
ကမ္ဘာကျော်အမျိုးသမီး ရက်ပ်ပါ Nicki Minaj ဟာအနုပညာလောကကနေ နှုတ်ထွက်တော့မယ့်အကြောင်း သူမရဲ့ တွစ်တာစာမျက်နှာကနေအသိပေးကြေညာလိုက်ပါပြီ။ Nicki ဟာအယ်လ်ဘမ် (၅) ခွေထွက်ရှိခဲ့ပြီး ဟောလိဝုဒ်ရဲ့ ရောင်းအားအကောင်းဆုံးအမျိုးသမီး ရက်ပ်ပါတစ်ဦးဖြစ်ပါတယ်။ BBMAs (4) ဆု AMAs (6) ဆုအစရှိတဲ့ ဆုပေါင်းများစွာပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ပါတယ်။ သူ ဒီလိုဆုံးဖြတ်လိုက်ရတဲ့အကြောင်းအရင်းက ဘာဖြစ်မလဲ?
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
စက်တင်ဘာလ ၆ ရက်နေ့မှာပဲ Nicki Minaj သူမ တွစ်တာစာမျက်နှာမှာ ဒီလိုရေးသားထားပါတယ်။
“ကျွန်မအနုပညာအလုပ်တွေ ရပ်နားပြီး ပျော်ရွှင်တဲ့ မိသားစုဘဝလေးတည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ မင်းတို့ ဝမ်းသားပေးမယ်လို့ မျှော်လင့်မိပါတယ်။အမြဲအားပေးနေတာရော ဂရုစိုက်ပေးနေတာတွေအတွက်ပါ ကျေးဇူးတင်ပါတယ်။ ဘဝနဲ့ ထပ်တူချစ်ရပါတယ် ပရိတ်သတ်ကြီးရေ” ဆိုပြီးရေးသားထားပါတယ်။
ဒီမတိုင်ခင် Nicki ဟာ ချစ်သူ Kenneth Perry နဲ့ လက်ထပ်တော့မယ့်အကြောင်း Queen Radio မှာပြောပြဖူးပါတယ်။ Kenneth Perry ဟာ Nicki နဲ့ လက်ထပ်ဖို့ လိုင်စင်ရရှိထားပြီးဖြစ်ပါတယ်။ လာမယ့် ရက် (၈၀)အတွင်းမှာ နှစ်ဦးသဘောတူ လက်ထပ်ကြတော့မှာပါ။
အနုပညာအလုပ်တွေ ရပ်နားပြီး ပျော်ရွှင်တဲ့မိသားစုလေး တည်ဆောက်တော့မယ့် Nicki ရဲ့ ဆုံးဖြတ်ချက်ကို ပရိတ်သတ်ကြီး ဝမ်းပန်းတသာနဲ့ လက်ခံပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Ref:CNN
(ပိုပိုလေး)