
မိန်းကလေးတွေဆိုတာဘယ်လောက်ကြီးပဲ သန်မာနေပါစေ ကိုယ့်ချစ်သူရှေ့မှာတော့ ကလေးဆိုးလေးတစ်ယောက်လို
ဆိုးနွဲ့ချင်ကြတာသဘာဝပါပဲ။ ဒီလိုဆိုးနွဲ့ပြီးကလေးလေးတစ်ယောက်လိုနေနေတာကိုအထက်စီးဆန်ဆန်နဲ့ပြောဆို
ဆက်ဆံမယ်ဆိုရင်တော့ ဘယ်မိန်းကလေးမှကြိုက်မှာမဟုတ်ပါဘူး။ ကိုယ့်ချစ်သူကချစ်လို့ပြောတာကိုနားထောင်နိုင်ပေမဲ့
ဆရာကြီးလေသံနဲ့အထက်စီးဆန်ဆန်ပြောတာကိုတော့ ဘယ်မိန်းကလေးမှလက်ခံမှမဟုတ်ပါဘူး။
ဒါကြောင့် မိမိချစ်သူမိန်းကလေးကို မပြောသင့်တဲ့စကားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်……
(၁)အထက်စီးလေသံနဲ့မပြောပါနဲ့
ကိုယ့်ချစ်သူကတော်တာထက်မြက်တာကိုသဘောကျပေမဲ့အဲ့ဒါသူ့လုပ်ငန်းခွင်မှာပါ။
ကိုယ့်ချစ်သူမိန်းကလေးရှေ့မှာတော့ ဆရာကြီးလုပ်တာကို သဘောမကျပါဘူး။
အထက်စီးလေသံနဲ့ဆက်ဆံတာကို မိန်းကလေးတွေကအရမ်းကိုမုန်းပါတယ်တဲ့နေ်ာ။
(၂) လူရှေ့သူရှေ့မှာမအော်ပါနဲ့
တခါတလေစိတ်ဆိုးလို့ကိုယ့်ချစ်သူကောင်မလေးကိုအော်မိတယ်ဆိုရင်တောင် နှစ်ယောက်တည်းရှိတဲ့ချိန်မှာတောင်
အရမ်းဝမ်းနည်းရတာပါ။ တကယ်လို့ လူရှေ့သူရှေ့မှာအော်လိုက်မယ်ဆိုရင် သူ့အတွက်အရှက်ပါရစေပါတယ်။
သူတို့ကိုလူရှေ့သူရှေ့မှာအော်တာကိုရှောင်သင့်ပါတယ်နော်။
(၃) ရှေ့မှမားမားမတ်မတ်ရပ်တည်ပါ
မိန်းကလေးတိုင်းကဘယ်လောက်ပဲတော်နေထက်နေပါစေ ကိုယ့်ချစ်သူကိုတော့အားကိုးချင်ကြတာပဲ။
လူတိုင်းရှေ့မှာ သန်မာနေပေမဲ့ ကိုယ်ချစ်သူရှေ့ရောက်ရင် ရေဗူးအဖုံးတောင်မဖွင့်နိုင်ကြတော့ပါဘူး။
ဘာလို့လဲဆိုရင် မိန်းကလေးတွေက ကိုယ့်ချစ်သူကိုအရမ်းကိုအားကိုးတကြီးနဲ့ချစ်နေကြလို့ပါပဲ။
ဒါကြောင့်သူကတခုခုဝမ်းနည်းစိတ်ပျက်နေတဲ့အခါတိုင်းမှာကိုယ့်ကသူရှေ့ကမားမားမတ်မတ်ရပ်တည်ပေးဖို့ပါပဲ။