
စာဖတ်ရတာ ဝါသနာပါတဲ့တစ်ယောက်ယောက်နဲ့ချစ်သူဖြစ်ဖူးလား။ သူ့ဘဝရဲ့အချိန်တွေကို စာအုပ်တွေနဲ့ပဲ ကုန်ဆုံးနေတဲ့သူမျိုးလေ။ တစ်ခါတလေကျရင် သူ့စာအုပ်တွေလောက် ကိုယ့်ကို ဂရုမစိုက်ဘူးလို့ ခံစားမိပေမယ့် များသောအားဖြင့်တော့ စာဖတ်ဝါသနာပါသူတွေနဲ့ ချစ်သူဖြစ်တဲ့အခါအောက်ပါအကျိုးကျေးဇူးတွေကို ခံစားရလေ့ရှိပါတယ်။
(၁)။အကြံဉာဏ်ကောင်းတွေရတယ်
သူ့ဆီမှာ ပြဿနာတိုင်းကို ဖြေရှင်းဖို့အတွက်အဖြေတစ်ခုမဟုတ် တစ်ခု ရှိနေတတ်တယ်။ သူဖတ်ထားတဲ့ စာအုပ်တွေထဲက၊ ဒါမှမဟုတ် သူသိထားတဲ့အဖြစ်အပျက်တွေထဲကအတွေ့အကြုံတွေကိုအခြေခံပြီးအကြံဉာဏ်ကောင်းတွေ ပေးနိုင်ပါလိမ့်မယ်။ စာဖတ်တဲ့သူတွေရဲ့အားသာချက်တစ်ခုက ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိနေကြတာပဲဖြစ်ပြီးအဲဒီလို လူမျိုးတစ်ယောက် သင့်အနားမှာရှိနေပြီဆိုရင် သင့်ပြဿနာတွေ တော်တော်များများ ပြေလည်သွားမှာပါ။

LOGVINYUK YULIIA/Shutterstock
(၂)။ လူတွေကိုနားလည်တတ်တယ်
များသောအားဖြင့်တော့ စာဖတ်သူတွေက သူတို့ဖတ်ခဲ့တဲ့စာတွေကိုအခြေခံပြီး လူတွေကို နားလည်ကြည့်ဖို့ ကြိုးစားတတ်ကြတယ်။ စာဖတ်သက် ရင့်လေလေ သူတို့ရဲ့နားလည်နိုင်စွမ်းက ပိုပြီး မြင့်လာလေလေပဲ။ ဒီတော့ သူက သင့်ကိုနားလည်ပေးမယ့်သူတစ်ယောက်ဆိုတာ ပြောနေဖို့တောင်လိုမှမဟုတ်ပဲ သူ့ဆီကနေ နားလည်မှုအပြည့်အ၀ ရမှာပါ။

LOGVINYUK YULIIA/Shutterstock
(၃)။ စဉ်းစားဆင်ခြင်တတ်တယ်
ဒါကတော့ သင်လည်းသိမှာပါ။ စာဖတ်တဲ့သူတွေဆိုတာ ဘာမှမဖတ်တဲ့၊ မလေ့လာတဲ့သူတွေထက်တော့ စဉ်းစားဆင်ခြင်နိုင်စွမ်းမြင့်ကြတာပဲလေ။ ဒီတော့ စာချစ်သူတစ်ယောက်ကို ချစ်သူတော်ထားရပြီဆိုရင် သူ့ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကြောင့် သင်ပျော်ရမှာပါ။
(၄)။ ကိုယ်မသိတဲ့ဗဟုသုတတွေ သိရတယ်
သူဖတ်ထားတဲ့စာအုပ်တွေထဲကနေ ကိုယ်မသိတဲ့အကြောင်းအရာတွေ၊ ဗဟုသုတတွေကို သိခွင့်ရမယ်။ သင်က စာဖတ်ဖို့ ပျင်းသူတစ်ယောက်ဆိုရင်တောင် သင့်ချစ်သူပြောပြမယ့်အကြောင်းအရာတွေနဲ့တင် ဗဟုသုတတွေအများကြီးရမှာအသေအချာပေါ့။

VladisloveM/Shutterstock
Linn