ကလေးဘဝတုန်းက လူကြီးတွေက ဖိနပ်ဝတ်ဆို ဘယ်တော့မှ မဝတ်ချင်ဘူး။ ခြေဗလာလေးနဲ့
တောက်တောက် တောက်တောက် လျှောက်သွားရတာကို ကလေးတိုင်း ပျော်မွေ့ကြတယ်။
ကြားဖူးတာတစ်ခုက မြေကြီးနဲ့ ခြေထောက်နဲ့ ထိတွေ့ပြီးကစားတဲ့ ကလေးတွေဆို ပိုပြီး ကြံ့ခိုင်
ကျန်းမာသတဲ့ ။
အသက်ရွယ်ရလာတဲ့အခါ ခြေဗလာကြီးနဲ့ လျှောက်သွားနေလို့ ဘယ်ကောင်းမလဲ။ သွားလေရာ
ဖိနပ်က မပါမဖြစ်ပဲ။ ကျန်းမာရေးပညာရှင်တွေပြောပြချက်အရ တစ်ခါတစ်လေ ခြေဗလာနဲ့
မြေကြီးပေါ်လမ်းလျှောက်တာဟာ သင်ထင်ထားတာထက် ပိုပြီးအကျိုးကျေးဇူးတွေရှိနေပါတယ်။
ဘယ်လိုအကျိုးကျေးဇူးတွေလဲဆိုတော့ …
နာကျင်ခြင်းနဲ့အသားရည်ဖူးရောင်နီမြန်းခြင်းကို လျော့ချနိုင်

မကြာခဏ ခရီးသွားနေရတဲ့သူတွေအနေနဲ့အိပ်ရာပြောင်းလို့အိပ်မပျော်တာမျိုး ၊အလုပ်ကိစ္စ
ကြောင့် စိတ်ဖိစီးမှုတွေများနေတာမျိုး ၊ သွားရင်းလာရင်း ထိခိုက်မိတာရှိခဲ့ရင် မြေကြီးပေါ်
ခြေဗလာနဲ့ လမ်းလျှောက်ကြည့်လိုက်ပါ။ တကယ်ပဲ ကော်တီဆုန်းအဆင့်ကိုလျော့ချပေးပြီး
စိတ်ဖိစီးမှုတွေ ၊အိပ်မပျော်တဲ့ပြဿနာတွေကိုပါ ဖြေရှင်းပေးနိုင်ပါတယ်။ နာကျင်ရောင်ရမ်းတာ
တွေရှိရင်လည်း တကယ်သက်သာစေကြောင်း လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။
နှစ်ခြိုက်စွာအိပ်ပျော်စေ
အပေါ်ကပြောခဲ့သလိုပဲ … သူက ကောင်းကောင်းမွန်အိပ်စက်နိုင်အောင် တကယ်စွမ်းဆောင်နိုင်
ပါတယ်။အိပ်တာခြင်းအတူတူတောင် ဘာအိပ်မက်ဆိုးမှမရှိပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွား
စေပါတယ်။ တချို့ညတွေမှာအိပ်လိုက်တာနဲ့ တန်းအိပ်မရတာမျိုး ဖြစ်ဖူးကြပါတယ်။ ခြေဗလာနဲ့
မြေကြီးပေါ် လမ်းလျှောက်သွားတဲ့နေ့တွေဆို ခေါင်းအုံးနဲ့ ခေါင်း ထိတာနဲ့ တန်းအိပ်ပျော်သွားစေမှာပါ။
ကိုယ်ခံအားစနစ်ကောင်းမွန်
လူတစ်ယောက်မှာ ကိုယ်ခံအားကောင်းဖို့က သိပ်အရေးကြီးပါတယ်။ ရာသီဥတုအပြောင်းလဲ
ဖြစ်ပြီဆိုတာနဲ့ ဖျားကြတယ်ဆိုတာအဲ့ဒါ ကိုယ်ခံအားမကောင်းလို့ပါ။ ရောဂါပိုးတွေဆိုတာ ကိုယ်ခံအား
နည်းတဲ့သူတွေရဲ့ခန္ဓာကိုယ်ထဲ ဝင်ဖို့အမြဲချောင်းမြောင်းနေကြတာပါ။ ခြေဗလာနဲ့ လမ်းလျှောက်
ခြင်းက သင့်ရဲ့ကိုယ်ခံအားစနစ်ကို ကောင်းမွန် မြှင့်တင်ပေးနိုင်ပြီး သွေးလည်ပတ်မှုလည်း
တိုးတက်စေပါတယ်။
စိတ်ခံစားချက်တွေ ကောင်းမွန်စေ
ခြေဗလာနဲ့ လမ်းလျှောက်ခြင်းက သင့်ရဲ့အာရုံခံစနစ်ကို ထိန်းညှိပေးပြီး စိတ်ခံစားချက်တွေကို
ကောင်းမွန်စေတယ်။ စိတ်ဖိစီးမှုတွေ တင်းကြပ်မှုတွေအတတ်နိုင်ဆုံး မရှိအောင် လျော့ချပေးနိုင်
သတဲ့။ မကောင်းမြင်စိတ် နည်းပါးလာပြီး စိတ်ရော ၊ ကိုယ်ပါ ကျန်းမာသန်စွမ်းတဲ့ လူတစ်ယောက်
ဖြစ်လာပါလိမ့်မယ်။
Energy levels တွေမြှင့်တင်ပေး
ကိုယ်ခံအားစနစ်တွေကို ကောင်းမွန်စေသလို သင့်ရဲ့လုပ်နိုင်စွမ်းအားတွေဟာ သန်မာထက်
ပိုပြီးအားကောင်းနေပါလိမ့်မယ်။ ပေါ့ပါး ဖျတ်လတ်ပြီး ဘယ်တော့မှ ပျင်းရိအိပ်ငိုက် ငြီးငွေ့နေတဲ့
ပုံစံမျိုး မဖြစ်စေပါဘူး။ တိုးတက်လာတဲ့ခေတ်ကြီးမှာ ဒီလိုသွက်လက်တဲ့အပြုအမူရှိသူသာ
ဦးစားပေးခံရစမြဲပါ။ ဒါကြောင့် သင့်အနေနဲ့ ဘယ်လောက်ပဲ ခေတ်သစ် နည်းပညာတွေ တိုးတက်
ပါစေ… သဘာဝတရားကြီးနဲ့ ထိတွေ့ဖို့ ဘယ်တော့မှမမေ့ပါနဲ့။ သဘာဝကပေးတဲ့ ကျန်းမာရေး
အကျိုးကျေးဇူးတွေ၊ တန်ဖိုးတွေဆိုတာအမြဲတမ်းရှိပါတယ်။