မကောင်းတဲ့အိပ်မက်ဆိုတာက ထိတ်လန့်ဖွယ်ကောင်းတဲ့ ပုံရိပ်တွေနဲ့ ထိတ်လန့်စရာအဖြစ်အပျက်တွေကိုအိပ်မက်ထဲမှာ တွေ့ကြုံရတာမျိုး ကိုယ်တိုင်ခံစားနေရတယ်လို့အိပ်မက်တာမျိုးတွေပါ။ ဒီလိုအိပ်မက်မျိုးတွေကိုအမျိုးသမီးအများစုက ကိုယ်ဝန်ဆောင်ချိန်မျိုးမှာ မြင်မက်ရလေ့ရှိကြပါသည်။ ဒါဟာ ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်းမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်တာမျိုးပါ။ စိတ်ထဲမှာလည်း မကောင်းတဲ့အရာအဖြစ်အနက်အဓိပ္ပါယ် ကောက်မိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာအမျိုးသမီးတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပြောင်းလဲမှုတွေအများဆုံးကာလဖြစ်တာကြောင့်အိပ်မက်ဆိုးတွေ မက်လေ့ရှိကြပါတယ်။ ပျော်ရွှင်နေစေခြင်း ပျော်စရာကောင်းတဲ့နေရာကို လျှောက်လည်တာမျိုးဟာ စိတ်ရောလူကိုပါ ကျန်းမာပျော်ရွှင်စေပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ စကားပြောတာမျိုးကလည်း သင့်စိတ်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။အိပ်ရာမဝင်ခင်အချိန်မျိုးမှာ ပျော်စရာအကြောင်းအရာလေးတွေကို တွေးတောပြီးမှအိပ်ရာဝင်ပါ။ စိတ်ကူးထဲမှာ လေထဲမှာ ပျံဝဲနေတာမျိုး၊ သစ်ပင်ပန်းမန်တွေကြားမှာ ကခုန်နေတာမျိုး၊ ကျေးငှက် တိရိစ္ဆာန်လေးတွေနဲ့ တောထဲမှာ လမ်းလျှောက်သွားနေတာမျိုးတွေကို စိတ်ကူးယဉ်လိုက်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာအတတ်နိုင်ဆုံး ပျော်ရွှင်ကြည်နူးစေမယ့်အကြောင်းအရာတွေကိုသာ တွေးတောပြီးအိပ်ရာဝင်ပါ။အိပ်မက်ဆိုးမက်ခြင်းအား ကုသပုံအဆင့်ဆင့်အိပ်မက်ဆိုးဟာ မက်လေ့မက်ထရှိတယ်ဆိုပေမယ့်အကြိမ်ပေါင်းများစွာ၊ နေ့စဉ်ရက်ဆက် မက်နေတာမျိုးမဟုတ်ပါဘူး။ ညအချိန်မှာအိပ်မက်ဆိုးမက်ပေမယ့် မနက်ခင်းနိုးထလာချိန်မှာအိပ်မက်ကို မေ့သွားတတ်ကြပါတယ်။ ဒါပေမယ့်အိပ်မက်ပေါ်မှာ စွဲလမ်းလွန်ပြီး စဉ်းစားတွေးခေါ်မှု ပုံစံမှားနေမယ်ဆိုရင်တော့အိပ်မက်မက်တိုင်း စိတ်ခံစားမှုတစ်ခါ ဖြစ်လိုက်၊ ဒါကို စွဲလမ်းတာကြောင့် နောက်ထပ်အိပ်မက်မက်လိုက်နှင့် စိတ်ခံစားမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါဟာ စိတ်ကျရောဂါနှင့် စိတ်လှုပ်ရှားမှုတွေကို ဖြစ်စေနိုင်တဲ့အကြောင်းပြချက်တွေ ဖြစ်လာတတ်ပါတယ်။ ဒါကို ပြန်လည်ကုသနိုင်မယ့် နည်းလမ်းအဆင့်ရှိပါတယ်။ စိတ်ခံစားမှုကို ပြောင်းလဲခြင်း စိတ်ထဲမှာ ခံစားနေရတတ်တဲ့ ခံစားမှုကို ပြောင်းလဲစေပြီးအိပ်မက်ဆိုးမက်တာကို ကုသနိုင်တဲ့ နည်းလမ်းရှိပါတယ်။ ဒါဟာ မှန်ကန်တဲ့ ကုထုံးပုံစံလို့လည်း လူသိများကြပါတယ်။အိပ်မက်ထဲမှာ မြင်မက်နေရတတ်တဲ့ ချောက်ချားစရာ ရုပ်ပုံတွေဟာအပြင်မှာ တကယ်မရှိဘဲ သင့်စိတ်ကို နှောက်ယှက်နေတာမျိုးသာ ဖြစ်တယ်ဆိုတာကို လက်ခံနိုင်ဖို့ လိုတယ်ဆိုတာကို ပြောပြပေးတဲ့ ကုသမှုမျိုးပါ။ ဒါကိုနားလည်အောင် ပြောနိုင်မယ်ဆိုရင်တော့ ဒီကုသမှုမျိုးဟာ ခံစားနေရတဲ့အိပ်မက်ဆိုးမက်တဲ့ ပြဿနာ ကို ၇ဝ ရာခိုင်နှုန်းလောက်အထိ ကုသပေးနိုင်ပါတယ်။အိပ်မက်ကိုပုံဖော်စေခြင်းအချိန်ကြာကြာအိပ်မက်ဆိုးမက်လေ့ရှိတယ်ဆိုတဲ့ ကိုယ်ဝန်ဆောင်သည်ကိုသူမက်နေတဲ့အိပ်မက်ထဲက ပုံရိပ်နဲ့အဖြစ်အပျက်တချို့ကို မှတ်မိသလောက်ပုံဆွဲပြစေတာမျိုး ပြုလုပ်ပါ။ ပြီးတဲ့အခါမှာအိပ်မက်ဟာ ချောက်ချားစရာမဟုတ်ဘဲ ပျော်စရာအိပ်မက်ဖြစ်ကြောင်း ဖန်တီးပြောဆိုပေးဖို့ပါ။အိပ်မက်အတော်များများက ဆက်စပ်မှုမရှိတတ်ကြပါဘူး။ ဟိုရောက်၊ ဒီရောက်နဲ့ဖြစ်နေတတ် ကြပါတယ်။ ပုံဆွဲပြီးတာနဲ့ သူ့အိပ်မက်ကနေ လွတ်မြောက်သွားပြီဖြစ်ကြောင်းနှင့်အိပ်မက်မြင်မက်သူက ထင်နေတဲ့ ချောက်ချားစရာဆိုတာဟာအပြင်မှာ ဘယ်တော့မှ တကယ်ဖြစ်မလာနိုင်တဲ့အဖြစ်ဆိုပြီး ပြောပြပေးလိုက်ပါ။ သက်သောင့်သက်သာရှိစေခြင်း စိတ်ကို သက်သောင့်သက်သာဖြစ်စေပြီးအနားရစေတဲ့ လေ့ကျင့်မှုမျိုးတွေကို ပြုလုပ်ပါ။ ရုပ်ပိုင်းဆိုင်ရာအတွက် လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ပါ။အရက်ကို လုံးဝမသောက်မိပါစေနဲ့။ နီကိုတင်းပါဝင်တဲ့ ဆေးလိပ်နဲ့အခြားအရာတွေကို ရှောင်ပါ။အသိဉာဏ်ဖွင့်ပေးခြင်း သင့်အိပ်မက်တွေထဲကနေ တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် ထွက်လာကြည့်လိုက်ပါ။အပြင် လောကကြီးထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကို လေ့လာကြည့်တာဟာလက်တွေ့ကျတဲ့ သင့်ဘဝပါပဲလို့ ဆိုပါတယ်။အပြင်မှာမဟုတ်ဘဲအိပ်မက်ထဲကအကြောင်းအရာတွေကြောင့် စိတ်တွေ တုုန်လှုပ်ချောက်ချားနေတာဟာ သင့်အသိအဉာဏ်တွေကို မှေးမှိန်နေ စေတာမျိုးပါလို့ ဆိုပါတယ်။ ဒီတော့ လက်တွေ့ကျလှတဲ့ ဘဝထဲမှာအိပ်မက်တွေကို ဖက်တွယ်မနေဘဲအိပ်မက်ကနေနိုးထလိုက်ပါလို့အကြံပြုထားပါတယ်။ ဒါဟာလည်းအိပ်မက်ဆိုးမက်တာကို ကုသနိုင်တဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ခင်ပွန်းသည်က ချစ်ခင်ကြင်နာခြင်း ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အားငယ်မှုနဲ့ နာကျင်ကြေကွဲမှုတွေက ဖြစ်လွယ်တတ်ပါတယ်။ တော်ရုံကိစ္စတွေကိုလည်း စိတ်လှုပ်ရှားနေတတ်ပါတယ်။ စိတ်လှုပ်ရှားမှုတွေ များလာတာကလည်း ညဖက်အိပ်မက်ဆိုးမက်တာကိုအားပေးသလိုဖြစ်စေနိုင်ပါတယ်။ ခင်ပွန်းသည်မှ ပွေ့ဖက်နှစ်သိမ့်ပေးတာမျိုးတို့က စိတ်ဖိစီးမှုနဲ့ စိတ်ထိခိုက်နာကျင်မှုတွေကို ကုစားပေးနိုင်ပါတယ်။ ခင်ပွန်သည်နှင့်အတူ ရုပ်ရှင်အတူကြည့်တာမျိုး၊ လမ်းအတူလျှောက်တာမျိုး၊ ဆေးခန်းသွားတာမျိုး၊ ဈေးဝယ်ထွက်တာမျိုးတွေက သင့်စိတ်ကိုပျော်ရွှင် ကြည်နူးစေပြီး ညဖက်နှစ်ခြိုက်စွာအိပ်ပျော်စေတာကြောင့်အိပ်မက်ဆိုးမက်တာကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ Credit : သဲသဲဦးသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။