ပန်းလေးတွေကစကားပြောသောအချစ်ရေးဗေဒင်
weddingguide.com.mm
|
2019-08-24

ဒီနေ့မှာတော့ Myanmar Wedding Guide ပရိသတ်ကြီးအတွက် ပန်းလေးတွေကစကားပြောသော


အချစ်ရေးဗေဒင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


၁။ တနင်္ဂနွေသားသမီးများအတွက်အုန်းပွင့်



၂။ တနလာၤသားသမီးများအတွက် ကံ့ကော်



၃။အင်္ဂါသားသမီးများအတွက် ဇွန်



၄။ ဗုဒ္ဓဟူးသားသမီးများအတွက် ယင်းမာ



၅။ ကြာသပတေးသားသမီးများအတွက် ပိတောက်



၆။ သောကြာသားသမီးများအတွက် သစ်ခွ



၇။ စနေသားသမီးများအတွက် နှင်းဆီ



၈။ ရာဟုသားသမီးများအတွက် ဝါပွင့်


ပြီးလျှင် မိမိရဲ့ ယခုရောက်ဆဲအသက်ကိုတည်ကာ ၈ ဖြင့် စားရပါမည်။ ရလဒ်ကို မသုံးပဲ



အကြွင်းကိုသာ သုံးရပါမည်။အကယ်၍ ၈ ဖြင့်စားလို့ ပြတ်ပါက ၈ ကြွင်းသည်ဟု သတ်မှတ်ရပါမည်။



အပေါ်က မိမိအသက်ကို ၈ ဖြင့် စား၍ပြတ်သောအကြွင်းအတိုင်း ကိုယ့်မွေးနံကို ကိုယ်စားပြုတဲ့ ပန်းက စတင်ပြီး


နာရီလက်တံလည်တဲ့အတိုင်းအကြွင်းကုန်တဲ့အထိ ပန်းပွင့်ကို မှတ်ကာ ရေတွက်ရပါမည်။



ထိုပန်းပွင့်ကို မှတ်ပြီး မိမိရဲ့ ယခုလက်ရှိအချစ်ရေးကို ဖတ်သားနိုင်သည်။


ဥပမာ-အသက် ၁၇ နှစ်ရှိတဲ့အင်္ဂါသားကို တွက်လျှင် ၁၇ ကို ၈ ဖြင့်စားပါကအကြွင်း ၁ ကြွင်းမည်။


အင်္ဂါမွေးနံ ဇွန် ကို ထောက်၍ ရေတွက်သော် ဇွန်ပန်းသာ ကျသဖြင့် မိမိ၏ လက်ရှိအချစ်ရေးကို ဇွန်ပန်းတွင် ဖတ်နိုင်သည်။

<<<ASTROLOGERS (နက္ခတဗေဒပညာရှင်များ) (515) စာရင်းကိုရှာရန်>>>
အုန်းပွင့်ကလေးရဲ့ဟောကိန်း


ဒီနှစ်ထဲမှာအချစ်ရေးက ကံသိပ်မကောင်းပါဘူး။ ကိုယ်စွဲစွဲလန်းလန်းချစ်နေတဲ့သူက ကိုယ့်အချစ်ကို ဂရုမစိုက်ဘူး။


ကိုယ့်ရဲ့အကောင်းဆုံးလုပ်ရပ်ဟာ သူ့အတွက် ပျော်စရာလိုလို ဟာသလိုလို ဖြစ်နေတတ်ပါတယ်။


သူ့ကို ကိုယ့်ကချစ်နေမှန်းလဲ သူသိပါတယ်။ ဒါပေမဲ့ သူကကိုယ်ကို ချစ်လို့မရဘုူး ဖြစ်နေတယ်။ သူငယ်ချင်းထက် မပိုနိုင်ဘူး။


