နှင်းဆီပန်းအရောင်နှင့် သူတို့ရဲ့အဓိပ္ပါယ်များ
popolay.com
|
2019-08-26

ပရိတ်သတ်ကြီးရေအရောင်မတူတဲ့ နှင်းဆီပွင့်တွေအများကြီးကို မြင်ဖူးကြတယ်မဟုတ်လား။ ဘယ်အရောင်ကတော့ဖြင့် ဘယ်လိုအဓိပ္ပါယ်ကို ဆောင်ကျဉ်းတယ်ဆိုတာကိုရော သိပြီးကြပြီလား? များပြားလှတဲ့ နှင်းဆီပွင့်တွေမှာ ဘယ်အရောင်ကတော့ဖြင့် ဘယ်လိုအဓိပ္ပါယ်သက်ရောက်တယ်၊ မိမိချစ်နှစ်သက်သူကို ပေးရင် ဘယ်အရောင်က ဘယ်လို ရည်ညွှန်းတယ်ဆိုတာ သိဖို့ ပိုပိုလေးနဲ့အတူ လိုက်ပါစီးမျောလိုက်ရအောင်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<


အနီရောင် နှင်းဆီ




အနီရောင်နှင်းဆီဟာ ချစ်ခြင်းမေတ္တာကို ဆောင်ကျဉ်းပါတယ်။ ‘အချစ်ရဲ့ သင်္ကေတ’ ‘ရိုမန်တစ်’ စိတ်ကူးယဉ်ဆန်ခြင်းရဲ့ သင်္ကေတလို့ တင်စားခေါ်ဝေါ်ကြပါတယ်။


ပန်းနုရောင် နှင်းဆီ




ပန်းနုရောင် နှင်းဆီကတော့ လေးစားခြင်း၊ မြတ်နိုးခြင်း၊ ဝမ်းမြောက်ခြင်း တို့ကိုကိုယ်စားပြုဖော်ပြပါတယ်။ ဒါ့အပြင် ပန်းနုရောင် နှင်းဆီပွင့်ကို ချိုမြိန်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကျက်သရေအဖြာဖြာ ပြည့်စုံခြင်းဆိုပြီး တင်စားကြပါသေးတယ်။


အဝါရောင် နှင်းဆီ




အဝါရောင် နှင်းဆီကတော့ တောက်ပခြင်း၊ ပျော်ရွှင်ခြင်း၊ တက်တက်ကြွကြွရှိခြင်းလို့အဓိပ္ပါယ်ရပါတယ်။ ချစ်ခင်နှစ်သက်သူ တစ်ယောက်ယောက်ကိုအဝါရောင်နှင်းဆီပွင့်တွေ လက်ဆောင်ပေးခြင်းဟာ ပျော်ရွှင်ခြင်းတွေ၊တောက်ပတဲ့အနာဂတ်တွေ ပေးလိုက်တာနဲ့ တူတူပါပဲတဲ့။


အဖြူရောင် နှင်းဆီ




အဖြူရောင်နှင်းဆီဟာအပြစ်ကင်းစင်ခြင်း၊ စစ်မှန်ခြင်း၊ နှစ်လိုဖွယ်ကောင်းခြင်းတို့ကို ကိုယ်စားပြုပါတယ်။အဖြူရောင်နှင်းဆီကို ‘ဘဝသစ်စတင်ဖို့’ ကိုယ်စားပြုတဲ့အနေနဲ့ မင်္ဂလာပွဲတွေမှာအများဆုံးအသုံးပြုကြပါတယ်။အဖြူရောင်နှင်းဆီ ကို ‘တစ်စုံတစ်ယောက်ကိုအမှတ်ရခြင်း၊ တမ်းတခြင်း’အနေနဲ့လဲ ကိုယ်စားပြုဖော်ပြတဲ့အခါမျိုးမှာလဲအသုံးပြုကြပါတယ်။


