သင့်ချစ်သူ ဂေးတစ်ယောက်ဖြစ်လား မဖြစ်လား သိနိုင်မယ့်အချက် ၄ ချက်
shwemom.com
|
2019-08-26

ယနေ့ခေတ်မှာ ကောင်မလေးတွေအနေနဲ့ ကိုယ့်ချစ်သူရည်းစားတွေကို စိတ်ပူနေရတဲ့အခြေအနေတစ်ခု တိုးလာပြီလို့ ပြောလို့ရပါပြီ။ မိမိနဲ့တွဲနေတဲ့ ချစ်သူဟာ ဂေးတစ်ယောက်ဖြစ်သလား၊ မဖြစ်ဘူးလားဆိုတဲ့အခြေအနေတစ်ခုပါ။ ဒီလိုစိတ်ပူနေရမယ့်အခြေအနေတွေနဲ့အတူအောက်ပါအချက် ၄ ချက်နဲ့ ကိုယ့်ချစ်သူကောင်လေးတွေကို ဂေးတစ်ယောက် ဟုတ်လား၊ မဟုတ်လားဆိုတာကို စစ်ဆေးနိုင်ပါပြီ။


(၁) မိမိချစ်သူဟာ တခြားကောင်မလေးတွေကို မကြည့်ဘူး


ကောင်မလေးတွေအနေနဲ့ ကိုယ့်ချစ်သူက တခြားကောင်မလေးတွေကို မကြည့်ဘူး၊ မငေးဘူးဆိုရင် သိပ်သဘောကျလေ့ရှိပါတယ်။ မိမိ တစ်ယောက်တည်းကိုပဲ မျက်လုံးထဲမှာ ရှိနေတယ်၊အာရုံထဲမှာ ရှိနေတယ်လို့ ယူဆ တွေးတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုတခြားကောင်မလေးတွေကို မကြည့်တာဟာ ပုံမှန်အခြေအနေတော့ မဟုတ်ပါဘူး။


လေ့လာမှုတွေအရ ယောက်ျားလေးတွေအနေနဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ချိန်မှာ တခဏတော့ ကြည့်မိတတ်ကြတာ သဘာဝတစ်ရပ်လို့ဆိုပါတယ်။(အလွန်အကျွံ ငေးစိုက်ကြည့်တာမျိုးကတော့ တစ်မျိုးတစ်ဘာသာဖြစ်သွားပါပြီ။)ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ကိုယ့်ချစ်သူက တခြားမိန်းကလေးတွေကို ကြည့်တယ်ဆိုရင် သိပ်စိတ်ပူနေစရာတော့ မလိုတော့ပါဘူး။တကယ်လို့ ဘယ်တော့မှ တခြားကောင်မလေးတွေကို မကြည့်ဘူးဆိုရင်တော့ တစ်ခုခု လွဲနေပြီလို့ ပြောလို့ရပါပြီ။မိမိချစ်သူဟာ ကောင်မလေးတွေကို လုံးဝမကြည့်ရင်၊ ကြည့်ချင်စိတ်မရှိရင်တော့ သူ့မှာ ကြည့်စရာက တစ်ခုပဲရှိပါတော့တယ်။


(၂) ကောင်လေးတွေကို စိုက်ကြည့်တာ


Shutterstock/Fergus Coyle


မိမိချစ်သူ ကောင်လေးက မိမိမဟုတ်တဲ့ တခြားကောင်မလေးတွေကို လုံးလုံးကို မကြည့်တော့ဘူးဆိုရင် သူ့အနေနဲ့ ကြည့်စရာက ကောင်လေးတွေပဲ ရှိပါတော့တယ်။


မြွေမြွေခြင်း ခြေမြင်ဆိုသလိုပါပဲ။ ရိုးရိုးကောင်လေးတစ်ယောက်နဲ့ ဂေးကောင်လေးတစ်ယောက် ကွာခြားတာက ဂေးဖြစ်နေတဲ့ ကောင်လေးအချင်းချင်း ကြည့်လိုက်တာနဲ့ သူဟာ ဂေး ဟုတ်၊ မဟုတ် တန်းသိနိုင်ချေ ရာခိုင်နှုန်းများပါတယ်။ယောက်ျားလေးအချင်းချင်းစိတ်ဝင်စားတဲ့သူဆိုရင်အကြည့်လေးတစ်ချက်နဲ့တင် လုံလောက်ပါတယ်။


မိမိချစ်သူနဲ့အတူ လူများတဲ့နေရာတွေကိုအတူသွားလာတဲ့အခါ သူ့ရဲ့ မျက်လုံးအကြည့်တွေကို လိုက်ကြည့်သင့်ပါတယ်။ သူ့ဘေးနားက ခန္ဓာကိုယ်အချိုးအစားတောင့်တောင့်ယောက်ျားတစ်ယောက် ဖြတ်လျှောက်သွားတဲ့အခါ သူ့မျက်လုံးတွေရဲ့ နောက်ကို နောက်ယောင်ခံလိုက်ကြည့်နေသလိုမျိုးပေါ့။ သူ ဘယ်ကိုကြည့်နေတာလဲ၊ ဗလအဖုအထစ်တွေနဲ့ Six-Pack တွေကို ကြည့်နေတာလား ဒါမှမဟုတ် တခြားနေရာတွေကို ကြည့်နေတာဆိုတာမျိုးပေါ့။အင်္ဂလိပ်ဆိုရိုးတစ်ခုက မျက်လုံးဆိုတာ စိတ်တွေ ပြတင်းပေါက်တွေပါတဲ့။ သူတို့ဟာ ဘယ်တော့မှ မညာတတ်ပါဘူးတဲ့။


