အချစ်ရေးတစ်ခုတည်ေ်ဆာက်ထားပြီးဆိုရင် ဘယ်သူမဆိုကိုယ့်ကိုအချစ်စစ်နဲ့ ချစ်တာကိုပဲ လက်ခံချင်ကြတာအမှန်ပါပဲ။ ကိုယ်က စိတ်ရင်းအမှန်နဲ့ချစ်ပြီး သူ့ဘက်က ကိုယ့်ကိုအပျော်တွဲခံရတာက ခံရအခက်ဆုံးဖြစ်ပါတယ်။ ဒါကြောင့်အခုပြောပြပေမယ့်အရာတွေကအမှန်တကယ်အချစ်စစ်နဲ့ ချစ်တဲ့သူတွေ ပြုလုပ်တတ်တဲ့အပြုအမူတွေပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်ချစ်သူက ဒီအချက်တွေနဲ့ ကိုက်ညီလားဆိုတာကို တိုက်ကြည့်လိုက်ပါနော်။
၁။အနားမှာနေရရင် ပျော်ရွှင်ရယ်မောနေခြင်း
သင့်ကိုအတည်တွဲတဲ့ ယောကျာ်းဟာ သင့်အနားမှာ ရှိရတဲ့အချိန်တွေမှာ ပျော်ရွှင်နေတတ်ပါတယ်နော်။ သင့်ကိုကြည့်ပြီး ပြုံးနေတတ်သလို ပျော်နေတတ်ပါတယ်။ ဟန်ဆောင်ပြီး ပျော်နေတာလား၊ တကယ်ပျော်နေတာလားဆိုတာကတော့ သိသာပါတယ်။ ဒါကြောင့် သင့်အနားမှာ ရောက်လာတာနဲ့ ပျော်ရွှင်ကြည်နူးနေတတ်သူဆိုရင်တော့ ဒါကသင့်ကိုအချစ်စစ်နဲ့ ချစ်ပြီးအတည်တွဲတာဖြစ်ပါတယ်။
၂။ သူ့ရဲ့အပြုအမူမှာပေါ်လွင်နေတယ်
ယောကျ်ားလေးတွေဟာ စကားအပိုတွေ၊ တီတီတာတာတွေ သိပ်မပြောတတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခံစားချက်ကိုအပြုအမူနဲ့ ဘယ်လိုဖော်ပြရမလဲ ဆိုတာကိုတော့ ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့်မို့လို့ သင့်ချစ်သူက သင့်ကို စကားလုံးလှလှတွေ ပြောချင်မှပြောမယ်။ ဒါပေမယ့် သူ့ရဲ့အမူအရာမှာ၊အပြုအမူမှာ ထင်ဟပ်နေတယ်ဆိုရင်တော့ သင့်ကိုအတည်တွဲနေတာဖြစ်ပါတယ်။
၃။ သင့်ပုံစံထက် သင်ရဲ့အတွင်းစိတ်ကို ပိုချစ်ခြင်း
သူဟာသင့်ကို ကောင်းကောင်းနားလည်တဲ့သူပါ။ သင့်အားသာချက်တွေကစလို့အားနည်းချက်အဆုံး၊ သင်နဲ့ပတ်သက်ရင်အရာအားလုံးကို နားလည်တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင့်ရဲ့အရှိကိုအရှိအတိုင်းလက်ခံပြီး သင်မဖြစ်ချင်တဲ့ပုံစံမျိုး၊ သင့်ပုံစံမဟုတ်တာမျိုးကိုအတင်းပြောင်းလဲခိုင်းဖို့ ဖိအားပေးမှာ မဟုတ်ပါဘူူး။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အပြင်ပန်းထက်အတွင်းစိတ်ကို ပိုချစ်တယ်ဆိုတာကို သိစေချင်လို့ပါ။
၄။ သင့်ကို နားလည်အောင်သင်ပြပေးနိုင်ခြင်း
သင်ဘယ်လောက်ဆိုးတယ်၊ သင့်မှာအားနည်းချက်တွေ၊ ပြစ်ချက်တွေဘယ်လောက်များလဲဆိုတာ သူကောင်းကောင်းသိပါတယ်။အကြောင်းရင်းကတော့ သင့်ရဲ့သရုပ်မှန်တွေအားလုံးကို သူ့ကိုသင်ပြခဲ့ပြီးဖြစ်ပါတယ်။
သင့်အကြောင်းအားလုံးကိုသိပြီး သင့်အားနည်းချက်တွေ၊အဆိုးဆုံးအခြေအနေတွေကို မြင်ပြီးတာတောင်မှ သင့်ကိုပစ်မသွားဘူးဆိုရင် သင့်ကိုအတည်တွဲနေတာဖြစ်ပါတယ်။