ဝမ်းနည်းခြင်းဆိုတာ လူသားတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေ့ရမယ့်၊ ခံစားရမယ့် ခံစားချက်တစ်မျိုးပါ။
စိတ်ဓာတ်ကျ
တယ်ဆိုတာတော့ ကျွန်တော်တို့ ယနေ့ခေတ် စိတ်ကျန်းမာရေးပြဿနာတွေထဲမှာအဖြစ်အများဆုံး စိတ်ရောဂါတစ်မျိုးပါ။ ဒီအခြေအနေ နှစ်ခုဟာ ဆက်စပ်နေပေမယ့် လုံးဝတူနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ရော
ဝမ်းနည်
းတာနဲ့ စိတ်ဓာတ်ကျတာ သဲသဲကွဲကွဲ သိရဲ့လားဆိုတာ ဒီဆောင်းပါးကအဖြေရှာပေးမှာပါ။
ဝမ်းနည်းခြင်း (Sadness)
လူသားတိုင်းမှာ ခံစားရလေ့ရှိတဲ့ စိတ်အခြေအနေဖြစ်ပါတယ်။ ချစ်ရသူနဲ့ ဝေးကွာရတာ၊
အလုပ်အကိုင်
၊ ငွေကြေး ဆုံးရှုံးမှု၊ မျှော်လင့်ထားတာတွေ ဖြစ်မလာတာ၊ ဝမ်းနည်းစရာအရာရာတစ်ခုခုကို ကိုယ်တိုင်မြင်လိုက်ရတာ၊ တွေးတောမိသွားတာ၊ စိတ်ဖိစီးပြီး ပင်ပန်းနေတဲ့အချိန်၊အထီးကျန်နေတဲ့အချိန်မှာ ဝမ်းနည်းတဲ့ စိတ်ခံစားချက်ကို ခံစားရပါတယ်။ ဘဝဆိုတာအကောင်းပဲအမြဲလာတာမဟုတ်တဲ့အတွက် ပျော်ရွှင်ရတဲ့အချိန်တွေလည်း ရှိသလို၊ ဝမ်းနည်းရတဲ့အခြေအနေတွေလည်း ရှိတတ်တာ သဘာဝပါပဲ။ ဝမ်းနည်းနေတဲ့အခါ ကိုယ်က ဒီလိုခံစားနေရပါလား၊ ဒါတွေကြောင့် ကိုယ့်ရဲ့ စိတ်က မပျော်ရွှင်နေရတာပါလားဆိုတာအလွယ်တကူသိနိုင်ပါတယ်။ ကိုယ့်မှာဖြစ်နေတဲ့ စိတ်ခံစားချက်ကိုလည်း တခြားတစ်ယောက်ကို ရင်ဖွင့်ဖို့ လွယ်ကူသလို နေ့စဉ်ဘဝမှာလည်း ကြီးကြီးမားမား ထိခိုက်စေနိုင်တာမျိုး မဖြစ်စေပါဘူး။ ဝမ်းနည်းနေတဲ့ ခံစားချက်ကို ဖွင့်ဟလိုက်တဲ့အခါ၊ ငိုလိုက်တဲ့အခါ ဒါမှမဟုတ် ပျော်စရာအကြောင်းအရာတစ်ခုခုကို ခံစားမိတဲ့အခါ ဝမ်းနည်းခြင်းလျော့သွားပြီး စိတ်ခံစားချက်ဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေမှာ ကိုယ်ကဘာမှမလုပ်ဘဲ ဒီအတိုင်းနေလိုက်ရင်တောင် ခံစားချက်ကအချိန်မရွေး ပြောင်းလဲသွားနိုင်ပါတယ်။ ဝမ်းနည်းနေတဲ့ ခံစားချက်ကြီး ပျောက်သွားပြီးတဲ့တိုင်အောင်အချိန်မရွေးပြန်ပေါ်လာနိုင်ပါသေးတယ်။ ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာမရှိပေမဲ့ ဒီအတိုင်းကြီးပဲအချိန်ကြာမြင့်စွာ ခံစားနေရမယ်ဆိုရင်တော့ တခြားစိတ်ကျန်းမာရေးပြဿနာတွေ (ဥပမာ -