သူနဲ့ကိုယ်အကြားမှာ ထူးခြားတဲ့ သံယောဇဉ် ဆက်မနွယ်နိုင်ဘူး။


ကိုယ်စွဲလန်းတဲ့သူမှာ ချစ်သူရှိလို့ ဒါမဟုတ် စေ့စပ်ထားသူရှိလို့ပါ။


ဒါပေမဲ့အားမငယ်ပါနဲ့ မျှော်လင့်ခြင်းဆိုတာ သံယောဇဉ်သမားတွေရဲ့ ကျင့်ဝတ်တစ်ခုပဲ မဟုတ်ပါပဲလား။


ကံ့ကော်ပန်းကလေးရဲ့ဟောကိန်း


ကိုယ်ရဲ့လုပ်ရပ်လေးတွေဟာအလိုလိုနေရင်း နမည်ကြီးနေတတ်ပါတယ်။


ဒါကြောင့် ဒီနှစ်ထဲမှာ စန်းပွင့်နေတဲ့အတွက်အချစ်ရေးရာနဲ့ ပတ်သတ်ပြီး သောကကင်းဝေးရပါမယ်။


ချစ်သူနဲ့အတူ တွဲသွားတွဲလာရှိတာကြောင့် သာယာကြည်နူးရပါမယ်။ ချစ်သူဟာ ကိုယ့်ကိုအလိုလိုက်ပါမယ်။


ဒါပေမဲ့ တစ်ခါတစ်ခါတော့ စိတ်ကောက်တတ်တယ်၊အကြောင်းမရှိအကြောင်းရှာပြီးအပြစ်မရှိအပြစ်ရှာ တတ်ပြီး စိတ်ကောက်တာမျိုးပေါ့။


သတိထားစရာကတော့ ရေကန်နား မြစ်ကမ်းနံဘေးမှာ သွားမထိုင်ပါနဲ့။


မမျှော်လင့်တဲ့အန္တရာယ်ကြုံရတတ်ပါတယ်။ ချစ်သူက ကိုယ့်ကိုအဖိုးတန်လက်ဆောင်ပေးတတ်ပါတယ်။


အဲဒီပစ္စည်းတွေဟာအမှတ်တရသိမ်းထားဖို့ သင့်လျော်တဲ့အတွက် ဝမ်းသာရမယ်။


ဇွန်ပန်းကလေးရဲ့ ဟောကိန်း


ယောင်္ကျားလေးဆို မိမိကို မကြည်ဖြူသော မိန်းကလေး မိန်းကလေးဆို မိမိကို မကြည်ဖြူသော ယောကျာၤလေးကြောင့်အချစ်သောကပွားရတတ်ပါတယ်။


ချစ်ခရီးရဲ့အနှောင့်အယှက်တွေကို ဒီနှစ်ထဲမှာ ခဏခဏကြုံတွေ့ရမယ်။


အဲဒီအနှောင့်အယှက်တွေကြောင့် ချစ်သူက ကိုယ့်ကိုအပြစ်မြင်မယ်။


ဖြေရှင်းလို့ မရတဲ့ပြဿာနာကြောင့် ကိုယ်ကမှန်ရဲ့သားနဲ့ ရေငုံနှုတ်ပိတ်နေရမယ်။


ကိုယ့်ရဲ့ တခြားပြဿနာတွေကြောင့် ချစ်သူကို စိတ်မကြည်စရာဖြစ်နေမယ်။


ဒီကြားထဲမှာအကြောင်းအမျိုးမျိုးကြောင့် ကိုယ့်က ချစ်သူရဲ့အလိုဆန္ဒကို မဖြည့်ဆည်းနိုင်တာကြောင့် သောကပိုပြီးပွားရတတ်ပါတယ်။


နောက်ဆုံးမှာ သူနဲ့ကိုယ်က လမ်းခွဲရတတ်ပါတယ်။ ချစ်သူရဲ့အမုန်းဒဏ်ကြောင့် ချစ်ဝေဒနာလေးတွေ ခံစားရတတ်ပါတယ်။


ယင်းမာပန်းကလေးရဲ့ ဟောကိန်း


ဒီနှစ်ထဲမှာ ချစ်ရမယ့်သူနဲ့ တွေ့ကြုံနိုင်ပါတယ်။ သူဟာ ကိုယ့်အိမ်ရဲ့အရှေ့တောင်ရပ်က ဖြစ်ဖို့များပါတယ်။


