မြန်မာနိုင်ငံရှိ ကျောင်းနေအရွယ်ကလေးများ၏ စားသောက်မှုပုံစံ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် Nestlé MILO က ဒေသခံကျောင်းများနှင့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်
shweinnlay.com
|
2019-08-16
။မြန်မာနိုင်ငံရှိ ကျောင်းနေအရွယ်ကလေးများ ကျန်းမာသွက်လက်ပြီး စာသင်ချိန်နှင့် စာသင်ချိန်ပြင်ပမှာပါအောင်မြင်မှုရလဒ်များဆွတ်ခူးရရှိနိုင်စေရန်အဓိကအရေးပါသည့်အဟာရပြည့်ဝစွာ စားသုံးမှုကိုအထောက်အကူပြုမည့် “မေမေ့ကတိစကား” ပညာပေးလှုပ်ရှားမှုတစ်ရပ်ကို Nestlé MILO က ရန်ကုန်မြို့ရှိအ.ထ.က (၂) စမ်းချောင်း စာသင်ကျောင်း၌ စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားကို မိခင်အယောက် (၁၀၀) နှင့် ကျောင်းသူ၊ ကျောင်းသားအယောက် (၁၂၀) တို့ တက်ရောက်ခဲ့ပြီးအခမ်းအနားမှ တဆင့် ကျောင်းနေအရွယ်ကလေးများတွင်အာဟာရ၏အရေးပါမှု၊အစားအစာများကိုအာဟာမျှတစွာစားသုံးမှုနှင့် ကလေးများ၏ နေ့လယ်စာထမင်းဘူးကိုအာဟာရပြည့်ဝပြီး စားချင်စားဖွယ် ပြင်ဆင်နိုင်မည့်အသိပညာ ဗဟုသုတဝေမျှချက်များကို ကျွမ်းကျင်ပညာရှင်များ၏ တင်ပြချက်ဆွေးနွေးမှုများအပြင် လက်တွေ့သရုပ်ပြသမှုများဖြင့် ပြုလုပ်ခဲ့သည်။

အခမ်းအနားအပြီးတွင် ကျောင်းသူ၊ ကျောင်းသားများကိုအရသာရှိပြီးအာဟာရပြည့်ဝသည့် MILO တိုက်ကျွေးမှုများပြုလုပ်ခဲ့သည့်အပြင် ကျောင်းအတွက်လိုအပ်သည့်အားကစားပစ္စည်းလှူဒါန်းမှုများ ကိုပါ ပြုလုပ်ခဲ့သည်။

Nestlé MILO က ၂၀၁၈ ခုနှစ်၊ မေလတွင် ကျောင်းနေကလေးများ၏ စားသောက်မှုအမူအကျင့် နှင့် ကျောင်းတွင်အကြိုက်ဆုံးအစားအစာများအကြောင်းနှင့်စပ်လျဉ်း၍ လူမှုရေးဆိုင်ရာ စမ်းသပ်လေ့လာမှု တစ်ခုကို ပြုလုပ်ခဲ့ပြီးအဆိုပါစစ်တမ်းကောက်ယူမှုတွင်အသက် ၇ နှစ်မှ ၁၂ နှစ်အတွင်း မြန်မာကလေးငယ်အယောက် ၁၀၀ ပါဝင်ခဲ့သည်။ လေ့လာဆန်းစစ်ချက်အရ ထမင်းအမြန်စားပြီးချင်သည့်ကလေး၊အစားရွေးသည့်ကလေး၊ သွားရည်စာကြိုက်သည့်ကလေးဟူ၍အဓိကအမှုအကျင့်ရှိသည့် ကလေးအုပ်စုသုံးမျိုး ရှိသည်ကို တွေ့ရှိခဲ့ ရသည်။

Nestlé Myanmar ၏ Corporate Nutrition Manager ဖြစ်သူ ဒေါက်တာ ခို်င်သက်ဟန် က “ကလေးတွေဟာ ငယ်ရွယ်စဉ်မှာလိုအပ်တဲ့အာဟာရအင်အားကို လုံလုံလောက်လောက် ပြည့်ပြည့်၀၀ရရှိဖို့ တကယ်အရေးကြီး ပါတယ်။အထူးသဖြင့် ကျောင်းနေအရွယ်ကလေးတွေရဲ့ တစ်နေ့တာလှုပ်ရှားမှုတွေမှာအားအင်ရှိရှိနဲ့ လုပ်ဆောင်နိုင်ပြီးအာဟာရပြည့်ဝနေဖို့ကအဓိကကျတဲ့အချက်တစ်ခုပါ။ ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ထားတဲ့အချက်အလက်တွေအရဆိုရင် ကျောင်းနေအရွယ်ကလေးအသက် ၆နှစ်ကနေ ၈နှစ်အရွယ်ကလေးတွေဟာ တစ်နေ့ကိုအားအင်ပမာဏ ၁၄၀၀ ကီလိုကယ်လိုရီလိုအပ်ပြီးအသက် ၉နှစ်ကနေ ၁၂နှစ်အရွယ်ကလေးတွေကတော့ တစ်နေ့ကိုအားအင်ပမာဏ ၁၇၀၀ ကီလိုကယ်လိုရီ လိုအပ်ပါတယ်။”


