ဆဲဆိုခြင်းမှ ရသောအကျိုးများ
hellosayarwon.com
|
2019-06-15

ဆဲဆိုခြင်းမှ ရသောအကျိုးများ
သင်အံ့သြသွားပါသလား။ ဆဲဆိုခြင်းသည် မသင့်တော်သောအကျင့်ဟု ထင်စရာဖြစ်သော်လည်း ကျွနု်ပ်တို့၏ကျန်းမာရေးအတွက်အောက်ပါအကျိုးများပေးနိုင်သည်ကိုတော့ သင်သိချင်မှသိပေလိမ့်မည်။ စိတ်ဖိစီးမှုပြေလျော့စေခြင်း ဆဲဆိုခြင်းသည် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး နာကျင်ခြင်းကိုပင် သက်သာစေနိုင်ပါသည်။ မကြာသေးခင်ကပြုလုပ်သော လေ့လာချက်တွင် ဆဲဆိုခြင်းက စိတ်ဖိစီးမှုကိုလျော့ကျ၍ နှလုံးခုန်နှုန်းကိုလည်းနှေးစေကြောင်း ဖော်ပြထားသည်။ သွေးပေါင်ချိန်ကိုကျစေ၍အသက်ရှုခြင်းကိုလည်း ညင်သာစေပါသည်။ နာကျင်မှုကိုပိုမိုခံနိုင်ရည်ရှိခြင်း Richard Stephens ဆိုသူကျွမ်းကျင်ပညာရှင်က စမ်းသပ်မှုတစ်ခုပြုလုပ်ရာတွင် ပါဝင်သူများကို ရေခဲရေဖြည့်ထားသောရေပုံးထဲသို့ လက်ထည့်၍ မည်မျှအထိခံနိုင်ရည်ရှိကြောင်း စမ်းသပ်ခဲ့သည်။အုပ်စု နှစ်စုခွဲ၍လေ့လာရာတွင် ရေခဲထဲသို့လက်ထည့်ထားစဉ် နှုတ်မှ ဆဲဆိုသောစကားများရွတ်ဆိုနေသောသူများက မဆဲဆိုသောသူများထက် ပိုမိုခံနိုင်ရည်ရှိသည်ကို တွေ့ရသည်။အချို့သိပ္ပံပညာရှင်များက ယူဆသည်မှာ ဆဲဆိုနေစဉ်တွင် ဦးနှောက်မှအက်ဒရီနယ်လင်(Adrenaline) ဟော်မုန်းထွက်စေခြင်းကြောင့် နာကျင်မှုကိုလျှော့ချနိုင်ခြင်းဖြစ်သည် ဟုဆိုကြသည်။ ရောဂါအချို့ကိုကုသရာတွင်ကူညီပေးခြင်း ဇီဝစိတ်ပညာဆိုင်ရာလေ့လာမှုတစ်ခုတွင် ဆဲဆိုခြင်းကြောင့် ဦးနှောက်မှနေ၍ ကော်တီစောလ်(Cortisol)ဟော်မုန်းထွက်ရှိမှုကို လျော့ကျစေသည်ဟု ဖော်ပြထားသည်။ထိုဟော်မုန်းသည် ခန္ဓာကိုယ်ဆဲလ်များ ရုန်းကန်ရှင်သန်ရသောအခြေအနေတွင် ထွက်ရှိပြီး နှလုံးရောဂါ၊အရိုးရောဂါနှင့်အဝလွန်ခြင်းတို့နှင့်ဆက်စပ်လျက်ရှိပါသည်။ မှတ်ဉာဏ်ကိုမြင့်တက်စေခြင်း သုတေသနအသစ်တစ်ခု၏အဆိုအရ စကားပြောရာတွင် ဆဲဆိုသောစကားများ၊ ညစ်ညမ်းသောစကားများကိုကြားညှပ်ပြောလေ့ရှိသူများသည် ထိုစကားလုံးများကို မသုံးစွဲသူတို့ထက် မှတ်ဉာဏ်ပိုကောင်းသည်ဟု ဆိုသည်။အိုင်ကျူ (IQ) ဟုခေါ်သောအသိဉာဏ်စွမ်းရည်အမြင့်မားဆုံးသူများသည် ထိုဆဲဆိုသည့်စကားလုံးများကိုအများဆုံးပြောလေ့ရှိသည်။ Times မဂ္ဂဇင်းပါ ဆောင်းပါးတစ်ပုဒ်တွင် ဆဲရေးသောစကားလုံးများကိုသုံးစွဲပြောလေ့ရှိသူများသည် စကားလုံးပိုမိုကြွယ်ဝ၍ ဝေါဟာရတို့၏အဓိပ္ပာယ်နှင့်အသုံးအနှုန်းကို ပိုမိုနားလည်တတ်သူများဖြစ်နေခြင်းကအကြောင်းရင်းဖြစ်သည်ဟုဆိုသည်။ မိမိ၏စိတ်ခံစားချက်ကိုဖော်ပြနိုင်ခြင်း ဆဲဆိုတတ်ခြင်းဖြင့် စိတ်ခံစားမှုပေါင်းစုံ - စိတ်ဆိုးခြင်း၊ ပျော်ရွှင်ခြင်း၊ ရွှင်လန်းခြင်း၊အံ့သြခြင်းများကိုဖော်ပြနိုင်သည်။ မိမိ၏စိတ်ခံစားချက်များကို ဖော်ထုတ်ပြရန်ဝန်မလေးတတ်သူတို့သည် မိမိကိုယ်ကို ယုံကြည်မှုမြင့်မားတတ်ကြသည်။ Keele တက္ကသိုလ်မှ သုတေသီ Richard Stephens က ဆဲဆိုခြင်းအားဖြင့်အက်ထရီနယ်လင်ဟော်မုန်းပိုမိုထွက်စေကာ ရန်လိုစိတ်နှင့်တက်ကြွမှုဖြစ်စေသည်ဟု ဆိုပါသည်။အက်ထရီနယ်လင်သည် ကျန်းမာကြံ့ခိုင်စေသောအာနိသင်သာမက မိမိကိုယ်ကိုယုံကြည်မှုကိုပါ တိုးတက်စေပါသည်။အထက်ပါအချက်များက ဆဲဆိုတတ်ခြင်းဖြင့် ကျန်းမာရေးကိုတစ်နည်းတစ်ဖုံအထောက်အကူပြုသည်ဟု ဆိုသော်ငြားအချို့နေရာများတွင် ပြုမှုရန်မသင့်သောအကျင့်ဖြစ်၍ သင့်အနေဖြင့်သတိပြုသင့်ပါသည်။


#စကားလုံး
#ခြင်း
#စိတ်ဖိစီးမှု
#မှတ်ဉာဏ်
#လင်

Some text some message..