
မိသားစုပင်စင်ခံစားခွင့်ရထားသည့် ခင်ပွန်းဖြစ်သူသည် ၂၀၁၄ နောက်ပိုင်း နောက်အိမ်ထောင်ထပ်မံထူထောင်ပါက ယင်းပင်စင်ကိုခံစားခွင့်ရမည်မဟုတ်
မိသားစုပင်စင် ခံစားခွင့်ရထားသူများ ၂၀၁၄ နောက်ပိုင်း နောက်အိမ်ထောင်ထူထောင် ပါက ယင်းပင်စင်ကိုခံစားခွင့်ရမည်မဟုတ် ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိုင် ၂၉ ရက်၌ ပြုလုပ်သည့် (၁၃)ကြိမ်မြောက်အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး တွင် ပြောဆိုသည်။
ပင်စင်နည်းဥပဒေသစ်အရ
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁)မှ ကိုယ်စားလှယ် ဦးကျော်သောင်းမေးမြန်းသည့် ပင်စင်ကိစ္စနှင့်ပတ်သက်၍ ဝန်ထမ်းတစ်ဦးကွယ် လွန်ခဲ့ပါက ၎င်း၏ ကျန်ရစ်သူဇနီး သို့မဟုတ် ခင်ပွန်းအားခွင့်ပြုရာ၌ ညီမျှမှုမရှိသည့်အတွက် ပြင်ဆင်ပေးရန် မည်ကဲ့သို့ စီမံဆောင်ရွက်နေ သည်ကိုသိရှိလိုကြောင်း မေးမြန်းခြင်းကို ဖြေ ကြားရာတွင် ထိုသို့ ဖြေကြားပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဒုတိယဝန်ကြီးက ပြောဆိုရာတွင် ပင်စင်နည်းဥပဒေသစ်အခန်း ၃၊အပိုဒ် ၅(၄) (ဂ)တွင် "ကျန်ရစ်သူဇနီး မိသားစုပင်စင်ခံစားခွင့် ရရှိလျှင် နောက်အိမ်ထောင်ပြုပါက ပင်စင်ခံစား ခွင့်မရှိစေရ"ဟုသာ ပြဋ္ဌာန်းထားကြောင်း၊ ကျန်ရစ်သူခင်ပွန်း မိသားစုပင်စင်ခံစားခွင့်ရရှိနေလျှင် နောက်ထပ်အိမ်ထောင်ပြုပါက ပင်စင်ခံစားခွင့်နှင့်ပတ်သက်၍ ဖော်ပြထားခြင်း မရှိကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများမပြဋ္ဌာန်းမီအချိန်အထိအထက်ပါ တည်ဆဲ ပင်စင်နည်းဥပဒေသစ်အရဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
ပြဋ္ဌာန်းပါရှိပြီးဖြစ်
သို့သော် ၂၀၁၄ မတ်လက ထုတ်ပြန်သည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ- ၂၄၉၊ နည်းဥပဒေခွဲ(က)တွင် "ကျန်ရစ်သူ တရားဝင် ခင်ပွန်း(သို့မဟုတ်)ဇနီးသည်နောက်အိမ်ထောင်ပြုပါက မိသားစုပင်စင်ခံစားခွင့်မရှိ စေရ"ဟု ပြဋ္ဌာန်းပါရှိပြီးဖြစ်ကြောင်း ၎င်းက ဖြေကြားပြောဆိုသည်။
ဖြေကြားပြောဆို
ထို့ကြောင့် ပင်စင်နည်းဥပဒေသစ်အခန်း-၃၊အပိုဒ် ၅(၄)(ဂ)အရ မိသားစုပင်စင်ခံစား ခွင့်ရထားသူ ခင်ပွန်းများသည် ၂၀၁၄မတ်လ ၂၆ ရက်မတိုင်မီ နောက်အိမ်ထောင်ပြုခဲ့သူများ ဖြစ်ပါက ပင်စင်ကိုဆက်လက်ခံစားခွင့်ရမည် ဖြစ်ကြောင်းနှင့် ယင်းနေ့နောက်ပိုင်း နောက်အိမ် ထောင်ထူထောင်သူဖြစ်ပါက ဆက်လက်ခံစား ခွင့်မရှိတော့ကြောင်း ဒုတိယဝန်ကြီးက ဖြေကြား ခဲ့သည်။