ပြီးတော့ သူဟာကိုယ့်ကို သာယာချမ်းမြေ့မှု ပေးစွမ်းနိုင်မယ့် သူလို့ ယူဆနိုင်ပါတယ်။


အထူးသဖြင့် သူဟာအလှအပကို ကြိုက်နှစ်သက်သူပါ။ ချစ်သူရှိပြီးသားသူတွေအဖို့တော့ ဘာမှ ထူးထူးခြားခြား မကြုံရပါဘူး။


သာယာချမ်းမြေ့တဲ့အချိန်ကလေးပါ။


ဒါပေမဲ့ တစ်ချိန်ကချစ်ခဲ့သူ တစ်ယောက်ယောက်တော့ ရှိရင်တော့ သူရဲ့ စွမ်းဆောင်မှုကြောင့် သောကပွားရတတ်ပါတယ်။


ယခုချစ်သူက သဘောထားကြီးလို့ တော်ပါသေးတယ်။


နှင်းဆီပန်းကလေးရဲ့ ဟောကိန်း


ယောကျာၤလေးဆို မိန်းကလေးတွေနဲ့အစေးမကပ်တဲ့နှစ် မိန်းကလေးဆို ယောကျာၤလေးတွေနဲ့အစေးမကပ်တဲ့ နှစ်ပေါ့။


ပြောရရင်အချစ်ရေးကို စိတ်မဝင်စားသော နှစ်ပေါ့။အချစ်ကို သာယာခုံမင်တာထက် ငြီးငွေ့စိတ်က ပိုများနေတယ်။


အချစ်နဲ့ ပတ်သတ်ပြီး စိတ်ကူးမယဉ်ချင်တော့တာပါ။


ဒါပေမဲံ့ ယောကျာၤးလေးဆို မိန်းကလေး မိန်းကလေးဆို ယောကျာၤလေးတွေနဲ့ ပတ်သတ်တဲ့ စိတ်ညစ်စရာတွေ ကြုံရအုံးမှာပါ။


သူများတွေရဲ့ နှလုံးသားကိစ္စတွေ ပြဿနာတွေကြားမှာ ကိုယ်ကဓားစာခံ ဖြစ်နေတတ်ပါတယ်။


ကိုယ်က သံယောဇဉ်ကင်းအောင် နေနိုင်ပေမယ့် သံယောဇဉ်မကင်းနိုင်သူတွေကြောင့် ပိုပြီး စိတ်ညစ်ရပါမယ်။


ဒါတွေကြောင့်အချစ်ရေးကို စိတ်ကုန်လာပါမယ်။


ပိတောက်ပန်းကလေးရဲ့ ဟောကိန်း


အချစ်နဲ့ပတ်သတ်ပြီး ပျော်စရာကောင်းမယ့်အချိန်ပါ။


ချစ်သူနဲ့ စိတ်ထားချင်း တူညီနေပြီး စိုးရိမ်ကြောင့်ကြကင်းကာ သာယာကြည်နူးနေရပါမယ်။


ချစ်သူက ကိုယ့်ကိုအလိုလိုက်ပါမယ်။ ချစ်သူက ကိုယ့်လုပ်ဆောင်တဲ့ကိစ္စတွေမှာ ပါဝင်ကူညီဆောင်ရွက်ပါမယ်။


သူထံကလည်းအဖိုးတန်လက်ဆောင်တွေ ရပါမယ်။


ချစ်သူမဖြစ်သေးလို့ကတော့ ကိုယ်စွဲလန်းနေတဲ့ သူထံကနေ ခေါင်းညိတ်စကားကြားရပါမယ်။


ချစ်သူဟာ ကိုယ့်ရဲ့အလိုကို လိုက်လွန်းသောကြောင့်အသိတရားတော့ရှိပါ။


ချစ်သူအပေါ် စောင့်ထိန်းရမယ့် သိက္ခာကို စောင့်ထိန်းပါ။


မစောင့်ထိန်းရင်တော့အချစ်နယ်ကျွံပြီး စိတ်ညစ်ရပါမယ်။


ကိုယ်က ထိန်းသိမ်းသော်လည်းပဲ တခြားမိန်းကလေးတွေရဲ့အဖျက်စကားကြောင့် ဒုက္ခရောက်တတ်ပါတယ်။


