
ဗုဒ္ဓ္ဓဟူးသားသမီးများအတွက်
အချစ်ရေး
အပျိုလူပျိုများအတိတ်ဘဝက ဆုတောင်းရှိခဲ့ဖူးသောအချစ်ဟောင်းအဆက်ဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရမည်။
ချစ်သူထံမှအမှတ်တရလက်ဆောင်တစ်ခု ကြီးကြီးမားမားရမည်။
မိမိကိုစိတ်ဝင်စား ချစ်ကြိုက်နေသူများအများအပြားပေါ်လာမည်။
ဝိုင်းဝိုင်းလည်နေမည်၊အလွန်အမင်း စိတ်လှုပ်ရှား ရင်ခုန်နေရမည်။
စိတ်ကောက်လိုက် ပြန်တည့်လိုက်ဖြင့် ကြည်နူးစရာများအတိပြီးနေမည်။
အိမ်ထောင်ရေး
မိမိအိမ်ထောင်ဖက်၏ သဝန်တိုခြင်းကို ခံရမည်။
အိမ်ထောင်ဖက်ကိုအကြောင်းပြု၍ ငွေကြေးစီးပွားဥစ္စာများ တိုးပွားမည်။
အိမ်ထောင်ဖက်ထံမှအကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရမည်။
တစ်ဦးနဲ့တစ်ဦး နားလည်မှု မျှဝေခံစားမှုများဖြင့် သာယာနေမည်။
မယ်တစ်ထမ်း မောင်တစ်ရွက်ဖြင့် ရှေ့သွားနောက်လိုက်ညီနေမည်။
အိမ်ထောင်ရေးသုခ ခံစားရမည်။စိတ်လှုပ်ရှား ရင်ခုန် ကြည်နူးမှုများ ရောထွေးနေမည်။
အချစ်ရေးအိမ်ထောင်ရေးတွင် စနေသားသမီးများ ၊ နာမည်တွင် တ ထ ဒ ဓ န ပါသောသူများ ၊ လူမျိုးခြား ဘာသာခြား ၊ မီးလျှပ်စစ် ၊အထည်အလိပ် ၊ နိုင်ငံရပ်ခြားနှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။
အချစ်ရေးအိမ်ထောင်ရေးအထူးယတြာ - မလိုပါ ။ လုပ်ချင်သပဆိုလျှင် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ကို ရေမွှေးလက်ဆောင်ပေးရင်း ဆုတောင်းပါ။
သောကြာသားသမီးများအတွက်
အချစ်ရေး
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် ဂဏာမငြိမ်ဖြစ်တတ်ခြင်း ၊ စိတ်အပြောင်းအလဲမြန်ခြင်း ၊ ချစ်သူပါပြောင်းသွားတတ်ခြင်း တို့ကြုံရမည်။
ချစ်ခြင်းမေတ္တာများ သံယောဇဉ်များလည်း ပြောင်းလဲသွားတတ်ပြီး မတည်မငြိမ်ဖြစ်မည်။ ထိလွယ် ရှလွယ်ဖြစ်မည်။
ဆုပ်လည်းစူး စားလည်းရူးအခြေအနေများကြုံရမည်၊အဆင်မသင့်လျှင် လမ်းခွဲပြတ်စဲသွားရတတ်မည်။
အိမ်ထောင်ရေး
အကောင်းအဆိုးရောထွေးနေမည် စိတ်ပူစရာများ စိတ်အနှောက်အယှက်ဖြစ်စရာများ ကြည်နူးရင်ခုန်စရာများ ရောထွေးနေမည်။
မကြာခဏဆိုသလို ခွဲခွာနေလျှင်အညံ့များပြေပျောက်ပြီးအိမ်ထောင်ရေးသုခများခံစားရမည်။ မကြာခဏအိပ်ယာခွဲအိပ်ပါ။ပြောင်းအိပ်ပါ။
အချစ်ရေးအိမ်ထောင်ရေးတွင် သောကြာသားသမီးများ ၊ နာမည်တွင် သ ဟ ပါသောသူများ ရေနားနီးသော ၊ ရေကြောင်းခရီး ၊ သင်္ဘော ၊ ဟော်တယ်လုပ်ငန်း ၊ ခရီသွားလုပ်ငန်း ၊ စကားပြော ၊ ပွဲစားအလုပ်နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။
အချစ်ရေးအိမ်ထောင်ရေးအထူးယတြာ - နှစ်ယောက်ဓါတ်ပုံကိုကို မျက်နှာချင်းဆိုင်ကပ်။ စွယ်တော်ရွက်နှင့်ညှပ် ၊ ခေါင်းအုံးအောက်မှာထားအိပ်ပါ။
Source -တာရော့ဗေဒင်
Myanmar Wedding Guide