စိတ်ကျရောဂါ
) ဖြစ်လာဖို့ကို လမ်းစဖွင့်ပေးလိုက်တာနဲ့အတူတူပါပဲ။
စိတ်ဓာတ်ကျခြင်း (Depression)
စိတ်ရောဂါတစ်ခုလို့ သတ်မှတ်လို့ မရသေးတဲ့အခြေအနေမှာတောင်မှ စိတ်ဓာတ်ကျတာဟာအင်မတန်အန္တရာယ်များတဲ့ စိတ်ခံစားချက်ပါ။ ဝမ်းနည်းတာနဲ့မတူဘဲ ကိုယ့်ရဲ့အသိစိတ်ကိုချုပ်ကိုင်ပြီး လုံးဝအမှောင်ဖုံးလွှမ်းလိုက်ပါတယ်။အသိစိတ်လွတ်သွားတဲ့ လူတစ်ယောက်က သူ့ရဲ့ တွေးခေါ်ပုံ၊အာရုံစူးစိုက်နိုင်မှု၊အပြုအမူ၊အကျင့်စရိုက်တွေအားလုံးက ဗြောင်းဆန်သွားပါတယ်။
စိတ်ဓာတ်ကျေ
နတဲ့ သူတစ်ယောက်သည်
အမြဲတမ်းလိုလို စိတ်တည်ငြိမ်ခြင်း မရှိဘူး
လူကိုကြည့်လိုက်ရင် စိတ်လွတ်နေသလို ဖြစ်နေတတ်တယ်
တစ်ယောက်တည်း သီးသန့်နေတတ်ပြီး လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာမျိုး မရှိတော့ဘူး
ဘာကိုမှ လုပ်ချင်ကိုင်စိတ် မဖြစ်တော့ဘဲ လောကကြီးကို စိတ်ကုန်နေတဲ့ ပုံစံဖြစ်နေတယ်
ခံတွင်းပျက်သလို ဘာမှလည်း စားချင်စိတ် မရှိဘဲဖြစ်မယ်
အမှောင်ထဲမှာ နေရတာကို ကြိုက်လာတယ် ညဘက်တွေမှာ
အိပ်မပျော်
ဘဲအတွေးကမ္ဘာထဲ မြောနေမယ်
နေ့နဲ့ ညအိပ်ချိန်တွေ မှားယွင်းလာမယ်၊ ကောင်းစွာလည်းအိပ်ပျော်နိုင်ခြင်းမရှိပါဘူး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်တွေ၊အသုံးမကျဘူးလို့ ခံစားရတဲ့
စိတ်ေ
တွ ပိုများလာမယ်
ဘာကိုမှအာရုံစိုက်လို့မရတော့ဘဲအသိစိတ်တွေက ပျံ့လွင့်နေမှာပါ ဒီလိုခံစားချက်တွေ ၅ခုထက်မနည်း ဖြစ်နေတယ်ဆိုရင်တော့ စိတ်ဓာတ်ကျနေတာဖြစ်ဖို့ ပိုသေချာသွားပါပြီ။ ဝမ်းနည်းခြင်းနဲ့ မတူဘဲ စိတ်ဓာတ်ကျခြင်းဟာ ကိုယ်တိုင်ဖြေဖျောက်ဖို့အင်မတန်ခက်တဲ့ စိတ်ကျန်းမာရေးပြဿနာပါ။ ကိုယ့်ရဲ့အတွေးကမ္ဘာထဲမှာ ပူလောင်စိတ်၊အပြစ်တင်စိတ်၊ ဝမ်းနည်းစိတ်တွေနဲ့အတူ
ပိတ်လှောင်
