ကလေးက ဘာလို့ခဏခဏလန့်ငိုနေတာလဲ
ondoctor.com.mm
|
2019-08-20



ကလေးက ဘာလို့ခဏခဏလန့်ငိုနေတာလဲ

ကလေးငယ်အိပ်နေစဉ် ကလေးငယ်ထငိုသည်ကို ကြုံဖူးပါသလား? ကလေးဘာလို့ငိုလဲ ဆိုပြီးအဖြေရှာမရ စိတ်ရှုပ်စရာပါ။ မွေးစကလေးငယ်နှင့် မူကြိုအရွယ်ကလေးငယ်များအိပ်နေစဉ် ငိုယိုခြင်းသည် မိဘများအတွက် စိန်ခေါ်မှုတစ်ရပ်ပါ။ ကလေးအများစုငိုခြင်းသည်အများအားဖြင့်အထွေအထူး စိတ်ပူစရာမရှိပါ။ စိုးရိမ်မှုအကြောင်းရင်းတစ်စုံတရာကြောင့် ဖြစ်ခဲပါတယ်။ ကလေးငယ် ၃၀% ကအိပ်နေရင်းငိုတတ်ပါတယ်။

ဘာလို့အိပ်နေစဉ် ကလေးငိုသလဲ?

မွေးစကလေးငယ်နှင့် ကလေးငယ်များသည်အိပ်နေစဉ် သွားကြိတ်ခြင်း၊ ငိုခြင်း၊ မဲ့ခြင်းများပြုလုပ်တတ်ပါတယ်။အရမ်းငယ်သော ကလေးငယ်များသည်အိပ်နေရာမှ နိုးလာလျှင် ရုတ်တရက်ထငိုတတ်ပါတယ်။အရမ်းငယ်သော ကမျေားသည် ငိုခြင်းအားဖြင့် ပတ်ဝန်းကျင်နှင့် ဆက်သွယ်သည့် သဘောပြုလုပ်ပါတယ်။ မကြာခဏငိုပြီးအိပ်နေစဉ်လည်း ငိုတတ်ပါတယ်။ ကငေယ်တွင် ဖျားနာခြင်းမရှိဘဲ ငိုခြင်းသည် စိုးရိမ်စရာမရှိပါ။ ရင်ခွင်ပိုက်ကလေးငယ်မှစ ကလေးကြီးများတွင်အိပ်နေစဉ်အထိတ်တလန့်အိပ်မက်မက်သောကြောင့်ဖြစ်စေအသံတစ်ုခုခုကြားရသည်ဖြစ်စေအိပ်နေစဉ် ထငိုတတ်ပါတယ်။အိပ်မက်ဆိုးများကို နှစ်ခြိုက်စွာအိပ်ပျော်နေချိန် မက်တတ်ပါတယ်။

ကလေးအငိုတတ်ရန် မည်သို့ ပြုလုပ်သင့်သလဲ?


–အိပ်နေရာမှ ရုတ်တရက် ကလေးထငိုလျှင် ကလေးကိုအိပ်ရာမှ ပွေ့ချီပါ။အိပ်ရာမှ နိုးအောင်ပြုလုပ်ပါ။
– ဆက်တိုက်ငိုလျှင် ညင်သာသောအသံဖြင့်အငိုတိတ်ရန် ကြိုးစားပါ။
– ကလေးငယ် ကျောကုံးနှင့် ဗိုက်ကို ညင်သာစွာ ပွတ်ပေးပါ။
– နို့စို့အရွယ်ကလေးငယ်ကို နို့တိုက်ပါ။ နို့စို့လျှင်အငိုတိတ်နိုင်ပါတယ်။


အချို့ကလေးငယ်သည်အသံတိုးတိုးငိုနေရာမှ သိသာစွာ ငိုကြွေးတတ်ပါတယ်။ ကလေငယ်သည်
ဖျားနာခြင်းဖြစ်စေ သွားနာခြင်းဖြစ်စေ တခုခုခံစားရ၍ ငိုခြင်းသည်အိပ်ရာနိုးသည်အထိ ငိုတတ်ပါတယ်။

ဘယ်လိုအခါ ဆရာဝန်ပြရမလဲ?