“၂၀၁၈ ခုနှစ်၊ မေလမှာ Nestlé MILO ကပြုလုပ်ခဲ့တဲ့ ဆန်းစစ်လေ့လာမှုကိုကြည့်မယ်ဆိုရင် မိဘတွေက ကိုယ့်ကလေးအတွက် နေ့လယ်စာထမင်းဘူးကို ပြင်ဆင်ပေးလိုက်ပေမယ့် ကလေးတွေက ထမင်းဘူးကို ကုန်အောင်မစားကြဘူးဆိုတာကို တွေ့ရှိခဲ့ရပါတယ်။အကြောင်းရင်းကို ကြည့်လိုက်တဲ့အခါမှာ တစ်ချို့ကလေးတွေကအစားကိုမြန်မြန်စားပြီးချင်တယ်၊ တစ်ချို့ကလေးတွေကအစားရွေးတယ်၊ တစ်ချို့ကျတော့ သွားရည်စာကြိုက်တာကို တွေ့ရပါတယ်။ ဒါကြောင့် မေမေတွေအနေနဲ့ ကျန်းမာရေးနှင့် ညီညွှတ်ပြီးအာဟာရပြည့်ဝတဲ့အစားအစာတွေကို မှန်မှန်ကန်ကန် ရွေးချယ်ချက်ပြုတ်ပြီး စားချင်စားဖွယ် ပြင်ဆင်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ Nestle’ MILO ကအ.ထ.က (၂) စမ်းချောင်း နဲ့အတူလက်တွဲပြီး “မေမေ့ကတိစကား” ဆိုတဲ့ ပညာပေးလှုပ်ရှားမှုကို ပြုလုပ်ကျင်းပရခြင်းဖြစ်ပါတယ်။” ဟု ဒေါက်တာခိုင်သက်ဟန် က ထပ်လောင်းပြောကြားခဲ့ပါသည်။


စမ်းချောင်းမြို့နယ်အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း ၏ ကျောင်းအုပ်ဆရာမကြီး ဖြစ်သူ ဒေါက်တာ စန္ဒာမြငြိမ်း က “

ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိစေရေးတို့ကိုအထူးအလေးပေးဆောင်ရွက်လျက်ရှိပါတယ်။ ယဉ်ကျေးလိမ်မာပြီး မိမိကိုယ်ကို တန်ဖိုးထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေဖြစ်အောင် လေ့ကျင့်ပေးနေတဲ့အပြင် ကျောင်းအနေနှင့် နေ့စဉ်စားသောက်နေတဲ့အစားအစာနှင့်ပက်သက်ပြီးတော့အာဟာရမျှတစွာ စားသောက်ရမည်ကိုသိရှိပြီး ကောင်းမွန်ကျန်းမာအာဟာရပြည့်ဝတဲ့အစားအစာတွေကိုစားသောက်တဲ့အလေ့အကျင့်များ ရရှိစေချင်တဲ့အတွက်အခုလို ကျွန်မတို့အ.ထ.က (၂) စမ်းချောင်း ပညာရေးမိသားစုက Junk Food Free ကျောင်းမုန့်ဈေးတန်းနှင့် တန်ဖိုးသင့်နေ့လယ်စာကို စီစဉ်ဆောင်ရွက်ရခြင်းပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

MILO မုယောရည်တွင်ပါဝင်သည့် ပရိုတိုမော့သည် ကလေးများ၏ တစ်နေ့တာလိုအပ်သည့်အာဟာရအင်အားကိုအဓိကပေးစွမ်းနိုင်သည့် ကာဗိုဟိုက်ဒရိတ်အရင်းအမြစ်ပါဝင်ပါသည်။ ထို့အပြင် မုရောရည်တွင်ပါဝင်သည့် နို့စစ်စစ်က ကလေးများကို ကြီးထွားဖွံ့ဖြိုးစေသည့် ကယ်လ်စီယမ်နှင့် ပရိုတင်းဓာတ်ကို ပေးစွမ်းပြီးအာဟာရအင်အားကို လိုအပ်ချိန်မှာ လိုအပ်သလိုအင်အားပေးစွမ်းနိုင်သည့် ဗီတာမင်နှင့်သတ္တုဓာတ် များစွာပါဝင်သည့်အတွက် MILO UHT ဘူးများကို ကျောင်းမုန့်ဈေးတန်းတွင် ထားရှိရောင်းချရန်အထူးသင့်လျော်ပါသည်။

Nestlé MILO Myanmar သည် မြန်မာနိုင်ငံရှိကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်သွက်လက်ပြီး သင်ချိန်နှင့် စာသင်ချိန်ပြင်ပမှာပါအောင်မြင်သောဘဝကို ရရှိစေရေးအတွက် ဒေသခံပညာရှင်များ၊ မိဘများနှင့် တက်ကြွစွာပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းတွင်လည်းအာဟာရဆိုင်ရာအသိပညာဝေမျှခြင်းအစီအစဉ်များစွာကို တိုးချဲ့ဆောင်ရွက်လျက်ရှိ ပါသည်။


#အာဟာရ
#ကလေး
#ထမင်းဘူး
#စမ်းချောင်း
#ကျောင်း

Some text some message..