သောကြာနှင့်စနေသားသမီးတို့အတွက်အချစ်ရေး
weddingguide.com.mm
|
2019-07-15

သောကြာသားသမီးများအတွက်



အချစ်ရေး -အပျို၊လူပျိုများ မိမိကိုကြင်နာတတ်သူ မိမိကိုတန်ဖိုးထားသူများနှင့်ချစ်သူဖြစ်ရတတ်။



အချစ်ရဲ့ချိန်မြိန်တဲ့အသီးအပွင့်များကို ဆွတ်ယူစားသုံးရမည်။ ချစ်စိတ်တွေ ငယ်ထိပ်ရောက်နေမည်။



အချစ်ရေးမှာ ပန်းနုရောင်တွေ လွှမ်းမိုးနေမည်။ မိမိထက်အဆင့်အတန်းမြင့်မားသူ ချမ်းသာသူများနှင့် ဖူးစာဆုံအိမ်ထောင်ကျမည်။


အိမ်ထောင်ရေး -အိမ်ထောင်ဖက်၏ ဂရုစိုက်ခြင်း၊အလိုလိုက်ခြင်း၊ကောင်းကျိုးပြုခြင်းကို ခံရမည်။



မိမိ၏လုပ်ငန်းဆောင်တာရည်ရွယ်ချက်များအတွက်အိမ်ထောင်ဖက်ထံမှအကူအညီကောင်းအကြံကောင်း ဉာဏ်ကောင်းများရ မည်။



အိမ်ထောင်ဖက်ကိုအကြောင်းပြု၍စီးပွားတက်မည်။ စိတ်ချမ်းသာ ပျော်ရွှင်ရမည်။


အချစ်ရေးအိမ်ထောင်ရေးတွင် ကြာသပတေးသားသမီးများ ၊ နာမည်တွင် ပ ဖ ဘ ဗ မ ပါသောသူများ ၊ ပညာရေး ၊ ဆရာအလုပ် ၊ မြေ ၊ ဖုန်း ၊ မုန့် နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။


အချစ်ရေးအိမ်ထောင်ရေးအထူးယတြာ -အထွေအထူးလုပ်ရန်မလိုပါ ။ လုပ်ချင်သပဆိုလျှင် သူငယ်ချင်းမိတ်ဆွေများ ကော်ရည်ခေါက်ဆွဲ ဒါနလုပ်ပါ။


စနေသားသမီးများအတွက်


အချစ်ရေး - ကောင်းမလိုလိုနဲ့ ညံ့သွားတတ်။ ညံ့မလိုလိုနဲ့ ကောင်းသွားတတ်။အသေးအဖွဲလေးကအစ ညှိုနှိုင်းရခက်နေတတ်။



အချစ်ရေးကံကောင်းသည်ဟု ယူဆနိုင်သော်လည်း မိန်းမလည် ယောင်္ကျားရှုပ်များနှင့်တွေ့ရတတ်ခြင်းကို သတိပြုရမည်။



ချစ်သူ၏ ဖုံးကွယ်ဟန်ဆောင်လိမ်ညာခြင်းကို ခံရတတ်။ ချစ်သူ၏ မာယာပရိယာယ်ကြားမှာ နစ်မျောသွားတတ်။ သတိပြုသင့်။


အိမ်ထောင်ရေး - ပွင့်လင်းမြင်သာမှုအားနည်းပြီး ဖုံးကွယ်ဟန်ဆောင်မှုတွေ များနေမည်။



ညီအစ်ကိုမောင်နှမကဲ့သို့ခင်မင်ရသူများ ၊ ဆွေမျိုးသားချင်းများကြောင့် လင်နဲ့မယားအဆင်မပြေဖြစ်တတ်။အမြင်တွေအယူအဆတွေ မကြာခဏကွဲလွဲမည်။


အချစ်ရေးအိမ်ထောင်ရေးတွင် ဗုဒ္ဒဟူးသားသမီးများ ၊ နာမည်တွင် ရ ယ လ ၀ ပါသောသူများ ၊ မြစ်နား ချောင်းနား ရေနားနီးသောသူများ ၊အအေး ၊အရက်ဘီယာ ၊ ရေသန့် ၊အလှအပ ၊အနုပညာ နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။(သတိထားရန်)


အချစ်ရေးအိမ်ထောင်ရေးအထူးယတြာ - နှစ်ယောက်ဓါတ်ပုံကိုကို မျက်နှာချင်းဆိုင်ကပ်။ ထမင်းပေါင်းအိုးအလွတ်ထဲတွင် မကြာခဏထည့်ပေးပါ။

Myanmar Wedding Guide

#အချစ်
#အိမ်ထောင်ရေး
#အိမ်ထောင်ဖက်
#ယတြာ
#သားသမီး

Some text some message..