သတို့သမီးလေးတွေအတွက် ယောက်ျားတစ်ယောက်နဲ့ ကိုယ်လက်နှီးနှောရတော့မယ့် မင်္ဂလာဦးညအတွက် ကြိုတင်ရင်ခုန် ကြောက်စိတ်၊ ရှက်စိတ်တွေ ရှိနေမှာအသေအချာပါပဲ။အထူးသဖြင့်အတူနေအတွေ့အကြုံ မရှိသေးတဲ့ သတို့သမီးလေးတွေဆို ပိုဆိုးတာပေါ့။
ဒါပေမယ့် ကိုယ့်ရဲ့ ပထမဦးဆုံး မင်္ဂလာဦးညကိုအခက်အခဲ၊အနှောင့်အယှက် မဖြစ်စေဘဲ ပျော်ရွှင်ရင်ခုန်လှိုက်မောစွာ ဖြတ်သန်းနိုင်ဖို့ကလည်းအရေးကြီးပါတယ်နော်။ ဒါကြောင့်အပျိုစင် သတို့သမီးလေးတွေ ကြိုတင်သိထား၊ ပြင်ဆင်ထားမယ့်အရာလေးတွေကို ပြောပြပေးချင်ပါတယ်။
၁။ မင်္ဂလာဦးညတိုင်းအတူနေကြတာ မဟုတ်ပါဘူး
တော်တော်များများက မင်္ဂလာဦးညကို ကြိုတင်ရင်ဖို စိတ်လှုပ်ရှားကြပေမယ့်အမှန်တကယ်အဲ့ဒိညမှာတော့ မင်္ဂလာပွဲကိစ္စနဲ့ပတ်သတ်ပြီး ပြန်လှန်ပြောတာ၊အလုပ်ရှုပ်ရင်း မနေဖြစ်ကြတာလည်း ရှိပါတယ်။ ဒါ့ကြောင့်အရမ်းကြီး ကြိုတင်စိတ်ဖိစီးမနေပါနဲ့။
၂။ စိတ်ကိုသက်သက်သာသာလျှော့ချထားပါ
စိတ်ကို တအားကြီးထိန်းချုပ်ဖိနှိပ်ခြင်းက သင်တို့နှစ်ဦးအတူနေတဲ့အခါအခက်အခဲတွေ ဖြစ်လာစေနိုင်ပါတယ်။ တတ်နိုင်သလောက် စိတ်ကို ဖြေလျှော့ထားပါ။ ဒါမှသာ လက်ထပ်ခြင်းရဲ့ ပထမဆုံးအရေးကြီးညလေးက သက်ဝင်လှပနိုင်မှာပါ။ (စိတ်ကိုဖြေလို့မရရင် ဝိုင်၊အရက် သောက်ပြီး ဖြေလျှော့ပေါ့ :P)
၃။အဆင်မပြေဖြစ်လည်းအိုကေပါတယ်
ဟုတ်ပါတယ်။ ပထမဦးဆုံး လိင်ဆက်ဆံတယ်ဆိုတာ စာထဲမှာဖတ်သလောက်၊ ဇာတ်လမ်းတွေထဲမှာမြင်သလောက်အဆင်ပြေ ချောမွေ့နိုင်မှာမဟုတ်ပါဘူး။ နည်းနည်းတော့ ခွတီးခွကျ နိုင်ပါလိမ့်မယ်။အဓိကက စိတ်ကို လျှော့ချထားပါ။ ပွင့်ပွင့်လင်းလင်း ရှိပါ။အဆင်မပြေဘူးဆိုပြီး စိတ်မပျက်လိုက်ပါနဲ့။ ပထမဆုံးမို့ပါ။ နောက်ဆိုရင်တော့အဆင်ပြေသွားပါလိ့မ်မယ်။
၄။အပျိုဆိုပေမယ့် သွေးမထွက်တာလည်း ဖြစ်နိုင်ပါတယ်
