GSS: Experience Singapore ကတော့ တော်ရုံ ပစ္စည်းဈေးချတဲ့ ပွဲတစ်ခု မဟုတ်ဘဲ retail experience တစ်ခု ဖြစ်တဲ့အတွက် ဈေးဝယ်ရတာကြိုက်နှစ်သက်သူတွေအတွက် Singapore နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းကိုအိမ်ပြန်ယူသွားလို့ ရမယ်အခွင့်အရေး ရရှိမယ့် ပွဲလေးဆိုလည်း မမှားပါဘူး။ Great Singapore Sales က လူအများစောင့်မျှော်နေကြတဲ့ ရူးသွပ်သွားစေနိုင်တဲ့ Shopping Party ကြီးတစ်ခုလို့ပြောလို့ရပါတယ်။
Fashion ပစ္စည်းတွေက နေ Jewelryအထိ၊ လျှက်စစ်ပစ္စည်းတွေကနေအရုပ်တွေအဆုံး၊ နောက်ဆုံး Spa Treatment၊ စားသောက်ဆိုင်တွေ၊ Hotels တွေနဲ့ Attraction တွေအထိပါအရမ်းတန်တဲ့ ဈေးတွေနဲ့ ရမယ့် Lifestyle ပွဲတစ်ခုဘဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ Great Singapore Salesအမှီ သွားလည်ချင်တဲ့ လူတွေအတွက်တော့ iLoveSQ website ကနေ ဇူလိုင်လ ၈ ရက်နေ့ လေယာဉ် လက်မှတ်တွေအတွက်အကောင်းဆုံး ဈေးချပေးနေတာကို တွေ့ရမှာပါ - http://bit.ly/2UUZTLn
GSS ရဲ့ History ကိုပြောပြရမယ်ဆိုရင် 1994 ခုနှစ်ကစခဲ့တာပေါ့။အခုဆိုရင် 26 နှစ်တိုင်တိုင်ရှိခဲ့ပါပြီ။ ပထမနှစ်မှာကို ကမ္ဘာတစ်ဝန်းက လူပေါင်း
6သိန်းကျော်ကို ဈေးဝယ်ဖို့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ 1994 ခုနှစ်မှာ 4ပတ်တိုင်တိုင် ကျင်းပခဲ့ပါတယ်။ 1998 ခုနှစ်ရောက်တော့ 5 ပတ်ဖြစ်သွားခဲ့ပြီး 2004ခုနှစ်ကနေစလို့ 8 ပတ်အကြာမြိုင်မြိုင်ဆိုင်ဆိုင်ပြုလုပ်ကျင်းပခဲ့ပါတယ်။
ဒီနှစ်ရဲ့ Gss ကိုတော့ June 21th ကနေ July 28thအထိ ၃၈ ရက်တိုင်တိုင် Weekend ၅ ခုကိုကာဗာလုပ်ပြီးအကြီးအကျယ်ကျင်းပမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ Brand တွေကအခုကတည်းကစပြီး Sales ချနေပါပြီ။ဒါကြောင့်အခု Singapore ကိုသွားရင် ဘယ်ဆိုင်ပဲဖြစ်ဖြစ် ဆိုင်တိုင်းက Sales ချနေမှာတော့အသေအချာပါပဲ။
ဘယ်မှာဘာတွေဝယ်ရမလဲဆိုတာကို Modian တွေ သိချင်နေပြီမလား?ကဲအခုပဲကြည့်လိုက်ရအောင်…
Singapore မှာရှိတဲ့အမွေအနှစ် Brand တွေကို ရှာဖွေပြီး Singapore ပြည်တွင်းဖြစ် design တွေကို ဦးဆောင်ဖန်တီးနေတဲ့ Singapore နိုင်ငံမှာရှိတဲ့ နိုင်ငံတကာအသိအမှတ် ပြု Designer နဲ့ Trendအသစ်အသစ် တွေ ချမှတ်သူတွေရဲ့အရည်အသွေးမြင့်ပြီး သက်တောင့်သက်သာ ရှိတဲ့ Design တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