လိုက်ပြီး ကိုယ့်စိတ်ကို ဖြည်းဖြည်းချင်း သတ်တဲ့ ခံစားချက်မျိုးပါပဲ။ ဒီတော့အလွယ်ပြောရမယ်ဆိုရင် ဝမ်းနည်းမှုသည် သာမန်စိတ်ကျန်းမာနေတဲ့ သူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာအမြဲတွေ့ကြုံရတတ်တဲ့ ခံစားချက်ဖြစ်တယ်။ ကိုယ့်မှာဖြစ်နေတဲ့ ခံစားချက်ကိုလည်းအလွယ်တကူ ဖွင့်ဟပြောဆိုနိုင်ပြီး ကိုယ့်ဘာသာ ပျော်ရွှင်လာအောင်လည်း လုပ်နိုင်တယ်။ စိတ်ဓာတ်ကျခြင်းသည် နောက်ထပ်စိတ်ကျန်းမာရေးပြဿနာများ ဝင်လာရန်အစဖြစ်ပြီးအခြေအနေတော်တော်ဆိုးလာတဲ့အခါမှာ ဝမ်းနည်းခြင်းမှ စိတ်ဓာတ်ကျခြင်းကို ကူးပြောင်းပါတယ်။ ကိုယ့်မှာဘာဖြစ်နေသလဲဆိုတဲ့အသိစိတ်တွေ ပျောက်ဆုံးသွားပြီး တစ်နေ့တစ်နေ့ စိတ်ကပိုဆိုးလာကာ ကိုယ့်ကိုယ်ကိုယ်ပါအသက်အန္တရာယ်ပေးသည်အထိ၊ နေ့စဉ်အလုပ်တွေကို ထိခိုက်စေသည်အထိ ဖြစ်စေနိုင်ပါတယ်။
စိတ်ဓာတ်ကျတဲ့အခါ ဘာလုပ်မလဲ။
ဒါကြောင့် စိတ်ဓာတ်ကျနေတယ်လို့ သံသယဖြစ်လာပြီဆိုရင် မပေါ့ပါနဲ့။ မကုသဘဲ ပစ်ထားမှသာအခြေအနေတွေ ပိုဆိုးလာကြတာပါ။ ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာအခက်အခဲတွေ၊ စိတ်ခံစားချက်တွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ စိတ်ဓာတ်ကျခြင်းကို ပျောက်ကင်းအောင် ကုသနိုင်ဖို့ စိတ်ရောဂါကုထုံးပညာရှင်နဲ့လည်း တိုင်ပင်ဆွေးနွေးကြည့်လို့ရပါတယ်။ စိတ်ညစ်တာ၊ ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတယ်ဆိုတာ ဖြစ်တတ်ပါတယ်။ တစ်ယောက်တည်း မြိုသိပ်ခံစားနေရတာထက် ကျန်တဲ့သူတွေကို ဖွင့်ဟတိုင်ပင်တာက ကိုယ့်မှာရှိနေတဲ့အခက်အခဲတွေကိုလည်း ဖြေရှင်းပြီးသားဖြစ်သလို ပူလောင်နေတဲ့ ကိုယ့်စိတ်ကိုလည်းအနည်းငယ်တော့အေးချမ်းသွားစေနိုင်ပါတယ်။ နေ့ရက်တိုင်းကိုအကောင်းဆုံးဖြတ်ကျော်ပါ။ ကိုယ့်စိတ်ကို အေးချမ်းစေမယ့်အရာတွေကိုပဲ ရွေးလုပ်ပါ။ ကိုယ့်ကို နွေးထွေးမှုပေးနိုင်တဲ့သူတွေကိုပဲအနားမှာထားပါ။အားလပ်ချိန်တွေမှာ ဝါသနာပါတဲ့အရာလေးတွေကို ရွေးလုပ်ပါ။အိပ်ရေးဝဝအိပ်ပါ။ ဒါဆိုရင် စိတ်ရော ကိုယ်ပါ ကြံ့ခိုင်ပြီး တော်ရုံ
စိတ်ဖိစီးမှု
နဲ့တော့ ကိုယ့်စိတ်က ယိုင်လဲနိုင်တော့မှာ မဟုတ်ပါဘူး။အားလုံးပဲ သာယာပျော်ရွှင်ဖွယ်နေ့ရက်တွေကို စိတ်ကြည်နူးချမ်းမြေ့စွာနဲ့ ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းရင်း…
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။