(၃) ဂေးတွေကိုအလွန်အကျွံမုန်းတီးတာ


တကယ်လို့ မိမိချစ်သူ ကောင်လေးဟာအကြောင်းမရှိ၊အကြောင်းရှာပြီး ဂေးတွေကိုအလွန်အမင်းအပြင်းအထန်မုန်းတီးနေတယ်ဆိုရင်လည်း သိထားသင့်တဲ့အခြေအနေတစ်ခုပါပဲ။များသောအားဖြင့် Straight ကောင်လေးတွေဟာ ဂေးဖြစ်နေတဲ့ သူတွေနဲ့ ပတ်သက်ပြီးအမြင်သဘောထား ရှင်းလင်းကြပါတယ်။ သူတို့နဲ့ မဆိုင်တဲ့ ကိစ္စတစ်ခုကို စိတ်မဝင်စားတတ်ကြသလိုပါပဲ။


ဒါပေမယ့် မိမိချစ်သူ ကောင်လေးက ဂေးတွေကိုအကြောင်းပြချက်မယ်မယ်ရရ မရှိ၊ ဂေးတွေနဲ့လည်း စကားပြောဆိုခြင်းလည်းမရှိ၊ ပတ်သက်မှုလည်း မရှိဘဲအကြောင်းမဲ့အလွန်မုန်းတီးနေခြင်းဟာ သူရဲ့ လိင်ဖြစ်တည်မှုအပေါ်မှာ ယုံကြည်စိတ်ချခြင်းမရှိလို့ပဲလို့ လေ့လာချက်တစ်ရပ်က ဆိုထားပါတယ်။Homophobia လို့ခေါ်တဲ့ လိင်တူချစ်သူများကိုအလွန်အမင်း မုန်းတီးခြင်းရောဂါရှိသူအများစုဟာ မိမိရဲ့ မွေးရာပါလိင်ဖြစ်တည်မှုအပေါ်မှာ ယုံကြည်မှုလျော့နည်းတတ်ပါတယ်။


(၄) သူ့ရဲ့ ဆိုရှယ်မီဒီယာသုံးတာကို သံသယရှိနေတဲ့အခါ


Pixabay/StockSnap


ကိုယ့်ချစ်သူကောင်လေးရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကို ဝင်ကြည့်လိုက်တဲ့အခါ သူနဲ့ Friends List ထဲက Friendအများစုဟာ ဂေးဖြစ်နေတဲ့သူတွေလည်း တွေ့ရတယ်။အဲဒီအကောင့်တွေက ကိုယ်နဲ့လည်း Friend လည်းမဟုတ်၊ သူတိုနဲ့ ကိုယ်နဲ့ကြားမှာလည်း mutaual friends လည်း မရှိဘူးဆိုရင် မိမိချစ်သူကို ပွင့်ပွင့်လင်းလင်း မေးသင့်ပါပြီ။ပိုပြိး ဆိုးတဲ့အခြေအနေကတော့ မိမိ မသိအောင်အကောင့်နောက်တစ်ခုဖွင့်ထားပြီးအသုံးပြုနေခြင်းပါ။ဒါဆိုရင်တော့ သင့်ချစ်သူက သင့်ကို မသိစေချင်တဲ့အကြောင်းအရာတွေ ရှိနေပြီလို့ သိထားသင့်ပါတယ်။


သူ့ရဲ့ ဒုတိယအကောင့်မှာတော့ ဂေးဖြစ်နေတဲ့သူတွေအပါအဝင်၊ Straight ဖြစ်နေတဲ့သူတွေချည်းပဲ ရှိနေတယ်ဆိုရင် သင့်ချစ်သူရဲ့အခြေအနေကို လက်သင့်ခံခိုင်းပြီးအနားယူခိုင်းသင့်ပါတယ်။အဆိုးဆုံးအခြေအနေကတော့ နီယွန်မီးချောင်းတွေပုံတွေတင်ထားတဲ့ ဂေးအချင်းချင်း Date လုပ်တဲ့ Website တွေ၊ FB Groups တွေထဲမှာ သင့်ချစ်သူရဲ့ Profile ကိုတွ့နေရတဲ့အချက်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာမှမဟုတ်ပါဘူးကွာ၊ ဒီအတိုင်း ရယ်ရလို့ လျှောက်ကြည့်တာပါလို့ပြောလာခဲ့ရင် မယုံမိဖို့ လိုပါတယ်။ ဘယ် Straight မှ ဒီလို Website တွေ၊ Group တွေထဲမှာ ရယ်စရာသွားမရှာလေ့မရှိကြပါဘူး။


Ye Yint Kyaw


#ဂေး
#ကောင်လေး
#ချစ်သူ
#မျက်လုံး
#အခြေအနေ

Some text some message..