
                                                                                                ၀ဆေးတွေသောက်နေပင်မဲ့ လူကပြည့်မလာပဲ မျက်နှာပဲကွက်ကြီးလာတဲ့သူတွေရှိကြတယ်မလား? 
ရတာမလို လိုတာမရဆိုတဲ့ လူတို့ရဲ့ သဘာဝအတိုင်းဝတဲ့မိန်းကလေးတွေကလည်းပိန်ဖို့အသည်းအသန်ကြိုးစားသလို ပိန်တဲ့မိန်းကလေေးတွကလည်း ဝတဲ့ကောင်မလေးတွေကိုကြည့်ပြီးကိတ်ချင်နေတတ်ကြပါတယ်။ ဝတဲ့သူတွေ ပိန်အောင်သောက်တဲ့ ဆေးတွေ၊ ကော်ဖီတွေနဲ့လက်ဖက်ခြောက်တွေမျိုးစုံထွက်ရှိပင်မဲ့ ပိန်တဲ့သူတွေအတွက်ကတော့ ဆေးဝါးက ထင်သလောက်မရှိပါဘူး။ 
                                                                                                
                                                                                                 ဒါပင်မဲ့ ပိန်တဲ့သူတော်တော်များများသောက်ကြတဲ့ ချက်ဆေး တစ်နည်းအားဖြင့် ဝဆေး တွေေတော့ ရှိပါတယ်။ ဒါကို သောက်ပြီးတစ်ချို့သူတွေက ပြည့်ပြည့်၀၀နဲ့ ဝလာကြသလို တစ်ချို့ ကျပြန်တော့လည်း တုတ်ရင်းက တုတ်ရင်းပါပဲ။ တစ်ချို့ကျပြန်တော့လည်း မျက်နှာကြီးပဲကွက်ဖောင်းလာပြီး တစ်ချို့ကျပြန်တော့ ဗိုက်ပဲ ပူလာတာမျိုးတွေရှိလာကြပါတယ်။ 
ဝဆေးက သောက်လိုက်တိုင်းမှာအရင်ကထက်ပိုပြီးအိပ်ချင်တတ်တဲ့ သဘောရှိပါတယ်။ ပိုပြီးတော့လည်းစားလာတယ်။ ဒါကြောင့်လည်း မျက်နှာပြည့်လာပြီး ဗိုက်ပူလာတာပါ။ ဒါပင်မဲ့ကိုယ်ကအဲ့လိုကြီးဝချင်တာမဟုတ်တော့ တော်တော်တော့အခက်တွေ့ကြမှာပါ။ 
ဆိုတော့ ဝဆေး သောက်တိုင်းထင်သလို ဖြစ်မလာတာဘာကြောင့်လဲ?  
ဓာတ်သဘောမတူလို့  
လူတစ်ယောက်နဲ့တစ်ယောက်က ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံခြင်းမတူသလို သွေးသားပြောင်းလဲမှုကလည်းတစ်ဦးနဲ့တစ်ဦးမတူနိုင်ပါဘူး။ ဒါကြောင့်ဒီတစ်ယောက်သောက်လို့အဆင်ပြေတယ်ဆိုရင်တောင် နောက်တစ်ဦးနဲ့က တည့်ချင်မှတည့်နိုင်မှာပါ။ ဝဆေးသောက်တာနဲ့ တစ်ထစ်ချ ကြီးဝလာလိမ့်မယ်လို့တော့ယုံကြည်ထားလို့မရတာမလို့ လူတော်တော်များများနဲ့အဆင်ပြေတယ်ထင်ရတဲ့ ဆေးကို ဝယ်ယူသုံးစွဲဖို့လိုအပ်ပါတယ်။  
မျိုးရိုးလိုက်  
လှချင်လို့ ပိန်ရာက ပြည့်လာဖို့ကြိုးစားတာမမှားပင်မဲ့ မျိုးရိုးထဲမှာအားလုံးက ပိန်ပိန်သေးသေးလေးတွေချည်းပဲဆိုရင်တော့လက်လျော့လိုက်တာကောင်းပါတယ်။ တစ်မျိုးလုံးက ပိန်သေးနေတာကို ကိုယ်ကတစ်အားကြိုးစားလို့မရပါဘူး။ ဒီလိုမျိုးရိုးလိုက်ခြင်းကို တော့ ကောင်းကောင်းလက်ခံထားနိုင်ဖို့လိုပါလ ိမ့်မယ်။  
သုံးစွဲပုံမှားယွင်းခြင်း  
တစ်ချို့က ဆေးကို သောက်ချင်တာပဲရှိတယ် နည်းနာမှန်အောင်မသောက်တတ်ကြပါဘူး။ တစ်ချို့ဆေးတွေက မနက်နိုးနိုးချင်းသောက်ရတာရှိသလို တစ်ချို့ဆေးတွေကတော့အိပ်ခံနီးသောက်အိပ်မှအာနိသင်ပေါ်တာမျိုးတွေရှိတတ်ပါတယ်။ ဒါကြောင့် မသောက်ခေင်မှာ ဘယ်လောက်ပမာဏကို ဘယ်နှစ်ရက်နဲ့ ဘယ်အချိန်တွေသောက်ရမယ်ဆိုတာကိုလည်းစနစ်တကျသိထားဖို့လိုအပ်ပါတယ်။ 
                                                                                                
