ကောင်လေးတွေသည်းမခံနိင်တဲ့ ကောင်မလေးတွေရဲ့အကျင့်စရိုက်
weddingguide.com.mm
|
2019-07-18

ယောကျ်ားလေးတွေက ကိုယ့်ချစ်သူမိန်းကလေးတွေကိုအမြတ်နိုးဆုံးနဲ့တန်ဖိုးထားပြီး ချစ်ကြပါတယ်။


သို့ပေမယ့်လည်း မိန်းကလေးတွေကအမှုမဲ့အမှတ်မဲ့လုပ်လိုက်တဲ့အပြုတွေက သူတို့အတွက် သည်းခံနိုင်စွမ်းမရှိဘဲ တော်တော်ကလေး စိတ်တိုမှုကို ဖြစ်စေပါတယ်။



ယောကျ်ားလေးတွေစိတ်တိုပြီး ဒေါသပေါက်ကွဲပြီဆိုရင် ဘာမှသိပ်မပြော၊ ဘယ်သူမှ လှည့်မကြည့်ဘဲ ထွက်သွားတတ်ကြပါတယ်။


လူငယ်စုံတွေဟာအမြဲတမ်းအဆင်ပြေနေတဲ့အတွဲဆိုတာတော့ မရှိကြပါဘူး။ ယောကျ်ားလေးအများစုဟာ ကိုယ့််ချစ်သူနဲ့ မပြေလည်ရင် တိတ်တိတ်ဆိတ်ဆိတ်လေး နေတတ်ကြပါတယ်။


မိန်းကလေးတွေကတော့ ကိုယ့်ချစ်သူနဲ့အဆင်မပြေရင် သူငယ်ချင်းတွေကိုပြောပြလေ့ရှိပါတယ်။ ယနေ့အိုင်တီခေတ်တွင်အွန်လိုင်းပေါ် မှာအဆင်မပြေကြောင်းတွေ ရေးတင်ထားတာ တွေ့ရတတ်ပါတယ်။


ယောကျ်ားလေးတွေကတော့ သူတို့နဲ့ဆန့်ကျင်ဘက်ပါ။ ကိုယ့်ချစ်သူအကြောင်းကို ကောင်း၊ မကောင်းကို ပြောပြလေ့မရှိကြပါဘူး။


တချို့ယောကျ်ားလေးတွေက ဂိမ်းကစားတာ ဝါသနာပါကြပါတယ်။အဲဒီအချိန်မှာ ချစ်သူမိန်းကလေးက လာရှုပ်တာမျိုးကို မကြိုက်ကြပါဘူး။


သူတို့က ဂိမ်းကစားရင် ရှုံးတာကိုလက်မခံဘဲအနိုင်လိုချင်ကြလို့အဲဒီအချိန်ဆိုရင် ဘေးမှာနှောင့်ယှက်ရင် လာမရှုပ်နဲ့ သွားလို့ဆိုပြီး မောင်းထုတ်တာခံရပါလိမ့်မယ်။


ယောကျ်ားလေးတွေက ကိုယ့်ချစ်သူမိန်းကလေးတွေကို ကိုယ့်အားကိုယ်ကိုးစေချင်ကြပါတယ်။ နောက်ပြီး ကိုယ့်ချစ်သူမိန်းကလေးကို မြန်မာဆန်ဆန် ဆံပင်ရှည်ရှည်နဲ့ နူးညံ့ပျော့ပြောင်းတဲ့အမူအယာလေးတွေကိုလည်း သဘောကျ ကြိုက်နှစ်သက်ကြပါတယ်။


ချစ်သူမိန်းကလေးက သူ့ ဘေးမှာ တစ်ချိန်လုံး ဗြစ်တောက်ဗြစ်တောက်လုပ်နေတာမျိုး၊ လူရှေ့သူရှေ့မှာ ဆရာမကြီးစတိုင်ပုံစံနဲ့ လုပ်နေတာမျိုးဆိုရင် ယောကျ်ားလေးမာနထိခိုက်နိုင်သည့်အတွက် ဒီလိုအပြုအမူမျိုး မလုပ်သင့်ပါဘူး။


ကိုယ့်ချစ်သူကအရမ်းတတ်၊ သိနေတယ်ဆိုရင်လည်း ကိုယ့်ဘာသာကိုယ်ပဲ နေသွားတော့ဆိုပြီး သင့်ကို ထားခဲ့ပြီး ထွက်သွားပါလိမ့်မယ်။ ထို့ကြောင့် ထိုအပြုအမူမျိုးတွေကို မိန်းကလေးတွေ ရှောင်ကြဉ်ကြဖို့ လိုအပ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Myanmar Wedding Guide

#ယောက်ျားလေး
#ချစ်သူ
#မိန်းကလေး
#အပြုအမူ
#ဂိမ်း

Some text some message..