လိမ္မော်ရောင် နှင်းဆီ




လိမ္မော်ရောင် နှင်းဆီက လိုအင်ဆန္ဒ၊တောင့်တမှု၊ စိတ်အားထက်သန်မှု၊ စိတ်လှုပ်ရှားပျော်ရွှင်မှု တွေကို ရည်ညွှန်းပါတယ်။ ချစ်ခင်နှစ်သက်တဲ့ တစ်စုံတစ်ယောက်ကို လိမ္မော်ရောင် နှင်းဆီပွင့်ပေးလိုက်တာဟာ “စိတ်လှုပ်ရှားပျော်ရွှင်မှု၊ လိုအင်ဆန္ဒတွေကိုအတူဝေမျှခံစားလိုတယ်” ဆိုတဲ့အဓိပ္ပါယ်သက်ရောက်ပါတယ်။


ခရမ်းပြာနုရောင် နှင်းဆီ




ခရမ်းပြာနုရောင် နှင်းဆီကိုအနောက်နိုင်ငံတွေမှာ Lavender rose လို့ခေါ်ကြပါတယ်။ Lavender rose ကို တစ်စုံတစ်ယောက်ကို ချစ်ခင်နှစ်သက်တဲ့အကြောင်း ပြောလိုတဲ့အခါမျိုးမှာအသုံးပြုလေ့ရှိပါတယ်။ ချစ်သူနဲ့ ခိုင်မာတဲ့ relationship ကို တည်ဆောက်ချင်တဲ့အခါမျိုးမှာလဲ Lavender rose ပေးတဲ့ ဓလေ့လေးတွေ ရှိကြပါတယ်။


လိမ္မော်ပန်းနုရောင် နှင်းဆီ




လိမ္မော်ရောင်ပေါ်မှာ ပန်းနုရောင်ပြေးပြေးလေးသန်းနေတဲ့ လိမ္မော်ပန်းနုရောင် နှင်းဆီပန်းကိုအနောက်နိုင်ငံတွေမှာ Salmon Rose လို့ ခေါ်ကြပါတယ်။


သခွားရောင် နှင်းဆီ




“သခွားရောင် နှင်းဆီ” ကိုအနောက်နိုင်ငံတွေမှာတော့ Peach Color Rose လို့ခေါ်ကြပါတယ်။ Peach Color Rose တွေကို တစ်စုံတစ်ယောက်ကို ‘ကျေးဇူးတင်ပါတယ်’ လို့ပြောချင်တဲ့အခါမျိုးမှာအသုံးပြုကြပါတယ်။


နို့နှစ်ရောင် နှင်းဆီ




“နို့နှစ်ရောင် နှင်းဆီ” ကိုအနောက်နိုင်ငံတွေမှာ Cream Color Rose လို့ ခေါ်ကြပါတယ်။ နို့နှစ်ရောင် နှင်းဆီကို ကျေးဇူးတင်တဲ့အကြောင်း ပြောချင်တဲ့အခါမျိုးတွေမှာအသုံးပြုကြပါတယ်။


အစိမ်းရောင် နှင်းဆီ




“အစိမ်းရောင် နှင်းဆီ” ဟာဆိုရင် “ရှင်သန်ခြင်း၊ ဘဝသစ်စတင်ခြင်း၊ စွမ်းအား” တို့ကို ကိုယ်စားပြုဖော်ပြပါတယ်။ “နုနယ်ပျိုမျစ်မှု၊ လန်းဆန်းတက်ကြွမှု” တို့ကိုလဲ ဆောင်ကျဉ်းပေးပါတယ်။

အခုဆိုရင် လူကြိုက်များတဲ့ နှင်းဆီပန်းအရောင်တွေနဲ့ပတ်သတ်လို့ ပရိတ်သတ်ကြီး နားလည်သဘောပေါက်လောက်ပြီထင်ပါတယ်။ ကိုယ်ပေးလိုက်တဲ့ နှင်းဆီပန်းအရောင်က ကိုယ့်ရဲ့ စိတ်နေသဘောထားကို ဖော်ပြနေတာကြောင့် ချစ်သူကို ပေးတဲ့အခါမျိုးမှာ ခံစားချက်နဲ့ထပ်တူကျတဲ့အရောင် မျိုး ရွေးချယ်တတ်ဖို့ကလဲအရေးကြီးပါတယ်။

(ပိုပိုလေး)


#နှင်းဆီ
#ပန်းနုရောင်
#နို့နှစ်ရောင်
#အရောင်
#အနောက်နိုင်ငံ

Some text some message..