သင်ဟာအပျိုစင်တစ်ဦးဆိုပေမယ့် ပထမဦးဆုံးအကြိမ် လိင်ဆက်ဆံတဲ့အခါ သွေးမထွက်တာလည်း ဖြစ်နိုင်ပါတယ်။အမျိုးသမီး တစ်ဦးနဲ့ တစ်ဦးကတော့ မတူနိုင်ပါဘူး။ စက်ဘီးစီးခြင်း၊ မြင်းစီးခြင်းတွေ ပြုလုပ်တတ်တဲ့အမျိုးသမီးတွေက သွေးမထွက်တတ်ပါဘူး။ မင်္ဂလာဦးညမှာ သွေးမထွက်လို့ ပြဿနာရှာတတ်တဲ့ ဗဟုသုတမရှိ ခပ်တုံးတုံး ယောကျ်ားတွေက သိပ်မရှိတော့ပါဘူး။ ( ပျိုလား၊ မပျိုလား သူတို့တွေက ပိုသိပါတယ်)
၅။ နည်းနည်းတော့နာပါမယ်
ဒါကတော့ သေချာပါတယ်။ ပထမဆုံး တစ်ကြိမ်၊ နှစ်ကြိမ်မှာ နာကြင်မှု ရှိနိုင်ပါတယ်။ ဒါကိုအရမ်းမလန့်သွားပါနဲ့။ သွေးမထွက်ရင်တောင် နာကြင်မှုရှိမှာပါ။
၆။ ချောဆီအနည်းငယ်ဆောင်ထားပါ
နည်းနည်းတော့ နားရှက်စရာကောင်းပေမယ့် တစ်ခါတလေအမျိုးသားအင်္ဂါက မိန်းမကိုယ်ကို ထိုးသွင်းဖို့ မလွယ်ကူတဲ့အခါ ချောဆီအနည်းငယ်သုံးတာက နှစ်ယောက်စလုံးကို သက်သာမှု ရှိစေပါလိ့မ်မယ်။
၇။ Orgasm ရချင်မှရပါလိမ့်မယ်
ပထမဆုံးဖြစ်တဲ့အတွက် လိင်ဆက်ဆံရာမှာ စိတ်ခံစားမှုအထွဋ်အထိပ်ရောက်ခြင်းဆိုတဲ့ orgasm ကတော့ ရချင်မှ ရပါလိမ့်မယ်။ ခံစားမိချင်မှ ခံစားမိနိုင်ပါလိမ့်မယ်။ ဒါက ပထမဆုံးအကြိမ်မို့အရေးတော့ သိပ်မကြီးပါဘူး။ နာကြင်မှုကိုသာ စိတ်ထဲအရမ်းမထားဖို့ လိုပါတယ်။
၈။ ကိုယ်ဝန်ရနိုင်လို့အကာအကွယ်သုံးပါ
ပထဆုံးအတွေ့အကြုံနဲ့တင် ကိုယ်ဝန်ရနိုင်ခြေအရမ်းများပါတယ်။အကယ်၍ ကလေးယူဖို့အစီအစဉ် မရှိသေးဘူးဆိုလျှင်တော့အကာအကွယ်သုံးပါ။ (သို့) တားဆေးသောက်ပါ။
ဒီလောက်ဆိုရင်တော့အပျိုစင်သတို့သမီးတွေ သိထားသင့်သလောက် သိရပါပြီ။အခြားကြိုတင် ပြင်ဆင်သင့်တာကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုပါ။အထူးသဖြင့် မိန်းမကိုယ်တဝိုက်အမွှေးအမျှင် နှင့်အညစ်အကြေးများမရှိအောင် သန့်ရှင်းခြင်းများ ပြုလုပ်ထားလျှင်အကောင်းဆုံးပါပဲ။
ကဲ…ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာဦးညလေးကို ပိုင်ဆိုင်နိုင်ကြပါစေ..
CHAN (ရွှေအင်းလေး)