မိမိကလေးငယ် ညတိုင်းငိုခြင်းသည် ဆရာဝန်ပြရန် လိုအပ်သလား? ငိုခြင်းအပြင်
– နာကျင်မှုခံစားရခြင်း
– ကလေးအိပ်တတ်သောအကျင့်ပုံစံပြောင်းလဲခြင်း
– ရက်အတန်ကြာအမြဲငိုခြင်းအပြင်အခြားအမူအကျင့်များပါ ပြောင်းလဲခြင်း
–အစာကျွေးခြင်းအခက်အခဲများ ဥပမာအမြဲနို့မဝခြင်းတို့ ဖြစ်ပါက ဆေးခန်းပြပါ။

ကလေးငယ်ရဲ့အိပ်ခြင်း

ပုံမှန်အိပ်ချိန်

ကလေးများတွင် ပုံမှန်အိပ်သည့်ပုံစံရယ် မရှိပါ။ ကလေးအသက် ၃ နှစ်ကျော်လာသည်နှင့်အိပ်ခြင်းပုံစံအလျင်အမြန်ပြောင်းတတ်ပါတယ်။ ကလေးများသည် လူကြီးများထက်အိပ်ချိန်တိုတောင်းပါတယ်။ မကြာခဏအိပ်တတ်ပါတယ်။

မွေးစမှတလအရွယ်

အိပ်ချိန်သည်အချိန်ကြာမြင့်တတ်ပါတယ်။အိပ်နေစဉ် ငိုခြင်းသည်အများအားဖြင့် ဖြစ်လေ့ဖြစ်ထအမြဲရှိပါတယ်။ သဘာဝအလင်းရောင်နှင့် ထိတွေ့ပေးခြင်းဖြင့် နှစ်ခြိုက်စွာအိပ်ခြင်းဖြစ်စေနိုင်ပါတယ်။

ကလေးအသက် တလနှင့် သုံးလ

အဆိုပါအသက်အရွယ်သည် ပုံမှန်အိပ်ချိန်ကို စတင်နေသောအချိန်ဖြစ်ပြီးအိပ်လည်းငို၊ နိုးလည်းငို၊ ဆာလည်းငိုတတ်ပါတယ်။


ကလေး ၃ လမှ ၇ လအရွယ်
အဆိုပါအသက်အရွယ်တွင် ကလေးသည် ညဘက်အိပ်ချိန် ပိုရှည်နိုင်လာပါတယ်။ တနေ့ နေ့ဘက်တကြိမ် ညဘက်တကြိမ်ပဲအိပ်တတ်ပါတယ်။

ကလေး ၇ လမှ ၁ နှစ်

ကလေးအသက်တနှစ်အရွယ်သည် နေ့ဘက်အိပ်ချိန်နည်းလာတတ်ပါတယ်။

ကလေးအသက်တစ်နှစ်အထက်ကလေးများ

ကလေးအိပ်ချိန်များသည် ကလေးဖျားနာခြင်းကြောင့် ပြောင်းလဲတာမျိုး ရှိပါတယ်။ ကလေးငယ်များသည် ညဘက်အိပ်ပြီး တခါတရံ မနက် ၃ နာရီတွင် လန့်နိုးတတ်ပြီး တညလုံးလည်း ကစားတတ်ပါတယ်။

အိပ်ခြင်းသည် ကလေးအသက်လငယ်စဉ်နှင့်အသက်အရွယ်လိုက်အရေးကြီးပါတယ်။ ကလေးငယ်စဉ် ကလေးအသက် ကိုယ်ပူချိန်နှင့်အိပ်နေစဉ် သက်တောင့်သက်သာရှိရန် လိုအပ်ပါတယ်။အများအားဖြင့်အိပ်နေစဉ်ငိုခြင်းသည်အန္တရာယ်ရှိသော စိုးရိမ်စရာကိစ္စရပ်တစ်ခုတော့ မဟုတ်ပါ။ ကလေးအိပ်သည့် ပုံစံထူးခြားစွာ ပြောင်းလဲမှုရှိခဲ့လျှင်အိပ်နေစဉ်ငိုခြင်းကို သေချာရှာဖွေသင့်ပါတယ်။

Dr.Pyae Shin


#ကလေးငယ်
#အိပ်ချိန်
#ကလေး
#အငို
#ခြင်း

Some text some message..