မေမေအေသင်အတွက် ပိုက်ဆံအိတ်လေး ကိုယ်တိုင်လုပ်ပြီး လက်ဆောင်ပေးလိုက်တဲ့အိုင်ဗီလေး
myanmarload.com
|
2019-07-26



ပရိသတ်တွေရဲ့အသည်းတွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော်အနုပညာရှင်ရင်သွေးလေးတွေထဲမှာအဆိုတော်အေသင်ချိုဆွေရဲ့ ချစ်စရာသမီးလေးအိုင်ဗီလေးကလည်းအပါအဝင်ပါပဲ..။

ပြည်သူ့အသည်းကျော်အိုင်ဗီလေးကတော့ ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်အမူအရာလေးတွေအပြင် ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့အသည်းယားလောက်အောင် ကိုက်ဆွဲချင်စရာ ပါးဖောင်းဖောင်းလေးတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပါနော်..။





အေသင်ကတော့ ပရိသတ်တွေရဲ့အချစ်တော်အိုင်ဗီလေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်အမြဲပြန်လည်မျှဝေပေးလေ့ရှိပြီးအိုင်ဗီလေးကတော့အခုတစ်ခါမှာလည်း မေမေအေသင်အတွက် ပိုက်ဆံအိတ်လေး ကိုယ်တိုင်လုပ်ပေးလိုက်တယ်လို့ ဆိုပါတယ်နော်..။

မေမေအေသင်ကတော့ သမီးလေး ကိုယ်တိုင်လုပ်ပေးတဲ့ ပိုက်ဆံအိတ်လေးကို ပျော်ပြီးအမြတ်တနိုးလေးနဲ့ ဓာတ်ပုံလေးရိုက်ပြီး ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါသေးတယ်နော်..။





အသည်းကျော်အိုင်ဗီလေးကတော့ ကျောင်းမှာ ဆရာမတွေနဲ့အတူ လုပ်လာတာဖြစ်ပြီး သူမကိုယ်တိုင်လုပ်ထားတဲ့ မေမေ့အတွက်လက်ဆောင်လေးကိုအိမ်ပြန်ရောက်တာနဲ့ မေမေကို တန်းပြီး ပေးလိုက်တာပါတဲ့နော်..။

“အိုင်ဗီလုပ်ပေးတဲ့ Guess ပတ်ကျံအိတ်လေး ပါရှင့်

အိမ်ရောက်တာနဲ့ မအေကိုတန်းပေးတာပဲ

ချစ်ဖို့ကောင်းလိုက်တာ pingu’s က teacher တွေကိုလည်းကျေးဇူးတင်ပါတယ်ရှင့်..” ဆိုပြီး သမီးလေးရဲ့ ကိုယ်တိုင်လုပ် ပိုက်ဆံအိတ်လေးကို မျှဝေထားတာပါနော်..။




#အိုင်
#ပိုက်ဆံအိတ်
#အသည်း
#မေမေ
#သမီးလေး

Some text some message..