပါပြီဆိုတာမျိုးတွေလိုက်ကြွား၊ ဘယ်အိမ်က တော့ဘယ်လို တွေခြေနေဆိုးရွားနေတယ်ဆိုတာကို အားရပါးရအတင်းတုတ် နဲ့ တော်တော် အမြင်ကတ်စရာအပြုမူပါ။
တစ်ခါတစ်လေ မဟုတ်သတင်းကို အဟုတ်လုပ်ပြီးပြောတတ်တာမျိုးကရှိသေး။ အလုပ်လုပ်နေတဲ့ကလေးတွေဆိုလည်းနင်တို့လစာဘယ်လောက်ရကြလဲ …သုံးလောက်လားဘာညာနဲ့ တကယ်ကို စိတ်ထဲ့ကလိကလိဖြစ်စေတဲ့အပြုမူတွေပါပဲ။ ဆိုတော့ ကိုယ်ကလူမုန်းလည်းမခံချင် ဒီလိုကြွားတဲ့သူတွေကြားအတင်းဖျင်းပြောတတ်တဲ့သူတွေကြား လည်းနေရအုံးမဲ့ အခြေနေဆိုရင်တော့
လုပ်ရမဲ့နည်းက နားထောင်ခြင်းနဲ့ဥပေက္ခာပြုခြင်းကို ယှဉ်တွဲပြီးလုပ်ဆောင်ပေးဖို့ပါပဲ။
လူဆိုတာတော့ကိုယ်ကောင်းနေတဲ့အချိန်ကိုယ်ဘာတွေလုပ်ပါတယ် ၊ ကိုယ်ဘာတွေဖြစ်နေပါတယ်ဆိုတာကို ကြွားချင်တတ်ကြတာပါပဲ။ ဒီလိုပဲ အတင်းဖျင်းပြောတတ်တဲ့သူဆိုတာလည်း
ပြောနေရမှကို စားဝင်အိပ်ပျော်တတ်ကြတဲ့အမျိုး။ ဒီလိုအကြွားသန်အတင်းတုတ်သန်တဲ့ သူတွေကမုန်းစရာတော့ကောင်းပင်မဲ့ သေချာစဉ်းစားကြည့်ရင်သနားစရာလည်းကောင်းပါတယ်။
ဒါကြောင့် ကိုယ့်ကိုလာပြီးကြွားတဲ့သူပဲဖြစ်ဖြစ်အတင်းဖျင်းလာချတဲ့သူပဲဖြစ်ဖြစ်သူတို့ဘက်က ပြောသမျှကို အမုန်းခံမရှောင်လွှဲပဲ နားထောင်ပေးလိုက်ပါ။ ကြွားလည်း အင်းကောင်းတယ် …ကောင်းတယ် လုပ်ပေးလိုက်၊
အတင်းချလည်း အော် ဟုတ်လား…လုပ်ပေးလိုက် ဒါဆိုရင်သင် Step (၁)အောင်မြင်သွားပြီ။ စိတ်ထဲကပါမပါ သူများစိတ်ချမ်းသာအောင်နားထောင်ပေးလိုက်လို့ကုသိုလ်တောင် အေ တာ်ရသ ွားပြီ။
ဒါဆိုStep(2) စကြမယ်…သူတို့ ကိုရှောင်လွှဲလို့မရတဲ့အဆုံးသူတို့ ပြောတာ တွေနားထောင်လိုက်ရပြီဆိုရင်တော့ သူတို့ပြောသမျှကို ဥပေက္ခာပြုလိုက်နိုင်အောင်ကြိုးစားပါ။
ပြောသမျှစကားတိုင်းကို စိတ်ထဲထားမ နေပဲ ကိုယ်ဘာမှမကြားခဲ့သလို နေလိုက်ပါ။ ဒါဆို အားလုံးအိုကေဖြစ်သွားပါလိမ့်မယ်။ အန်ကြီးကြီးတွေတင်မကဘူး အလုပ်ခွင်ထဲမှာ ပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ်ငယ်ငယ်ရွယ်ရွယ်နဲ့
ကြွားချင်တတ်တဲ့သူတွေ၊ အတင်ချတတ်တဲ့သူတွေအများကြီးပါ။ အတတ်နိုင်ဆုံးတော့ဒီလိုလူတွေနဲ့ ဝေးဝေးမှာ နေနိုင်အောင်ကြိုးစားပါ။ မတတ်သာလို့ သူတို့ ပြောတာ တွေနားထောင်ရ တော့မယ်ဆိုရင်တော့
အပေါ်က ပြောထားတဲ့နည်းလမ်းလေးလို နားထောင်တာနဲ ့ဥပေက္ခာပြုတာကို လုပ်နိုင်ပါစေ…