အိမ်မှာရှိတဲ့ Closet ကို Work Fashion နဲ့ ဖြည့်ဖို့ စဉ်းစားနေသူတွေအတွက်တော့ Singapore ရဲ့ Local Brand တွေထဲက ဖြစ်တဲ့ Love Bonito၊ Playdressအစရှိတာတွေကို ရွေးချယ်လို့ ရမှာ ဖြစ်ပါတယ်။
Love, Bonito
Love, Bonito ကတော့အမျိုးသမီးအဝတ်အထည့် သီးသန့်ရရှိနိုင်တဲ့ Brand လေးတစ်ခု ဖြစ်ပြီးတော့ သူတို့ရဲ့တမူထူးခြားတဲ့ Design ethic ကြောင့် ဝတ်လိုက်ရင် သက်တောင့် သက်သာနဲ့ စတိုင်ကျနေမှာ ဖြစ်ပါတယ်။အလုပ်ခွင်အတွက် Work fashion ကနေပြီးတော့ ရိုးရိုးတမ်းတမ်းဝတ်ဖို့အတွက် ဂါဝန်လေးတွေအထိရွေးချယ်စရာတွေ ရှိနေတော့ သွားကြည့်ရင်စိတ်ကျေနပ်မှု ရစေမယ့် Brand တစ်ခု ဆိုလည်း မမှားပါဘူး။အပြင်မှာ လက်တွေ့ကျကျ ဝတ်ဆင်ဖို့အတွက် ချုပ်ထားတဲ့အတွက်လည်း နေ့စဉ် ဝတ်ဆင်မှုမှာအဆင်ပြေစေမှာပါ။ Love, Bonito ဆိုင်လေးတွေကိုတော့ Orchard Road မှာ ရှိတဲ့ 313@Somerset, Jurong Geteway လမ်းပေါ်က Jem နဲ့ North Bridge လမ်းမှ Funan mall တို့မှာတွေ့နိုင်ပါတယ်။
Playdress
Playdress ကတော့ ၂၀၁၇ ခုနှစ်မှာ တည်ထောင်ခဲ့တယ်ဆိုပင်မဲ့အခုချိန် Singapore မှာအကြီးဆုံး Local Brand တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်နေပါပြီ။ ချစ်စရာကောင်းတဲ့ Mini skirt လေးတွေကို ကြိုက်တတ်တဲ့ ညီမလေးတွေနဲ့ Confident ရှှိရှိ Dress လှလှတွေကို မှကြိုက်တတ်တဲ့ မမ တွေအတွက် မဖြစ်မနေ Check out လုပ်ရမယ့် Brand လေးပေါ့။ သူ့ရဲ့ Retail ဆိုင်လေးတွေကိုတော့ Plaza Singapura, Suntec City, Bugis Junction နဲ့ CityLink တို့မှာ ရှာတွေ့နိုင်ပါတယ်။
ပုံမှန်ဝတ်နဲ့ ပါတီတက်ဖို့အတွက်ကိုတော့ Singapore က Local တွေရဲ့ Favorite တွေ ဖြစ်တဲ့ Her Velvet Vase၊ The Closet Lover နဲ့ Love and Braveryအစရှိတဲ့ Brand တွေရှိမှာ ဖြစ်ပါတယ်။
Her Velvet Vase
Her Velvet Vase ကတော့အပေါ်မှာ ပြောထားတဲ့အတိုင်းပေါ့။ ချစ်စရာကောင်းတဲ့ Casual wear dress လေးတွေကနေပြီးတော့ ပါတီတက်ဖို့အတွက် ခပ်မိုက်မိုက် dress လေးတွေ ရှိတဲ့အတွက် ကိုယ့်အိမ်က wardrobe ကို စတိုင်ကျကျ dress လေးတွေဖြည့်ချင်သူတွေအတွက်အသင့်တော်ဆုံးပေါ့။ HVV ဆိုင်လေးတွေကိုတော့ Plaza Singapura နဲ့ CityLink တို့မှာတွေ့နိုင်ပါတယ်။
Closet Lover