ဆင်ဆင်ခြင်ခြင် နေရင်တော့အချစ်ရေးမှာ ပျော်ရွင်စရာတွေပဲ ကြုံရပါမယ်။


ဝါပွင့်ကလေးရဲ့ ဟောကိန်း


ချစ်သူက ကိုယ့်ကိုအဆိုုးမြင်နေပါမယ်။ သံသယလည်း ဝင်နေမယ်။


သူ့ဆီက မျှော်လင့်ချက်တစ်ခုကြောင့် ဟန်ဆောင်ပြီး ချစ်နေတယ်လို့ ထင်ပါမယ်။


ဒီတော့ သူက နာကျည်းနေမယ်။


ကိုယ့်က မဖြေရှင်းနိုင်တဲ့ပြဿနာတွေ ဒါမဟုတ် သူမကြိုက်တာတွေ ကျုးလွန်လို့ပဲဖြစ်စေ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ပြီး မုန်းတတ်ပါတယ်။


ကိုယ်မှာကလည်းအဆင်မပြေစရာတွေ စိတ်ညစ်စရာတွေကြောင့် သူရဲ့ပြစ်တင်ပြောဆိုမှုကို မခံနိုင်ပဲအတိုက်အခံတွေဖြစ်ကာလမ်းခွဲသွားရတတ်ပါတယ်။


ချစ်သူဆီကအဖြေတောင်းထားတဲ့သူတွေကတော့ စိတ်မချမ်းတဲ့အဖြေပဲရပါမယ်။


သူဟာ ကိုယ့်စကားတွေ မယုံကြည်သေးလို့ ဒါမှမဟုတ် ကိုယ့်ရဲ့အားနည်းချက်ကြောင့်အထင်သေးကာ မချစ်ဝံ့တာဖြစ်ပါတယ်။


သစ်ခွပန်းကလေးရဲ့ ဟောကိန်း


ကိုယ့်ချစ်နေတဲ့သူဆီကနေ ချစ်စကားအဖြေပေးရနိုင်သလို မိန်းကလေးတွေအနေနဲံ့ ကိုယ့်စိတ်ဝင်စားသူနဲ့ ခင်မင်ရင်းနှီပြီး ချစ်စကားပြောလာတာကို ကြားရပါမယ်။


ဒီအချိန်ဟာ ချစ်သူနှစ်ဦးအဖို့ ပျော်စရာတွေပြည့်နှက်နေတဲ့အချိန်ဖြစ်ပါတယ်။


လက်ထက်ဖို့စီစဉ်နေတဲ့သူတွေအတွက် ဒီနှစ်ထဲမှာ ဘာအနှောင့်အယှက်ရှိရှိ လက်ထက်ဖို့အောင်မြင်မှာ သေချာပါတယ်။


ချစ်သူဘဝမှာအဆင်ပြေသလို တစ်ဘက်မှာလည်း လူမှုရေး၊ စီးပွားရေး၊ ပညာရေးမှာလည်းအောင်မြင်နိုင်ပါတယ်။


(ဥပမာ- စာမေးပွဲအောင်တို့ ရာထူးတက်တာတို့ နမည်ကြီးတာတို့ ဝမ်းသာစရာ တွေကြုံရမှာပါ။


သစ်ခွပန်းရဲ့ သဘောအတိုင်းအမြင့်မှာပွင့်တဲ့ ပန်းဖြစ်တဲ့အတွက်အချစ်ရေးမှာအေးချမ်းသာယာမှုအထွက်အထိပ်သို့ ရောက်မှာ မလွဲပေ။


source: ယတြာကောင်းများစုစည်းရာ

Myanmar Wedding Guide

#ဟောကိန်း
#ချစ်သူ
#အချစ်
#ဇွန်ပန်း
#သားသမီး

Some text some message..