                                                                                                 Unicode  
ဝဆေးတွေသောက်နေပင်မဲ့ လူကပြည့်မလာပဲ မျက်နှာပဲကွက်ကြီးလာတဲ့သူတွေရှိကြတယ်မလား? 
ရတာမလို လိုတာမရဆိုတဲ့ လူတို့ရဲ့ သဘာဝအတိုင်းဝတဲ့မိန်းကလေးတွေကလည်းပိန်ဖို့အသည်းအသန်ကြိုးစားသလို ပိန်တဲ့မိန်းကလေေးတွကလည်း ဝတဲ့ကောင်မလေးတွေကိုကြည့်ပြီးကိတ်ချင်နေတတ်ကြပါတယ်။ ဝတဲ့သူတွေ ပိန်အောင်သောက်တဲ့ ဆေးတွေ၊ ကော်ဖီတွေနဲ့လက်ဖက်ခြောက်တွေမျိုးစုံထွက်ရှိပင်မဲ့ ပိန်တဲ့သူတွေအတွက်ကတော့ ဆေးဝါးက ထင်သလောက်မရှိပါဘူး။ 
                                                                                                
                                                                                                 ဒါပင်မဲ့ ပိန်တဲ့သူတော်တော်များများသောက်ကြတဲ့ ချက်ဆေး တစ်နည်းအားဖြင့် ဝဆေး တွေေတော့ ရှိပါတယ်။ ဒါကို သောက်ပြီးတစ်ချို့သူတွေက ပြည့်ပြည့်ဝဝနဲ့ ဝလာကြသလို တစ်ချို့ ကျပြန်တော့လည်း တုတ်ရင်းက တုတ်ရင်းပါပဲ။ တစ်ချို့ကျပြန်တော့လည်း မျက်နှာကြီးပဲကွက်ဖောင်းလာပြီး တစ်ချို့ကျပြန်တော့ ဗိိုက်ပဲ ပူလာတာမျိုးတွေရှိလာကြပါတယ်။ 
ဝဆေးက သောက်လိုက်တိုင်းမှာ အရင်ကထက်ပိုပြီးအိပ်ချင်တတ်တဲ့ သဘောရှိပါတယ်။ ပိုပြီးတော့လည်းစားလာတယ်။ ဒါကြောင့်လည်း မျက်နှာပြည့်လာပြီး ဗိုက်ပူလာတာပါ။ ဒါပင်မဲ့ကိုယ်က အဲ့လိုကြီးဝချင်တာမဟုတ်တော့ တော်တော်တော့ အခက်တွေ့ကြမှာပါ။ 
ဆိုတော့ ဝဆေး သောက်တိုင်းထင်သလို ဖြစ်မလာတာဘာကြောင့်လဲ? 
ဓာတ်သဘောမတူလို့ 
လူတစ်ယောက်နဲ့တစ်ယောက်က ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံခြင်းမတူသလို သွေးသားပြောင်းလဲမှုကလည်းတစ်ဦးနဲ့တစ်ဦးမတူနိုုင်ပါဘူး။ ဒါကြောင့်ဒီတစ်ယောက်သောက်လို့အဆင်ပြေတယ်ဆိုရင်တောင် နောက်တစ်ဦးနဲ့က တည့်ချင်မှတည့်နိုင်မှာပါ။ ဝဆေးသောက်တာနဲ့ တစ်ထစ်ချ ကြီးဝလာလိမ့်မယ်လို့တော့ယုံကြည်ထားလို့မရတာမလို့ လူတော်တော်များများနဲ့အဆင်ပြေတယ်ထင်ရတဲ့ ဆေးကို ဝယ်ယူသုံးစွဲဖို့လိုအပ်ပါတယ်။ 
မျိုးရိုးလိုက် 
လှချင်လို့ ပိန်ရာက ပြည့်လာဖို့ကြိုးစားတာမမှားပင်မဲ့ မျိုးရိုးထဲမှာ အားလုံးက ပိန်ပိန်သေးသေးလေးတွေချည်းပဲဆိုရင်တော့လက်လျော့လိုက်တာကောင်းပါတယ်။ တစ်မျိုးလုံးက ပိန်သေးနေတာကို ကိုယ်ကတစ်အားကြိုးစားလို့မရပါဘူး။ ဒီလိုုမျိုးရိုးလိုက်ခြင်းကို တော့ ကောင်းကောင်းလက်ခံထားနိုင်ဖို့လိုပါလ ိမ့်မယ်။ 
သုံးစွဲပုံမှားယွင်းခြင်း 
တစ်ချို့က ဆေးကို သောက်ချင်တာပဲရှိတယ် နည်းနာမှန်အောင်မသောက်တတ်ကြပါဘူး။ တစ်ချို့ဆေးတွေက မနက်နိုးနိုးချင်းသောက်ရတာရှိသလို တစ်ချို့ဆေးတွေကတော့ အိပ်ခံနီးသောက်အိပ်မှ အာနိသင်ပေါ်တာမျိုးတွေရှိတတ်ပါတယ်။ ဒါကြောင့် မသောက်ခေင်မှာ ဘယ်လောက်ပမာဏကို ဘယ်နှစ်ရက်နဲ့ ဘယ်အချိန်တွေသောက်ရမယ်ဆိုတာကိုလည်းစနစ်တကျသိထားဖို့လိုအပ်ပါတယ်။