The Closet Lover မှာတော့အဝတ်အစားတွေအပြင် ဖိနပ်နဲ့ တစ်ခြား Fashion Accessories လေးတွေကိုပါ ရနိုင်ပါသေးတယ်။ ၂၀၁၅ ခုနှစ်က စတင်ခဲ့ပြီးတော့အခုဆိုရင် မလေးရှားနိုင်ငံအထိ ချဲ့ထွင်နိုင်ခဲ့ပြီး Singapore မှာလည်းအကြီးဆုံး Brand တွေထဲက တစ်ခုအပါအဝင်ဖြစ်နေပါပြီ။ စိတ်ဝင်စားတယ် ဆိုရင်တော့ Bugis Junction, Raffles Xchange နဲ့ Tampines 1 တို့မှာ သွားကြည့်လို့ ရပါတယ်။
Love & Bravery
Casual Wearအစ Dress မိုက်မိုက်လေးတွေအပြင် Work Fashionအဆုံးအကုန်စိတ်ဝင်စားတယ်ဆိုရင်တော့ Love & Bravery က ဝင်ကြည့်ရမယ့် နေရာတစ်ခုပါ။ သူ့ကို တော့ Wisma Atria, Bugis Junction, Jem နဲ့ Tampines 1 တို့မှာ ရှာတွေ့နိုင်ပါတယ်။
MODA Magazineအနေနဲ့လည်း Great Singapore Sales ကို သွားရောက်လည် ပတ်ပြီးတော့ သင့်ကို တစ်နှစ်ပတ်လုံး ခေတ်မှီလှပနေအောင် ဒီ Brand တွေကိုသွားရောက် ကြည့်ရှုပေးသွားမှာ ဖြစ်တဲ့အတွက် စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြပါဦး
Orchard Road
Orchard Road ကတော့အရမ်းကိုနာမည်ကြီးတဲ့ Shopping Paradise ပေါ့။Singapore မှာ Shopping Mall တွေအများဆုံးစုစည်းရာနေရာလို့လည်းပြောလို့ရပါတယ်။လမ်းကတိုတယ်ဆိုပေမယ့် flagship store တွေ ပြည့်စုံတဲ့ ION Orchard Shopping Mall,Tangs, Duty Free DFS Galleria, Orchard Central, Ngee An City, Paragon, 313, Center Point, Plaza Singapuraအစရှိတဲ့ Shopping Mall တွေရဲ့ စုစည်းရာ Area တစ်ခုပါ။တစ်နေရာမှာပဲအကြီးအကျယ် ဈေးဝယ်လို့ရမယ့် လမ်းဆိုရင်လည်းမမှားဘူးပေါ့။
Highend Luxuary Brand တွေဝယ်မယ်ဆိုရင်
Luxuary Brand တွေဝယ်မယ်ဆိုရင်တော့ The Shoppes at Marina Bay Sands ကိုပဲသွားရမှာပေါ့။ Hermes, Diors, VERACE, Saint Laurent, CHANEL လိုချင်တာအကုန်ရှိပါတယ်။ Highend Jewelry Brand တွေဖြစ်တဲ့ Van Cleef & Arpels,CHOPARD, PIAGET,Cartier တွေကိုလည်း ဒီတစ်နေရထဲမှာပဲ စုံလင်စွာဝယ်ယူရရှိနိုင်ပြီးအာရှမှာအကြီးဆုံးဆိုင်ဖြစ်တဲ့ Louis Vuitton Flagship Store ကိုလည်း မြင်တွေ့ရမှာပါ။ Singapore မှာရှိတဲ့ Luxuary Brand တွေက ပစ္စည်းတွေလည်းပိုစုံလင်တဲ့အပြင် Sales ချနေတာတွေနဲ့ဆိုတော့ တော်တော်ကို တန်တဲ့ ဈေးတွေနဲ့ စိတ်ကျေနှပ်မှုရရှိစေမယ့် Shopping Experience တစ်ခုဖြစ်မှာတော့ သေချာပါတယ်။
အလှဆုံး Shopping Mall Vivo City
Vivo City မှာ ဆိုင်ပေါင်း ၃၀၀ ကျော် ရှိတဲ့အပြင် Branded တွေအနေနဲ့ MK, Coach, Kate Spade, CK တွေရှိသလို Cometics Brand တွေအနေနဲ့ YSL, CHANEL တွေလည်းရှိပါသေးတယ်။ Ready to wea Brand တွေနဲ့ ကောင်လေးအများစုကြိုက်တတ်တဲ့ Sports Brand တွေလည်းအများကြီးရှိပါတယ်။ဒါ့အပြင် Vivo City ရဲ့ Rooftop က ကမ်းတစ်ဖက်မှာရှိတဲ့ Santosa ကိုလည်းView ကောင်းကောင်းနဲ့ ရူမြင်ရမှာပါ။
အလန်းဆုံး Jewel Changi Airport
Jewel Changi Airport မှာလည်း နိုင်ငံတကာ Brand ဆိုင်ပေါင်း ၃၀၀ ကျော်ရှိပါသေးတယ်။ Jewel Changi Airport မှာအခုနောက်ဆုံး ဖွင့်လုစ်လိုက်တဲ့ Indoor Waterfall က ကမ္ဘာပေါ်မှာအကြီးဆုံး Indoor ရေတံခွန်ကြီးတစ်ခုပါ။ ဒါ့အပြင်အထဲမှာလည်း သစ်တောကြီးတစ်ခုလုံးကို ထည့်သွင်းထားသလိုမျိုးအရမ်းမိုက်တဲ့ indoor ပန်းခြံကြီးလည်းရှိနေပါသေးတယ်။ ဒါကြောင့် သွားရောက်လည်ပတ်စရာနေရာ တစ်ခုအဖြစ်အနေနဲ့ပဲ ထင်မနေကျပါနဲ့နော်။ ဒီနေရာကတော့ သွားကို သွားရမယ့်နေရာထဲမှာ ပါပါတယ်။
ဈေးအတန်ဆုံး IMM Outlet Shopping Mall
IMM က Singapore မှာအကြီးဆုံး Outlet Shopping Mall ဖြစ်တဲ့အတွက် ဈေးတန်တန်နဲ့ Branded တွေဝယ်မယ်ဆိုရင် IMM ကိုတော့ မသွားမဖြစ်သွားရမှာပါ။နဂိုကတည်းက 80% off ထိလျော့တဲ့ Outlet ကြီးကအခု GSSနဲ့ ဆိုတော့ ပိုပြီးတော့တောင် ဈေးဝယ်ရတာတန်မှာအသေအချာပါ။ နောက်ပြီး လာရောက်လာပတ်တဲ့ foreigner တွေကို Service counter မှာ Passport လေးပြရုံနဲ့ Sales informationအကုန်ပါဝင်တဲ့ magazine ကိုပါ ပေးဦးမှာပါ။ IMMမှာ Customer Service ကိုသွား Passport ပြ Tourist Privilege Booklet လေးကို ယူပြီးရင်တော့ Outlet Store တွေမှာ Offer တွေရနိုင်တဲ့အပြင် SG$ 200အထက်ဝယ်ယူတဲ့လူတိုင်းကိုလည်း SG$ 10 တန်ဖိုးရှိ Welcome gift လေးကို ရရှိနိုင်မှာ ဖြစ်ပြီး တစ်လမှာ လူအယောက် ၂၅၀ ကိုသာပေးသွားမှာ ဖြစ်တဲ့အတွက် နောက်မကျစေနဲ့ဦးနော်။ ဒီလို လက်ဆောင်လေးတွေလည်း ပေးဦးမှာဆိုတော့ နောက်ထပ်သွားကိုသွားရမယ့် Shopping Destination တစ်ခု ဖြစ်နေတာတော့ သေချာပါတယ်။
ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ Sales တွေအပြင် ရူးသွပ်သွားစေနိုင်တဲ့ Shopping Party Experience ကိုပါ ခံစားဖို့ ဒီပွဲလေးကို စိတ်ဝင်စားသူတွေအတွက် ဇူလိုင်လ ၂၈ ရက်ထိ ဒီပွဲလေးကို လုပ်သွားမှာ ဖြစ်တဲ့အတွက်အခုပဲ singapore သွားဖို့ စီစဉ်လိုက်တောနော့်